ရှက်နေသောကြောင့် မမေးမိသည့် မေးခွန်းများ

အမျိုးသမီးတစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါဘူး။ အိမ်မှုကိစ္စလုပ်ရတာ၊ က လေးမွေးဖွားရတာ၊ ပိုက်ဆံရှာရတာတွေနဲ့ မိသားစုအရေးနဲ့ ငွေရေးကြေးရေးကိစ္စတွေ အတွက် အလွန်ခေါင်းရှုပ်နေရတာကြောင့် မိမိရဲ့ ကျန်းမာရေးအတွက် မိမိဘာသာ ဂရုမစိုက်နိုင်ကြပါဘူး။ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာလို့ ဆေးရုံဆေးခန်းသွား ခဲ့ရရင်လည်း ရှက်နေတာကြောင့် မမေးမိတဲ့မေးခွန်းတွေ ရှိကြပါတယ်။ ဖော်ပြပါမေး ခွန်းတွေက အမျိုးသမီးအများစုအနေနဲ့ သားဖွားနဲ့ မီးယပ်ဆရာဝန်ကို ရှက်နေတဲ့ အတွက် မေးချင်ပေမယ့် မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေပါ။ Q : လိင်ဆက်ဆံတဲ့အကြိမ်များတာကြောင့် မိန်းမကိုယ်ကျယ်သွားနိုင်ပါသလား  အမျိုးသမီးအများစုအမှတ်မှားနေကြတာပါ။ အမှန်မှာတော့ အမျိုးသမီးတွေရဲ့ အင်္ဂါက သဘာဝအားဖြင့် ကျုံ့နိုင်ဆန့်နိုင်စွမ်း အလွန်ကောင်းမွန်ပါတယ်။ လိင်ဆက် ဆံမှုပြုလုပ်နေစဉ်အတွင်းမှာ ကျယ်သွားပေမယ့် ဆက်ဆံမှုအပြီးမှာတော့ သူ့အလိုလို ပုံမှန်အရွယ်အစားကို ပြန်လည်ရရှိသွားနိုင်ပါတယ်။ သဘာဝအတိုင်း ကလေးမွေးဖွား တာက အမျိုးသမီးအင်္ဂါတွေရဲ့ ပုံသဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပေမယ့် ကျန်းမာရေးပြဿ နာတော့ […]

ပေါ့ပေါ့ပါးပါး ဒိန်ချဉ်လား . . .

ကျွန်မ တစ်စိုက်မတ်မတ် စားလေ့စား ထရှိသော အစားအသောက်များထဲတွင် ဒိန်ချဉ်လည်း ပါဝင်သည်။ ဝမ်းချုပ်ကာ ကိုယ်လက်မအီမသာဖြစ်နေချိန်မျိုးတွင် ဒိန်ချဉ်သည် ကျွန်မအတွက်အဖော်မွန် ကောင်းဖြစ်သည်။ တက္ကသိုလ် ကျောင်းသူ ဘ၀တုန်းက စာမေးပွဲနားနီးပြီး ခေါင်း တွေ မကြည်မလင်ဖြစ်နေချိန်မျိုးတွင် ဒိန်ချဉ်ကို ထန်းလျက်ရည်၊ သကြားရည် မထည့်ဘဲနှင့် ဇွန်းနှင့် ကော်ကာ စားခဲ့ဖူး သည်။ ယခုလို ၂၄ နာရီဖွင့်ထားသည့် Convenient Store များ မရှိသေးသည့် အချိန်မျိုးမို့ ဒိန်ချဉ်သောက်ချင်လျှင် ဈေးသို့ တကူးတက သွားဝယ်ရသည်။ တစ်ခါတလေ လှည်းတန်းလိုနေရာမျိုးကို ရောက်လျှင် ဒိန်ချဉ်ကို မဖြစ်မနေ သောက်ဖြစ်အောင်သောက်သည်။ အပြန်တွင် အိုးကလေးနှင့် ဒိန်ချဉ်ကို ပါအောင် ဝယ်သွားတတ်သည်။ အူထဲမှာ ရှိသည့် အကျိုးပြုသည့် ပိုးကောင် အရည် […]

