ဆရာဝန်တွေ စမ်းသပ်မှုနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ (၂)

တစ်ခုခုနာမကျန်းဖြစ်ရင် ဆေးခန်း အရင်သွားရပါမယ်။ အရွယ်ရောက်ပြီးသူ တိုင်းလိုလို ဆေးခန်းမှာ ဆရာဝန်ပြ ဖူးကြမှာပါ။ ဆေးခန်းပြတဲ့အခါ ဆရာဝန် တွေအနေနဲ့ နားကြပ်နဲ့ထောက်နား ထောင်တာတို့၊ ၀မ်းဗိုက်ကိုနှိပ်စမ်းတာ တို့၊ လက်ကောက်ဝတ်ကိုစမ်းတာတို့ လည်းကြုံဖူးကြမှာပါ။ ဘာကြောင့်လုပ်ကြ သလဲဆိုတာကော သိကြလားဆိုတာကို အောက်ပါ Quiz ဖြေပြီး ဆန်းစစ်ကြည့် ကြပါနော်။ ၁။ သွေးပေါင်ချိန်တဲ့စက်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။ (က) Stethoscope (ခ) Sphygmomanometer (ဂ) Hemocytometer ၂။ အမျိုးသမီးတွေအနေနဲ့ သားအိမ် ခေါင်းကင်ဆာစစ်ဆေးမှု (Pap Smear) ကို နှစ်တိုင်းပြုလုပ်သင့်ပါသလား။ (က) လုပ်သင့်တယ် (ခ) မလုပ်သင့်ဘူး ၃။ ဘယ်အသက်အရွယ်မှာ ရင်သား ကင်ဆာအတွက် စတင်စစ်ဆေးသင့် နေပြီလဲ။ (က) ၃၀ […]

ဆရာဝန်တွေ စမ်းသပ်မှုနဲ့ပတ်သက်ပြီး သင် ဘယ်လောက်သိပါသလဲ (၁) 

တစ်ခုခုနာမကျန်းဖြစ်ရင် ဆေးခန်း အရင်သွားရပါမယ်။ အရွယ်ရောက်ပြီးသူ တိုင်းလိုလို ဆေးခန်းမှာ ဆရာဝန်ပြဖူးကြ မှာပါ။ ဆေးခန်းပြတဲ့အခါ ဆရာဝန်တွေ အနေနဲ့ နားကြပ်နဲ့ထောက်နားထောင် တာတို့၊ ၀မ်းဗိုက်ကိုနှိပ်စမ်းတာတို့၊ လက် ကောက်ဝတ်ကိုစမ်းတာတို့လည်းကြုံဖူး ကြမှာပါ။ ဘာကြောင့်လုပ်ကြသလဲဆိုတာ ကော သိကြလားဆိုတာကို အောက်ပါ Quiz ဖြေပြီး ဆန်းစစ်ကြည့်ကြပါနော်။ ၁။ ဆေးခန်းမှာဆရာဝန်က ရင်ဘတ်ပေါ် နားကြပ်နဲ့ထောက်တာ ဘာကြောင့်ပါလဲ။  (က) နှလုံးခုန်သံစည်းချက်မှန်မမှန် နား ထောင်ချင်လို့  (ခ) သွေးခုန်နှုန်းသိချင်လို့  (ဂ) အစာအိမ်ထဲက ဂက်စ်အသံသိချင် လို့ ၂။ ဆရာဝန်က နောက်ထပ် ဘယ်အင်္ဂါရဲ့ ကျန်းမာရေးကိုသိချင်တဲ့အခါမှာ နားကြပ် သုံးသေးလဲ။  (က) အဆုတ်  (ခ) အစာခြေစနစ် (ဂ) နှစ်မျိုးစလုံး ၃။ အမျိုးသားတွေအနေနဲ့ ဘယ်အရွယ် […]

