မိမိကလေးကို ကျန်းမာစေချင်သည့် မေမေတို့ သတိထားသင့်သည့်အရာများ

မွေးကင်းစနဲ့ နို့စို့ကလေးငယ်တွေက ပန်းလေးလိုပဲ နုနယ်လှပါတယ်။ သူတို့ကို ရှုထောင့်အစုံကနေ မျက်ခြည်မပြတ် စောင့်ကြည့် ဂရုစိုက်နိုင်မှ အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိခင်တွေအနေနဲ့ မိမိကလေးကို ကျန်းကျန်းမာမာကြီးပြင်းလာဖို့အတွက် သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ နို့စို့ကလေးတွင် ဦးခေါင်းမညီမညာဖြစ်ခြင်း မိခင်အများစုကတော့ မိမိရဲ့ မွေး ကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းမညီ မညာဖြစ်တာကို သတိထားမိကြမှာပါ။ ဦးခေါင်းတစ်ခြမ်းပြားနေတာက အလှအ ပပြဿနာတစ်ခုတည်းဖြစ်မှာ မဟုတ်ပါ ဘူး၊ ဦးခေါင်းခွံရိုးတွေရဲ့ အနေအထား မမှန်ကန်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးကို သိပ်တဲ့အခါမှာ အနေအထားမျိုးစုံပြောင်း လဲပြီးသိပ်ပေးပါ။ ကလေးမအိပ်ဘူးဆိုရင် လည်း ကလေးကို လှဲမထားဘဲ ချီထားပါ။ ကလေးခြောက်လအရွယ်မှာ ဦးခေါင်းပုံ သဏ္ဌာန်မှန်သွားပါလိမ့်မယ်။ လည်ပင်းစောင်းခြင်း မွေးကင်းစကလေးငယ်တွေမှာ တွေ့ရတတ်တဲ့အတွက် […]

မွေးကင်းစများတွင်ဖြစ်တတ်သည့် စိတ်ပူရန်မလိုသောပုံမှန်အခြအနေများ

မေမေတွေအနေနဲ့ ကိုးလခန့် လွယ်ထားတဲ့မိမိရင်သွေးကို မွေးဖွားလာတဲ့ အခါမှာ ကိုယ်လက်အင်္ဂါ ပြည့်စုံ မစုံ အရင်ဆုံးသိချင်ကြပါတယ်။ ဒါ့အပြင် မွေးဖွား လာတဲ့ရင်သွေးငယ်တွေမှာ တွေ့ရှိရတဲ့ တချို့လက္ခဏာတွေက ပုံမှန်မှဖြစ်ရဲ့လား ဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ မိခင်တွေအနေနဲ့ စိတ်ပူဖို့မလိုတဲ့ မွေး ကင်းစကလေးတွေမှာဖြစ်တတ်တဲ့ ပုံမှန်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါ တယ်။ ဝမ်းခဏခဏသွားခြင်း မွေးကင်းစကလေးငယ်တွေမကြာ ခဏ ဝမ်းသွားတာက ပုံမှန်အခြေအနေ ပါပဲ။ သူတို့လေးတွေက အရည်ဝမ်း တွေသာ သွားတတ်တဲ့အတွက် အရှိန် ပြင်းပြင်းနဲ့ ဝမ်းသွားတတ်တာပါ။ စိုးရိမ်ရမည့်အခြေအနေ ဝမ်းအရောင်က အညို၊ အစိမ်း ဒါ မှမဟုတ် အဝါ ဒါမှမဟုတ် အစေ့လေး တွေ ပါနေခဲ့ရင် စိုးရိမ်စရာမရှိပါဘူး။ ဝမ်းထဲမှာသွေးစလေးတွေပါနေရင် တော့ ကလေးဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ရင်သားကြီးခြင်း […]