နားပေါက်တစ်ပေါက်ထက် ပိုပြီး ဖောက်သင့်ရဲ့လား

Q. တချို့လူငယ်လေးတွေရဲ့ နားမှာ နား ပေါက်တွေ အများကြီးဖောက်ပြီး နားကပ် တွေ၊ နားကွင်းတွေ ပန်တတ်ပါတယ်။ အဲဒါကို ကျန်းမာရေးရှုထောင့်ကနေ ဆရာ့အမြင်ကို ပြောပြပေးပါ။ တချို့လည်း နားကွင်းတွေ အများ ကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ နားပေါက်ဖောက်တာအပြင် နားရွက်ရဲ့ အပေါ်ဘက်ကိုတက်ပြီးလည်း နားပေါက် ဖောက်တတ်ကြပါတယ်။ နားရွက်အပေါ် ဘက်ကို တက်ပြီး နားပေါက်ဖောက်တာ ကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းဆိုတာ တား လို့တော့ မရပါဘူး။ အဲဒါကြောင့် အန္တ ရာယ်ကင်းအောင် ဘယ်လိုနားပေါက် ဖောက်သင့်သလဲဆိုတာ အကြံပေးချင်ပါ တယ်။ တချို့လူငယ်လေးတွေလည်း နား ပေါက်တွေ အများကြီးဖောက်တတ်ကြပါ တယ်။ အဲဒီလို နားပေါက်တွေ တစ်ခု ထက်ပိုပြီး ဖောက်ကြတဲ့အခါ နားရွက်ရဲ့ […]

သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့်ပတ်သက်ပြီး အယူအဆများ

သွေးဖိအားနဲ့ နှလုံးခုန်နှုန်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်လို့ လူအများက ယူဆကြပါတယ်။ အမှန်တကယ်လည်း ဆရာဝန်ဆီရောက်တိုင်း အဲဒီနှစ်မျိုးစလုံးကို တိုင်းတာကြရပါတယ်။ သူတို့နှစ်မျိုးစလုံးက မတူညီတဲ့ အချက်အလက်တွေနဲ့ နှလုံး ကျန်းမာရေးကောင်း မကောင်းကို ဖော်ပြပေးနိုင်ပါတယ်။ သွေးဖိအားဆိုတာက ကိုယ် တွင်းစီးဆင်းနေတဲ့ သွေးက သွေးကြောနံရံတွေကို ဖိအားပေးတဲ့အတိုင်းအတာဖြစ်ပြီး နှလုံးခုန်နှုန်းဆိုတာက တစ်မိနစ်မှာ သင့်နှလုံးက ခုန်တဲ့အကြိမ်အရေအတွက်ကို ဆို လိုတာပါ။ သွေးဖိအား၊ နှလုံးခုန်နှုန်းနဲ့ပတ်သက်ပြီး လူပြောများနေတဲ့ အယူအဆတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ အယူအဆ (၁) သွေးဖိအားနဲ့ နှလုံးခုန်နှုန်းက အမြဲတမ်းဆက်စပ်မှုရှိပါတယ်။  မှားပါတယ်။ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းက မကြာခဏ အတူတူမြင့်တက်သွားတာတွေ၊ နိမ့်ကျသွားတာတွေ ဖြစ်တတ်တာကတော့ မှန်ပါတယ်။ ဥပမာအားဖြင့် သင်က အန္တရာယ်တစ်ခုနဲ့ ကြုံလာတဲ့အခါမှာ တစ်ချိန်တည်းမှာ သင်ရဲ့ သွေးဖိအားရော၊ […]

ဆင်ခြေထောက်ရောဂါပိုးက မျက်လုံးထဲကော ဝင်နိုင်လား

အခုတလော လူအများပြောနေကြ တာက ဆင်ခြေထောက်ရောဂါပိုးနဲ့ ဆင် ခြေထောက်ရောဂါကာကွယ်ဆေးတွေ အကြောင်းပါ။ ဆင်ခြေထောက်ပိုး ကူးစက်မှုရှိနေ သေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုရှိ မြို့နယ်ပေါင်း ၂၀၀ ကို ဇန်နဝါရီ ၂၂ ရက်ကနေ ၃၁ ရက်အထိ ဆင်ခြေထောက် ရောဂါကာကွယ်ဆေးတိုက်ကျွေးရေးတွေ ကို စီမံချက်နဲ့ဆောင်ရွက်ခဲ့ပြီးလည်းဖြစ် ပါတယ်။ သန်ချဆေးပေါင်း သောက်သုံးပြီး မိမိနဲ့ မိသားစုတွေ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ ဆင် ခြေထောက် သန်ကောင်တွေ သေကျေ ပျက်စီးပြီး ရောဂါကင်းစင်သွားမှာဖြစ်ပါ တယ်လို့လည်း သိရပါတယ်။ ဆင်ခြေထောက်ရောဂါဆိုတာ Ly-mphatic Filariasis လို့ ခေါ်ပါတယ်။ Filariasis ကို သန်ကောင်၊ တုတ်ကောင် အုပ်စုဝင် ကပ်ပါးကောင်တွေဖြစ်ကြတဲ့ Wuchereria bancrofti၊ […]

