ကလေးမွေးပြီးနောက် ဆံပင်ကျွတ်တာ သက်သာအောင် ဘာတွေလုပ်ဖို့လိုလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အရင်ကထက်ပိုထူလာပြီး တောက်ပြောင်လှပလာတာကို သတိထားမိကြမှာပါ။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ဘဲ ပုံမှန်ထက် ဆံပင်ပိုကျွတ်လာပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းက တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ လောက် ကျွတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဆံပင်မကျွတ်ကြပါဘူး။ အီစထရိုဂျင်ဟော်မုန်းများတာကြောင့် ဆံပင်ရဲ့ ကြီးထွားတဲ့အဆင့်မှာပဲ ရပ်နေလို့ ဆံပင် ကျွတ်တာနည်းပြီး ဆံပင်ထူလာစေပါတယ်။ ဒါပေမဲ့ မွေးပြီးမကြာခင်မှာတော့ အီစထရိုဂျင်ပမာဏ လျော့နည်းသွားတာကြောင့် ဆံပင်တွေက ကြီးထွားတဲ့အဆင့်ကနေ ရပ်တဲ့အဆင့်ကို ဆက်သွားပြီး ကျွတ်တဲ့အဆင့် ရောက်လာတာကြောင့် ကလေးမွေးပြီးတဲ့ မိခင်တွေဆံပင်ကျွတ်ကြတာပါ။ ဆံပင်အကျွတ်များတာက ကလေးမွေးပြီး ခြောက်လကနေ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။ ဆံပင် ကျွတ်တာ နည်းစေဖို့ဆိုရင်တော့ နေထိုင်မှုပုံစံပြောင်းလဲတာနဲ့ သဘာဝနည်းလမ်းတချို့ကို ပြုလုပ်နိုင်ပါတယ်။ သတိထားရ မှာက ကလေးအသက် […]

မီးဖိုချောင်ထဲက အစားအသောက်တွေနဲ့ ဝေဒနာတွေ ကုစားရအောင်

  ခံစားရတဲ့ တချို့ဝေဒနာတွေက သင့်အိမ်တွင်း မီးဖိုချောင်ထဲကရတဲ့ အစားအသောက်တွေနဲ့ပဲ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ ဘယ်လို အစားအသောက်တွေကို ဘယ်လိုအသုံးပြုပြီး၊ ဘာတွေဖြေရှင်းလို့ရနိုင်လဲဆိုတာကတော့ အောက်ပါအချက်တွေကိုကြည့်ပြီး လိုက်နာကြရအောင်။ ဒိန်ချဉ် ကုသခြင်း – ဝမ်းချုပ်ခြင်းနှင့် လေပွခြင်း ဒိန်ချဉ်ခွက်တစ်ခွက်စာ ဒါမှမဟုတ် ခွက်တစ်ဝက်စာ စားသုံးတာက ဝမ်းချုပ်တာနဲ့ လေပွတာတွေကို သက်သာစေပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဗက်တီးရီး ယားတွေပါဝင်ပြီး အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေကို အားဖြည့်ပေးပါတယ်။ မက်မွန်သီး ကုသခြင်း – ဆီးကျောက်တည်ခြင်း မက်မွန်သီးခြောက်ကနေ အမျှင်ဓာတ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ရရှိနိုင်ပြီး ဆီးထဲမှာ ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေ စုပုံတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တူနာငါး ကုသခြင်း – စိတ်ပိုင်းဆိုင်ရာခံစားမှုများ တူနာငါး ၃ အောင်စကနေ အိုမီဂါ-၃ အဆီ […]