ဓမ္မတာနှင့်ပတ်သက်ပြီး ဆရာဝန်ကို မေးချင်နေမည့် မေးခွန်းများ

အမျိုးသမီးတွေအနေနဲ့ လစဉ်ဓမ္မ တာလာတာကို စိတ်ညစ်စရာလို့ ထင်နေ ကြပါတယ်။ လစဉ်လာရမယ့်ရက်ရောက် လို့ ဓမ္မတာသွေးမပေါ်ရင် ဒါမှမဟုတ် လာရမယ့်ရက်ထက်စောပြီး ဓမ္မတာသွေး ပေါ်နေရင် ပြဿနာတစ်ခုခုများဖြစ်နေ မလားဆိုပြီး စိုးရိမ်ကြောင့်ကြတတ်ကြပါ တယ်။ ဒါကြောင့် ဓမ္မတာနဲ့ပတ်သက်ပြီး ဆရာဝန်ကို မေးသင့် မမေးသင့် ချိန်ဆ နေတတ်တဲ့ မေးခွန်းတွေကို ဖော်ပြပေး လိုက်ပါတယ်။ ၁။ ဓမ္မတာလာရမယ့်ရက်မှာ ပုံမှန်ဓမ္မတာ သွေးမပေါ်တာက စိုးရိမ်စရာရှိပါသလား? စိုးရိမ်စရာမရှိပါဘူး။ ပုံမှန်အားဖြင့် ဓမ္မတာစက်ဝန်းက ၂၁-၃၅ ရက်ကြား မှာ ရှိတဲ့အတွက် ဒီရက်အတွင်းမှာ ဓမ္မ တာလာမယ်ဆိုရင် ပုံမှန်လို့ ယူဆရပါ တယ်။ တချို့လတွေမှာ စောပြီး သွေးပေါ် နိုင်သလို တချို့လတွေမှာ နောက်ကျပြီး မှ ဓမ္မတာသွေးပေါ်တတ်ပါတယ်။ ဓမ္မတာ ရက်ကြာချိန်ကလည်း […]

မြန်မာတွေ ဘာလို့ ပုညှက်နေတာလဲ

အာဟာရဖွံ့ဖြိုးရေးက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ အာဟာရဖွံ့ဖြိုးရေးက တိုင်းပြည် တစ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ စက်ဝိုင်း တစ်ခုလိုပဲ ဆိုင်နေပါတယ်။ ဘဲဥအစ ရှာမရဖြစ်နေရင်တောင် ဘယ်ကပြန်စမ လဲ၊ ဒီနေ့က ပြန်စကြမယ်ဆိုပြီး ၂၀၁၈ သြဂုတ်တစ်လလုံးမှာ လုပ်မယ့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ်္တပတ်တွေက စပြီး ရှေ့ ဆက်ကြည့်ရအောင်၊ တဖြည်းဖြည်းတိုး လာတဲ့ အာဟာရဖွံ့ဖြိုးမှုကို တိုင်းသူပြည် သားတွေက ရသွားမယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဘယ်လိုဖြစ်မလဲဆိုတာ၊ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့မရဘူး၊ ပညာရေးဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရဘူး၊ အစိုးရတစ် ရပ်တည်းကလည်း လုပ်လို့မရဘူး၊ ပါတီ တွေတစ်ခုချင်းစီက လျှောက်လုပ်လို့ လည်းမရဘူး၊ CSO တစ်ယောက်ချင်း လည်း လုပ်လို့မရဘူး၊ IGO/NGO တစ်ခုတည်းကလည်း လုပ်လို့ မရဘူး။ အားလုံးသွားနေတဲ့အပြင် ပြည်သူလူထု ပူးပေါင်းပါဝင်မှ […]

အရေပြားမှိုစွဲရောဂါနှင့် လွဲမှားစွာ အသုံးပြုနေသော လိမ်းဆေးများ

Q. အရေပြားမှိုစွဲရောဂါက တစ်ယောက် ကနေတစ်ယောက်ကို ကူးစက်နိုင်ပါသ လား။ အရေပြားမှိုစွဲရောဂါက တစ် ယောက်နဲ့တစ်ယောက် တိုက်ရိုက်တော့ မကူးစက်ပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေ မွေး ထားကြတယ်။ အဲဒီခွေးလေး၊ ကြောင် လေးတွေက အိမ်ပေါ်တက်လိုက်၊ ခြံထဲ ပြေးဆင်းလိုက် လုပ်တယ်။ မြေကြီးပေါ် လျှောက်သွားလိုက်၊ သစ်ဆွေးတွေထဲ သွားလိုက်၊ ပြီးရင် လူကိုလာကုတ်လိုက် လုပ်ရင် သူတို့လက်သည်းထဲမှာ မှိုပိုးတွေ ပါလာတယ်။ လူတွေက သူတို့ကို ပွေ့ချီ တယ်ဆိုရင်လည်း သူတို့ခြေထောက်တွေ ကနေတစ်ဆင့် လူဆီကို ကူးစက်နိုင်ပါ တယ်။ အသည်းခြောက်ရောဂါဖြစ်စေတာ က ငရုတ်သီးမှာပါတဲ့ မှိုကနေဖြစ်ပါတယ်။ အဲဒါကြောင့် မှိုပါတဲ့အစားအစာဆိုရင် မ စားသင့်ပါဘူး။ ငရုတ်သီးမှုန့်ဆိုရင် မှိုတက် လားမသိ၊ […]