ဆီးကျောက်က ဘယ်အရွယ်အစားဆိုရင်ဆေးနဲ့ခြေလို့ရလဲ

ဆီးကျောက်ဆိုတာ သေချာဖို့ ဘာတွေ လုပ်ဆောင်ပေးပါသလဲ ဆရာ။ မြန်မာနိုင်ငံရဲ့ အထက်အညာဒေသ က ကလေးတွေမှာ ဆီးကျောက်ရှိတာ များကြတယ်။ ရေသောက်နည်းကြလို့ပါ။ နာရင် ခါးကနာတယ် ပြောကြတယ်။ ကျောက်ရှိရင် ဓာတ်မှန်မှာက ၁၀ လုံးမှာ ၉ လုံး အရိပ်ထင်တယ်။ ယူရစ်အက်စစ် ကနေဖြစ်တဲ့ကျောက်ဆိုရင်တော့ ဆေး ဓာတ်မှန်မှာ အရိပ်မထင်ပါဘူး။ ခါးနာ တယ်ဆိုရင် KUB နဲ့အတူ အာထရာ ဆောင်းပါ တွဲရိုက်ရမယ်။ အာထရာ ဆောင်းမှာ ကျောက်တွေ့ပြီး KUBမတွေ့ဘူး၊ အာထရာဆောင်းမှာ ကျောက် ကပ်ဖောင်းတယ်၊KUB မှာလည်း တွေ့ တယ်ဆိုရင်တော့ ကျောက်ဆိုတာ တော် တော်လေး သေချာပြီ။ ဒီထက်ပိုပြီး သေ ချာချင်ရင်တော့ ဆေးဓာတ်မှန်တို့၊CT တို့ ရိုက်ရမှာပေါ့။ အာထရာဆောင်းမှာ […]

အမျိုးသားတွေမှာကော ရင်သားကင်ဆာဖြစ်ပွားနိုင်လား

အမျိုးသားတွေမှာကော ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါသလား ဆရာ။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုး သားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုက အမျိုးသမီးတွေလောက်တော့ မများပါ ဘူး။ ဆရာဆီရောက်လာတဲ့ လူနာအရေ အတွက်နဲ့ ပြောရမယ်ဆိုရင်တော့ ၁ ရာ ခိုင်နှုန်းလောက်ပဲရှိပါတယ်။ အမျိုးသမီး ရင်သားကင်ဆာဖြစ်ပွားသူ အယောက် ၁၀၀ မှာ အမျိုးသားရင်သားကင်ဆာဖြစ် ပွားသူက တစ်ယောက်ပေ့ါ။ တစ်နှစ်အ တွင်းမှာရှိရင်တော့ အမျိုးသား ရင်သား ကင်ဆာဖြစ်ပွားသူ တစ်ယောက်၊ နှစ် ယောက်လောက်ပဲ တွေ့ရပါတယ်။ ဒါက ဆရာတို့ဆေးရုံကို ရောက်လာတဲ့၊ ဆရာ ကုသတဲ့ လူနာတွေထဲကပဲ ပြောတာပါ။ လက်ရှိလည်း ဆရာကုပေးနေတဲ့ အမျိုး သားရင်သားကင်ဆာလူနာတွေလည်း ရှိပါတယ်။ အမျိုးသားရင်သားကင်ဆာ ရောဂါက အဖြစ်နည်းပေမယ့် ဖြစ်နိုင် တယ်ဆိုတာ […]