စားလိုက်တဲ့အစားအစာနဲ့ ဓာတ်မတည့်တာ ဖြစ်လာတဲ့အခါ

စားသုံးလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ဖြစ်တာမျိုးကို တွေ့ဖူးမြင်ဖူးကြမှာပါ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထုတ်လုပ်တဲ့ ဓာတ်က ပြင်ပကဝင်လာတဲ့ ဓာတ်ကို တုံ့ပြန်တာကြောင့်ပါ။ ဂျုံ၊ မြေ ပဲ၊ ခရုကမာ၊ အသား၊ ပုစွန်၊ သကြား၊ ဂလူတန် စတာတွေနဲ့ ဓာတ်မတည့်တာ အများဆုံးဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တာဖြစ်တဲ့အခါ အများဆုံး တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေက အနီစက်ထွက်တာ၊ ပျို့အန်တာ၊ ယားယံတာ၊ အသက်ရှူကျပ်တာနဲ့ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းတွေက အစာနဲ့ဓာတ်မတည့်ဖြစ်တတ်သူတွေအတွက် ကုန်ကျမှုသက်သာပြီး လွယ်ကူထိရောက်တဲ့ အိမ်တွင်းနည်းလမ်းတွေပါ။ ငှက်ပျောသီး စားပါ ငှက်ပျောသီးက ဓာတ်မတည့်တာအတွက် အိမ်သုံးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အစာအိမ်နာတာ၊ အရေပြားမှာ အနီစက်ဖြစ်တာတွေကို ကာကွယ်၊ ကုသပေးနိုင်ပါတယ်။ နေ့စဉ် ငှက်ပျောသီးစားတဲ့အလေ့အကျင့်က အစားအသောက်ကြောင့် ဓာတ်မတည့်တာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သစ်သီးဖျော်ရည်သောက်ပါ ခန္ဓာကိုယ်က ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို […]

ကင်ဆာဖြစ်နိုင်ခြေနည်းအောင် မှီဝဲသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပြင် ကင်ဆာရောဂါအတွက်ပါ ကာကွယ်မှု ပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ ရှိလာပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဗီတာမင်များ ဗီတာမင် အေ၊ သိုင်ရာမင်း၊ ရိုက်ဗိုဖလေဗင်၊ နိုင်ယာစင်၊ ဗီတာမင်B6၊ ဗီတာ မင်B12၊ ဗီတာမင် C၊ ဗီတာမင်K၊ ဗီတာမင် E၊ ဗီတာမင်D၊ ဖောလစ်အက်စစ်၊ ပန်သိုသဲနစ်အက်စစ်၊ ဘိုင်အိုတင်။ သတ္တုဓာတ်များ ကယ်လ်စီယမ်၊ ခရိုမီယမ်၊ သွပ် ဓာတ်၊ အိုင်အိုဒင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ ဆိုဒီ […]

ကင်ဆာဖြစ်နိုင်ခြေ နည်းအောင် မှီဝဲသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့အပြင် ကင်ဆာရောဂါအတွက်ပါ ကာကွယ်မှုပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ရှိလာပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဗီတာမင်များ ဗီတာမင် အေ၊ သိုင်ရာမင်း၊ ရိုက်ဗိုဖ လေဗင်၊ နိုင်ယာစင်၊ ဗီတာမင်B6၊ ဗီတာ မင်B12၊ ဗီတာမင် C၊ ဗီတာမင်K၊ ဗီတာမင် E၊ ဗီတာမင်D၊ ဖောလစ်အက်စစ်၊ ပန်သိုသဲနစ်အက်စစ်၊ ဘိုင်အိုတင်။ သတ္တုဓာတ်များ ကယ်လ်စီယမ်၊ ခရိုမီယမ်၊ သွပ်ဓာတ်၊ အိုင်အိုဒင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ ဆိုဒီယမ်၊ ဇင့်ဓာတ်။ အင်တီအောက်ဆီးဒင့်နှင့် ကင်ဆာကာ […]

