ယနေ့ခေတ်ထဲမှာ အလှကုန်ပစ္စည်း စက်ရုံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ငွေသန်းပေါင်းများစွာ ရှိပါတယ်။ အရင်ကဆို ပြည်ပက အမှတ်တံဆိပ် အလှကုန် Cosmetics တွေလိုချင်ရင် နိုင်ငံခြားသွားတဲ့သူတွေဆီကနေ တကူးတက လိုက်မှာဝယ်ရပေမယ့် ဒီနေ့ခေတ်ထဲမှာတော့ နိုင်ငံတကာက အလှကုန်ပစ္စည်းCosmetics တွေ အမှတ်တံဆိပ်မျိုးစုံနဲ့ ပြည်တွင်းကို ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ ဒီအလှကုန် Cosmetics တွေကို ဝယ်ယူအားပေးသူတွေများပြားလာပြီး စွဲလမ်းလာကြတာ ဘာကြောင့်ပါလဲ။ အလှကုန် Cosmetics တွေက –
နုပျိုစေတယ်
မိတ်ကပ်လိမ်းထားရင် ရှိရင်းစွဲအသက်ထက် ပိုပြီးနုသလိုဖြစ်လာပါတယ်။ အသားအရောင်မညီတာကို ညီစေတာ၊ ဝက်ခြံအမာရွတ်တွေကို
ဖုံးနိုင်တာတွေအပြင် ကျန်းမာနုပျိုတဲ့အသွင်ကို ရစေနိုင်လို့ မိတ်ကပ်လိမ်းကြတာပါ။
ကျေနပ်အားရမှုကိုဖြစ်စေတယ်
သုတေသနတစ်ခုက လေ့လာတဲ့အခါ အမျိုးသမီးတွေက မိတ်ကပ်လိမ်းရင် ကောင်းမွန်တဲ့ စိတ်ခံစားမှုဖြစ်တယ်လို့ သိရပါတယ်။
စိတ်ကျေနပ်ကြည်နူးမှုကို ဖြစ်စေတဲ့ ဒိုပါမင်းဟော်မုန်းကို ခန္ဓာကိုယ်ကနေထုတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်
ကျေနပ်ပီတိဖြစ်တဲ့ ခံစားချက်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။
ဆွဲဆောင်မှုကိုတိုးစေတယ်
မိန်းကလေးတွေဟာ လစဉ်လတိုင်း Cosmetics အမျိုးအစား အစုံအလင်ကို ဝယ်နေတတ်ပါတယ်။
ဒါက ယောကျာ်းတွေကို မြှူဆွယ်ဖို့မဟုတ်ပါဘူးလို့ အမျိုးသမီးအတော်များများက ပြောကြပါတယ်။
သူ့ကိုယ်သူ ဆွဲဆောင်မှုရှိစေချင်လို့ ဖြစ်ပါတယ်။ အလှပြင်တဲ့အခါမှာ လူတိုင်းက သူတို့ရဲ့အသွင်အပြင်ကို ပိုပြီး
ကြည့်ကောင်းအောင်၊ ထူးခြားအောင်လုပ်ကြတာပဲဖြစ်ပါတယ်။
ယုံကြည်မှုရှိစေပါတယ်
လူတစ်ယောက်က သူ့ကိုယ်သူ ကြည့်ကောင်းတယ်ထင်ရင် confidence ရှိလာပါတယ်။
Cosmetics အလှကုန်တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တိုးစေတဲ့ စိတ်ခံစားချက်တွေပေးတယ်လို့ ပြောကြပါတယ်။
ကြားဖူးနားဝဖြစ်နေလို့ပါ
ဒါကတော့ လူတွေက အသားအရေ ထိန်းသိမ်းစောင့်ရှောက်တဲ့ Skincare တွေနဲ့ပတ်သက်ပြီး Positive Feedback တွေ၊ Success Story
တွေ ကြားရရင် ယုံကြပါတယ်။ ဥပမာ – ဒီ မိတ်ကပ်က ဘယ်လိုကောင်းတာ၊ ထူးခြားတာ စသည်ဖြင့်ကြားတဲ့အခါ
ငါလည်းစမ်းသုံးကြည့်မယ်ဆိုတဲ့စိတ် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်လည်း အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံတွေ၊
စီးပွားရေးပညာရှင်တွေက သူတို့ရဲ့ Cosmetics ထုတ်ကုန်တွေကို ထောင့်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံကနေ ရောင်းအားမြှင့်တင်ဖို့
ရင်းနှီးမြှုပ်နှံကြပါတယ်။
Social Network
ခုခေတ်မှာတော့ Social Network က ခေတ်စားလာတာကြောင့် တစ်ယောက် နဲ့ တစ်ယောက် Idea တွေဝေမျှနိုင်တဲ့
နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ Beauty Bloggers တွေ၊ Makeup Artists တွေကလည်း သူတို့သုံးတဲ့ အလှကုန်တွေကို
Reviewရေးပေးတာ၊ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာကမကောင်းဘူး စတဲ့ အချင်းချင်း အပြန်အလှန်ဆွေးနွေးတာတွေ
လုပ်လာကြပါတယ်။ Social Network တွေဖြစ်တဲ့ Youtube Channel, Facebook, Twitter, Instagram စတာတွေမှာ အလှကုန်
Cosmetics တွေ ရေပန်းစားလာပါတယ်။
ထူးဒါလီကိုကို (MPharm)