သက်ကြီးမှတ်ဉာဏ်ချို့ယွင်းသူတွေကို မငြိုငြင်သင့်ပါ

♦ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေအကြောင်းကို ဆွေး နွေးပေးပါ ဆရာ။ အသက်ကြီးတဲ့သူတွေမှာ မှတ်ဉာဏ်ချို့ယွင်းလာပြီဆိုရင် သာမန်အား ဖြင့် ဒါဟာ သဘာဝတရားပဲလို့ တွေး ထင်လို့ရပေမယ့် Dementia လို့ခေါ်တဲ့ ရောဂါအခြေအနေ တစ်ခုကို မေ့ထားလို့ မရပါဘူး။ ၆၅ နှစ်ကျော်ပြီးသူတွေရဲ့ ငါးရာခိုင်နှုန်းနဲ့ ၈၅ နှစ်ကျော်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီအထိ Dementia ဆိုတဲ့ရောဂါကို ခံစားနေရလေ့ ရှိပါတယ်။ ♦ Dementia ဆိုတဲ့ ရောဂါအကြောင်း ကို ရှင်းပြပေးပါ ဆရာ။ ဒီရောဂါဖြစ်နေပြီဆိုရင် အထူးသ ဖြင့် မှတ်ာဉဏ်ပိုင်းမှာမှ New Acquired Information တွေဖြစ်တဲ့လတ်တလော အဖြစ်အပျက်တွေ၊ အပြုအမူတွေ၊ အ ကြောင်းအရာတွေကို ဦးနှောက်က မှတ် တမ်းတင် […]

ရေဓာတ်ခန်းခြောက်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ (၂)

ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားအတိုင်း ရေဓာတ် က ခန္ဓာကိုယ်အတွက် အလွန်ကိုအရေး ကြီးပါတယ်။ ဘယ်လိုအခြေအနေတွေမှာ ရေဓာတ်ခန်းခြောက်တတ်လဲ။ ရေဓာတ် ပြည့်ဝနေအောင် ဘယ်လိုလုပ်ဆောင်ရ မလဲ စတာတွေကို ရေးသားဖော်ပြလိုက်ပါ တယ်နော်။ ၁။ ရေသောက်တာက ကိုယ်အလေးချိန် လျော့ကျစေနိုင်သလား။ (က) ကျစေတယ် (ခ) မကျစေဘူး ၂။ ရေဓာတ်ပြန်ဖြည့်ဖို့ဆိုရင် ဆိုဒီယမ် ပါတဲ့ အစားအစာနဲ့ အရည်တွေရှောင် ရမယ်။ (က) မှန် (ခ) မှား ၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရေအများ ကြီးမသောက်နိုင်ဘူး။ (က) မှန် (ခ) မှား ၄။ ရေက ခန္ဓာကိုယ်ကနေ (က) အညစ်အကြေးတွေ စွန့်ပစ်ပေး တယ် (ခ) အာဟာရဓာတ်တွေ […]

ရေဓာတ်ခန်းခြောက်တာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ (၁)

ထမင်းအသက် ခုနစ်ရက် ရေ အသက် တစ်မနက်ဆိုတဲ့စကားအတိုင်း ရေဓာတ်က ခန္ဓာကိုယ်အတွက် အလွန် ကိုအရေးကြီးပါတယ်။ ဘယ်လိုအခြေ အနေတွေမှာ ရေဓာတ်ခန်းခြောက် တတ်လဲ။ ရေဓာတ်ပြည့်ဝနေအောင် ဘယ်လိုလုပ်ဆောင်ရမလဲ စတာတွေကို ရေးသားဖော်ပြလိုက်ပါတယ်နော်။ ၁။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက် မဖြစ်မနေသောက်သင့်တယ်။ (က) မှန် (ခ) မှား ၂။ အစားအစာကနေ ရေပမာဏဘယ် လောက်ရလာတတ်သလဲ။ (က) ၅ ရာခိုင်နှုန်း (ခ) ၁၀ ရာခိုင်နှုန်း (ဂ) ၂၀ ရာခိုင်နှုန်း (ဃ) ၅၀ ရာခိုင်နှုန်း ၃။ ပူနွေးစွတ်စိုတဲ့ပတ်ဝန်းကျင်မှာ လေ့ ကျင့်ခန်းလုပ်ရင် မိနစ်ဘယ်လောက် အတွင်း ရေဓာတ်ခန်းခြောက်လာနိုင်ပါ သလဲ။ (က) မိနစ် ၃၀ (ခ) […]