DVT အကြောင်း သင်ဘယ်လောက်သိပါသလဲ

DVT ဆိုတာ Deep Vein Thrombosis ရဲ့ အတိုကောက်ဖြစ်ပြီး အတွင်းပိုင်း သွေးပြန်ကြောမှာ သွေးခဲ တာပဲဖြစ်ပါတယ်။ DVT နဲ့ပတ်သက်ပြီး ဘယ်လောက်သိလဲ လေ့လာကြည့်ကြရ အောင်။ ၁။ လေယာဉ်အကြာကြီးစီးရင်DVT ရနိုင်လား။ (က) ရနိုင်တယ် (ခ) မရနိုင်ဘူး ၂။DVTက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းမှာ ဖြစ်လေ့ရှိပါသလဲ။ (က) ခြေထောက် (ခ) တင်ပါး (ဂ) လက်မောင်း ၃။ DVT ရှိမှန်းမသိဘဲ ရှိနေနိုင်လား။ (က) ရှိနိုင်တယ် (ခ) မရှိနိုင်ဘူး ၄။ DVTက လေဖြန်းတာကို ဖြစ်စေနိုင် ပါတယ်။ (က) မှန် (ခ) မှား ၅။ ခွဲစိတ်ကုသမှုခံယူအပြီး ဘယ်လောက် အကြာမှာDVT […]

မျက်စိရေတိမ်ကို ကုသပြီးနောက် အကောင်းပကတိပြန်မြင်နိုင်လား

မျက်စိရေတိမ်ရောဂါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာ။ မျက်လုံးဆိုတာက ကြည့်လိုက်ရင်Hollow Cavity ဖြစ်ပြီး၊ အဲဒီထဲမှာ ရေထုထည်ကြီးတစ်ခုရှိတယ်။ အဲဒီရေထု ထည်ကြီးက အမြဲတမ်းလည်ပတ်နေပြီး အပြင်ကBlood Supply ထဲကို စီး ဆင်းသွားတယ်။ အဲဒီလိုပုံမှန်စီးဆင်းနေ ရာကနေ ရေထွက်လမ်းကြောင်းပိတ် သွားတဲ့အခါမှာ ဖိအားတွေများလာပြီး ဖြစ်ပေါ်လာတဲ့အခြေအနေကို ရေတိမ် ရောဂါလို့ခေါ်တယ်။ ရေတိမ်ရောဂါတွေ မှာက အခြေအနေနှစ်ခုကွဲသွားတာမျိုးရှိ တယ်။ မျက်လုံးတွင်း ရေထုထည်က အ ပြင်သွေးထဲကို စီးဆင်းသွားတဲ့အချိန်မှာ Angle လေးတစ်ခုရှိတယ်။ အဲဒါကိုAngle of Anterior Chamber လို့ ခေါ်တယ်။ Angle of Anterior Chamber ကျဉ်းရင် ထောင့်ကျဉ်းရေတိမ် ရောဂါလို့ခေါ်ပြီး၊ ကျယ်ရင် ထောင့်ကျယ် ရေတိမ်ရောဂါလို့ခေါ်တယ်။ ထောင့်ကျဉ်း ရေတိမ်ရောဂါနဲ့ ထောင့် […]