မိမိကလေးငယ်၏ ကျန်းမာရေးအတွက် မိဘတို့ ပြုလုပ်သင့်သည့်အကြောင်းအရာများ

လမစေ့ကလေးငယ်တွေကို နှိပ်နယ်မှုပြုလုပ်ပေးတာက သူတို့ကျန်းမာရေးအတွက် အကျိုးများစွာရှိပြီး မျှော် မှန်းထားတဲ့ရက်ထက် ပိုမိုစောပြီး ဆေးရုံကနေ ဆင်းရနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ လမစေ့ကလေးငယ်တွေ ကို နှိပ်နယ်ပေးတဲ့ ကုထုံးကြောင့် သူတို့ရဲ့ ခုခံအားစနစ်တွေ သန်မာလာတာ၊ ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လာတာတွေ ဖြစ်လာပြီး ကျန်းမာရေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။ ကလေးငယ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ အ ထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖိစီးမှုလျော့ကျအောင် ခြေဖဝါးကို နှိပ်ပေးပါ ကလေးငယ်တွေ အီနေရင် မိဘတွေအနေနဲ့ သူတို့ရဲ့ ခြေဖဝါး ဒါမှမဟုတ် လက်ဖဝါးလေးတွေကို အသာအယာပွတ်တိုက်ပေးသင့်ပါတယ်။ ကလေး ငယ်တွေက ဒီ Reflexology ကို တုံ့ပြန်မှုအား ကောင်းပါတယ်။ ခြေဖဝါးကို အသာအယာနှိပ်ပေး တာကြောင့် ကလေးငယ်တွေ အလွယ်တကူ အိပ် ပျော်နိုင်တဲ့အတွက် နေ့စဉ်လုပ်နေကျအလုပ်တစ်ခု […]

မီးဖွားပြီးခါစမေမေတို့အလှမပျက်စေဖို့

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ဦးအဖို့ ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာရော စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ မိခင်ဘဝကို ခံယူ လိုက်တဲ့နောက်ပိုင်းမှာ ပေးဆပ်ရတာတွေက ရှိစမြဲပါပဲ။ ဒါက သဘာဝပါ။ ဒီတစ် ပတ်မှာ မေမေတို့အတွက် မီးဖွားပြီးချိန် ခန္ဓာကိုယ်အလှကို ပြန်လည်ရရှိနိုင်ဖို့ နည်းလမ်းကောင်းတွေကို ရေးပေးလိုက်ပါတယ်။   ကောက်ကြောင်းအလှထိန်းနိုင်ဖို့ Tips (၁) ကိုယ်ဝန်ဆောင်စဉ် အစာအာဟာရ မှန်ကန်ပြည့်ဝအောင်စားပါ ကိုယ်ဝန်စရှိတာနဲ့ ကိုးလလုံးလုံး အစား တွေစိတ်ကြိုက်စားပစ်လိုက်မယ်လို့ မတွေး ထားပါနဲ့။ ကိုယ်ဝန်လွယ်ထားရလို့ နှစ်ယောက် စာစားရမယ်ဆိုတာလည်း မမှန်ပါဘူး။ ကိုယ် ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန် ၁၅ – ၃၅ ပေါင်ထပ်ပြီးတိုးလာတတ်တာကတော့ ပုံမှန် ပါဘဲ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အဆီများတဲ့အစာတွေ၊ အချိုများတဲ့အစာတွေ ကို လျှော့စားပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံတွေကိုပိုတိုးစားပါ။ […]

ကိုယ်ဝန်ဆောင်မေမေတို့ဘယ်လိုဖိနပ်မျိုးရွေးစီးသင့်လဲ

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဘယ်သွားသွား အစစ အရာရာ ဂရုစိုက်ပြီးသွားလာလှုပ်ရှားကြရပါတယ်။ ဒီထဲမှာ အရေးကြီးဆုံးက ဖိနပ်လေးတွေလည်း ပါပါတယ်။ သူတို့က ကိုယ်ဝန်ဆောင်မေမေတို့ကို ထမ်းပေးတာအပြင် ရင်သွေးငယ် ကိုပါ ထမ်းပေးရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ခြေထောက်အရွယ်အစား ကြီးလာတတ်တာကလည်း သဘာ၀ ပါပဲ။ ကိုယ်ဝန်ဆောင်မေမေတို့ ဖိနပ်ရွေးချယ်တဲ့အခါ ဒီအချက် လေးတွေက အထောက်အကူပြုပါလိမ့်မယ်။ – ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အလေးချိန်ပိုတိုးလာ တာကို ခြေထောက်လေးတွေက ထမ်းပေးရတာဖြစ်ပါတယ်။ ခြေထောက်ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေလည်း အဖြစ်များတဲ့ကာလဖြစ်ပါတယ်။ – ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံးဖိနပ်ဆိုတာ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို သက်သာစေတဲ့ ဖိနပ်မျိုးဖြစ်ရပါမယ်။ – သင်အရင်ကစီးနေကျ သက်သောင့်သက်သာဖြစ်ပါ တယ်ဆိုတဲ့ဖိနပ်ကလည်း ကိုယ်ဝန်ဆောင်ချိန် ခြေထောက် အရွယ်အစားကြီးလာနိုင်တာကြောင့် အဆင်ပြေဖို့ ခက်ပါတယ်။ – အောက်ပါဖိနပ်အမျိုးအစားတွေကို ဦးစားပေးရွေး ချယ်ပါ။ […]

“သားဆက်ခြားတော့မယ်ဆို ဘာတွေ သိထားသင့်သလဲ”