အာခေါင်ယားပြီး ချောင်းဆိုးတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ

တစ်ခါတစ်ရံမှာ အာခေါင်ယားပြီး ချောင်းဆိုးတာမျိုး သင်လည်း ကြုံဖူးမှာပါ။ အာခေါင်ယားတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ပိုဆိုးတာက အိပ် ချိန်မှာ အာခေါင်ယားတဲ့အခါ ချောင်းထဆိုးတာကြောင့် အိပ်ရေးပျက်စေပါတယ်။ ဖြစ်စေသောအကြောင်းရင်းများ အာခေါင်ယားယံရတဲ့ အဓိက အကြောင်းရင်းက အစားအသောက်ကြောင့် ဖြစ်ရတာများပါတယ်။ တချို့လည်း ဓာတ်မတည့်စေတဲ့အရာတွေကြောင့် ဖြစ် တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဖြစ်ရတာများပါတယ်။ ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ အာခေါင်ယားယံတာဖြစ်တဲ့အခါ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါက သက်သာနိုင်ပါတယ်။ ဆားရေနွေးက ပိုးသတ်အာနိသင်ရှိပြီး နူးညံ့မှုကိုဖြစ်စေ တာကြောင့် အာခေါင်ယားယံတာကို သက်သာစေပါတယ်။ ရေနွေးတစ်ဖန် ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီး ပလုတ်ကျင်းနိုင်ပါတယ်။ ရေခဲရေသောက်ပါ အာခေါင်ယားယံနေတဲ့အခါ ရေခဲ ရေသောက်ပေးတာက ခဏတာ သက် သာစေပါတယ်။ ရေခဲရေသောက်လိုက်တဲ့ အခါ အာခေါင်ယားအောင် […]

အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ ဘာတွေ ဖြစ်လာတတ်လဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလိုမျိုး သွေးကြောထဲမှာ စီးနေတဲ့သွေးတွေက သန့်စင်မှုမရှိတော့ရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ် ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ကေ ပြည့်ဝစွာပါဝင်ပြီး သွေးကြောတွေ မာကျောမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာပါဝင်တဲ့ ဗီတာ မင်နဲ့ အင်တီအောက်ဆီးဒင့်တွေက မကောင်းတဲ့ကိုလက်စထရောအဆီတွေ ဓာတ်တိုးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ စားသုံးတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးဖိအားပုံမှန်ဖြစ်တဲ့အခါ သွေးကြောတွေအပေါ် သက်ရောက်မှု နည်းသွားတာကြောင့် သွေးကြောတွေ ပျက်စီးမှုမှလည်း ကာကွယ်ပေးပါတယ်။ ပင်ပွား မန်ကျည်းဖျော်ရည်၊ ကျောက်ကျော ဖျော်ရည်သောက်တဲ့အခါ ထည့်သောက်တတ်တဲ့ ပင်ပွားက နှလုံးကျန်းမာစေတဲ့ အစာပါ။ အမျှင်ဓာတ်၊ အယ်လ်ဖာလီနို လန်းနစ်အက်စစ်တွေပါဝင်လို့ […]

အသက်ကြီးလာသူတွေမှာ အိပ်ချိန်တွေ လျော့မသွားရလေအောင် ဘယ်အရာတွေက ကျဆင်းစေတာလဲ

အိပ်စက်အနားယူတာဟာ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုအတွက်ပါ အရေးကြီးတဲ့ထောက်တိုင်တစ်ခုဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီးဂရုစိုက်ဖို့လိုအပ် လာပါတယ်။ လူတစ်ယောက်အသက်ကြီးလာတဲ့အချိန်မှာ အိပ်စက်တဲ့ပုံစံတွေပြောင်းလဲလာပါတယ်။ ညနေဘက်အစောကြီး အိပ်ငိုက်နေတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ၊ မနက်ဆိုရင်လည်း အစောကြီးနိုးနေတာမျိုးတွေကိုကြုံတွေ့ရတာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမဲ့ အိပ်မပျော်တဲ့ပြဿနာတွေဟာ ဆက်တိုက်ဖြစ် လာတာ၊ မနက်အိပ်ရာနိုးလာတဲ့အချိန်မှာ လန်းလန်းဆန်းဆန်း မရှိတာမျိုးတွေကတော့ ပုံမှန်တွေ့နေကျအိပ်မပျော်တဲ့ ပြဿနာတွေ မဟုတ်တော့ပါဘူး။ လူတစ်ယောက်အဖို့ အသက်ကြီး ကြီးငယ်ငယ်၊ အမျိုးသား အမျိုးသမီးမရွေး ကောင်းစွာအိပ်စက်နိုင်တာဟာ အရေးကြီးတဲ့ အလေ့အထကောင်းတစ်ခု ဖြစ်ပါတယ်။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာဟာ လူတစ်ယောက်ရဲ့ အာရုံစိုက်နိုင်စွမ်းရည်နဲ့ မှတ်ဉာဏ်ကို ပိုမိုဖွံ့ဖြိုးစေပါတယ်။ နေ့အချိန်မှာ ပျက်စီးသွားတဲ့ဆဲလ်အမျိုးမျိုးကို ပြန်လည်ပြုပြင်နိုင်သလို ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်လာစေကာ ကူးစက်ရောဂါတွေကိုကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဆရာဝန်တွေဟာ လူနာတစ်ယောက်ရဲ့ရောဂါကို ခြေရာခံလိုက်တဲ့အချိန်မှာ ကောင်းကောင်းအိပ်ပျော်ရဲ့ လားဆိုတာကို အမြဲတမ်းထည့်မေးဖြစ်ကြ ပါတယ်။ […]

ခန္ဓာကိုယ်အတွင်း ပရိုတင်း အာဟာရ ချို့တဲ့ခဲ့ရင်

ပရိုတင်းက အမိုင်နိုအက်စစ်တွေနဲ့ပြုလုပ်ထားတဲ့ အာဟာရဓာတ်ဖြစ်ပြီး ကြွက်သားထု တည်ဆောက်ဖို့အတွက် လိုအပ်ပါတယ်။ သူက ကြွက်သားထုတွေကိုထိန်းသိမ်းဖို့နဲ့ ပြန်လည်ပြုပြင်နိုင်ဖို့သာမက ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးပြီး ဟော်မုန်းကို ထိန်းချုပ်ပေးပါတယ်။ ဓာတုတုံ့ပြန်မှုကောင်းအောင် အင်ဇိုင်းလိုပြုမူပြီး ရောဂါတွေအတွက်လည်း ဒိုင်းလို ကာကွယ်ပေးပါတယ်။ ပရိုတင်းကို လုံလောက်စွာ မရရှိခဲ့ရင် အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ကြွကက်သားထုဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ပရိုတင်းဓာတ်လိုအပ်နေတဲ့အတွက် အားနည်းတာ၊ မောပန်း တာနဲ့ ကြွက်သားဆုံးရှုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ ပရိုတင်းဓာတ်လျော့ နည်းလာတဲ့အခါမှာ အရိုးကြွက်သားတွေဆီမှ ပရိုတင်းကို ထုတ်ယူသုံးစွဲတာကြောင့် အချိန်ကြာလာတဲ့အခါမှာ ကြွက်သားထုလျော့နည်းလာပြီး အားနည်းတာ၊ မောပန်းတာ တွေ ဖြစ်လာနိုင်ပါတယ်။ ခုခံအားစနစ် ကျဆင်းနိုင်ပါတယ်။ ပရိုတင်းချို့တဲ့တာကြောင့် ဖျားနာနိုင်ပါတယ်။ ပရိုတင်းက ခုခံအားစနစ်အတွက် လိုအပ်ပြီး ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားတွေကို တွန်းလှန်နိုင်ပါတယ်။ ဒါ့ပြင် ခုခံအားဆဲလ် […]

သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် သတိပြုစားသင့်တဲ့ အစားအစာတွေ

သွားနဲ့ခံတွင်း ကျန်းမာအောင် တစ်နေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်တာ၊ သွားကြားပွတ်ကြိုး အသုံးပြုတာ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ စတာတွေ လုပ်ရုံ နဲ့ လုံလောက်ပြီလို့ သင်ထင်နေပါသလား။ အစားအသောက်တွေကလည်း သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်နိုင်တာတွေ ရှိပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အောက်ပါအစားအစာ ၇ မျိုးကို ဘာကြောင့် ရှောင်ကြည်သင့်တာလဲဆိုတာ လေ့လာကြည့်ရအောင် . . . နေကြာစေ့ ကိုက်ခြင်း နေကြာစေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အာနိသင်တွေ များစွာပါရှိပါတယ်။ ဒါပေမဲ့ နေကြာစေ့အခွံကမာ ကျောတာကြောင့် သွားတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်း ဆရာဝန်တွေက နေကြာစေ့ စားမယ်ဆို ရင် အခွံနွှာပြီးသား နေကြာစေ့တွေ ဝယ်စားဖို့ အကြံပြုတာ ဖြစ်ပါတယ်။ ခံတွင်းနံ့သင်း သကြားလုံးစားခြင်း သွားနဲ့ […]