ပန်းနာရင်ကျပ်ရှိသူတွေအတွက် စတီးရွိုက်ရှူဆေးက နောက်ဆုံးဆေးလား

ပန်းနာရင်ကျပ်ရှိသူတွေအတွက် စတီးရွိုက်ရှူဆေးက နောက်ဆုံးဆေးလားဆိုတာကို ပါမောက္ခဒေါက်တာရတနာကျော် အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီးက ရှင်းလင်းဖြေကြားပေးထားပါတယ်။ Q. ပန်းနာရင်ကျပ်ရှိသူတွေ သုံးရတဲ့ စ တီးရွိုက်ဆေး ဘယ်နှမျိုးရှိပါသလဲ။ စတီးရွိုက်ဆေးကို လေပြွန်ကျယ် ရှူဆေးနဲ့ စတီးရွိုက်ရှူဆေးဆိုပြီး အဓိ ကအားဖြင့် နှစ်မျိုးရှိပြီး သုံးစွဲရတဲ့ရောဂါ တွေကတော့ ပန်းနာရင်ကျပ်ရောဂါ (Asthma) နဲ့ နာတာရှည် အဆုတ်ပွလေ ပြွန်ကျဉ်းရောဂါ (COPD) တွေပါပဲ။ လူနာရဲ့ ရောဂါအခြေအနေပေါ်မှာ မူတည်ပြီး စတီးရွိုက်လို့ခေါ်တဲ့ လေပြွန် ရောင်ရမ်းတာကိုလျှော့ချတဲ့ရှူဆေး၊ လေ ပြွန်တွေကျဉ်းတဲ့အခါမှာ လေပြွန်ကျယ် အောင် လုပ်ရတဲ့ရှူဆေး (Bronchodilator) တွေရှိပါတယ်။ နောက်တစ်ခုက လေပြွန်ကျယ်အောင် လုပ်တဲ့အထဲမှာပဲ Chemical Compound ပေါ်မှာ မူတည် ပြီး Anticholinergic နဲ့ B2 Agonist ဆိုပြီး ခွဲခြားထားပါတယ်။ […]

အရေပြားမှိုစွဲရောဂါက ခန္ဓာကိုယ်ကို ထိခိုက်နိုင်လား

မိုးရာသီမှာ မှိုပေါက်တာနဲ့ပတ်သက်ပြီး အရေပြားမှာပေါက်တဲ့မှိုအကြောင်း သိချင်ပါတယ် ဆရာမ။ အခုလို မိုးရာသီမှာ ကိုယ့်ပတ်ဝန်း ကျင်ကို ကြည့်လိုက်ရင် အ၀တ်အစားဗီဒို တွေ၊ နံရံတွေမှာ မှိုတွေဘာတွေ တွေ့နိုင် ပါတယ်။ ဟိုးအရင် စိုက်ပျိုးရေးမှိုတွေ မပေါ်ခင်က မိုးရွာတယ် စိုတယ်၊ နေပူ တယ် ခြောက်သွားတယ်၊ မိုးပြန်ရွာတယ် ဆိုတဲ့အခါ သစ်ဆွေးရှိတဲ့ နေရာတွေမှာ မှိုတွေ ထွက်လာတတ်ပါတယ်။ ဒါက တော့ သဘာဝပါ။ ခန္ဓာကိုယ်မှာလည်း အဲဒီလိုပဲ မှိုအကြီးကြီးတွေ မဟုတ်ပေ မယ့် မှိုတွေပေါက်နိုင်ပါတယ်။ မှိုနဲ့ခပ်ဆင် ဆင်၊ ရိုးတံလေးနဲ့ အခက်အလက်လေးနဲ့ မှိုအမျိုးအစား အကောင်လေးကို တွေ့ရ ပါတယ်။ ဒါကို ဆေးပညာအရ အရေပြား မှာ ဖြစ်ပေါ်လေ့ရှိတဲ့ရောဂါလို့ ဘာသာ ပြန်တယ်။ ပွေး၊ […]

ပါးရေ၊ နားရေ မတွန့်အောင် ဘယ်လိုအစားအစာတွေ စားဖို့လိုလဲ

Q. အသီးအရွက်တွေက အရေပြားအ ပေါ် အကျိုးသက်ရောက်မှုရှိပါသလား ဆရာ။ အရေပြားကို မြန်မြန်အိုစာမသွား စေဖို့ စားသောက်သင့်တာတွေက သင်ရဲ့ ပတ်ဝန်းကျင်မှာပဲရှိနေတာပါ။ အဲဒီအစား အသောက်တွေကို ရွေးချယ်စားသုံးတတ် မယ်ဆိုရင် ပါးရေနားရေတွန့်တာတွေ၊ တွဲကျနေတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် Feed your skin, Starve your wrinkle လို့ ပြန်ပြောတာပါ။ သင် ရဲ့အရေပြားကို အစာကျွေးပါ၊ သင်ရဲ့အ ရေပြားမှာ အရေးကြောင်းတွေ ကင်းစင် ပါလိမ့်မယ်လို့ ဆိုလိုပါတယ်။ Q. ဘယ်လိုလေ့လာတွေ့ရှိခဲ့တာလဲ ဆ ရာ။ သုတေသနနဲ့ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ အသက် ၇၀ကျော်အရွယ်တွေရဲ့ အရေပြားအ ရေးကြောင်းတွေဟာ သူတို့စားသုံးတဲ့ အ စားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲလွဲ […]