Microblading မျက်ခုံးတက်တူ ထိုးမယ်ဆိုရင် …

Microblading ဆိုတာကတော့ ခုနောက်ပိုင်း ရေပန်း စားလာတဲ့ မျက်ခုံးတက်တူထိုးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါ တယ်။ နေ့တိုင်း မျက်ခုံးမွေးဆွဲရတာ အလုပ်တစ်ခုလို မလုပ် ချင်တော့လို့ဖြစ်ဖြစ်၊ မျက်ခုံးမွေးမရှိလို့ပဲဖြစ်ဖြစ်၊ ပါးလို့ဘဲဖြစ် ဖြစ် ငြခမသဘူadငညါ က သဘာဝကျကျလေးအတိုင်း လှနေ အောင် လုပ်နိုင်စွမ်းရှိပါတယ်။

Microblading
– Microblading ပုံဖော်ဖို့ အပ်အသေးစားလေးတွေ ၁၂- ၁၅ ချောင်းလောက်ပါတဲ့ စက်လေးနဲ့လုပ်တာပေါ့။ ဒါမှ လည်း သူက တကယ့်မျက်ခုံးမွေးအစစ်နဲ့တူတဲ့ အမွေး အမှင်ပုံစံဆွဲတဲ့အခါ သဘာဝကျနေမှာပါ။

–  အရေပြားရဲ့ အပေါ်ဆုံးလွှာထဲကိုပဲ ဆေးအရောင် ထိုးသွင်း တာမို့လို့ Semi-permanent လို့ ခေါ်တာပါ။ ပြောရရင် တစ်သက်လုံးခံတာမျိုး မဟုတ်ဘူးပေါ့။

– သင်ရဲ့ စောင့်ရှောက်ပုံနဲ့ အရေပြားပေါ်မူတည်ပြီး တစ်နှစ် ကနေ သုံးနှစ်အထိခံပါတယ်။ နောက်ပိုင်း ကြိုက်တယ်ဆိုရင် ထပ်ထိုးနိုင်ပြီး ပုံစံအသစ်တစ်မျိုးပြောင်းပြီး ထပ်ထိုးလို့ လည်းရပါတယ်။

– တာရှည်ခံချင်တယ်ဆိုရင် နေရောင်အောက်သိပ်မသွားပါနဲ့။ နေရောင်က ဏငာနညအျ ရောင်ခြယ်တွေရဲ့ အရောင်ကိုဖျော့ စေပါတယ်။

– နောက်ပြီး မျက်ခုံးနားတစ်ဝိုက်ကို ဆဲလ်သေဖယ်ရှားတဲ့ နထ်သူငအေငသည အမနအောနညအ တွေ မလုပ်ပါနဲ့။

ဘာတွေသိထားရမလဲ

– Microblading လုပ်ဖို့ ကုန်ကျစရိတ်က လုပ်တဲ့နေရာနဲ့ လုပ်ပေးတဲ့ artist ပေါ် မူတည်ပါတယ်။
– Microblading လုပ်ပြီးရင် လုပ်ထားတဲ့နေရာကို ရေသန့်နဲ့ ဂွမ်းစ (Cotton pads) ကို အသုံးပြုပြီး အသာအယာ ပုံ မှန်သန့်စင်ပေးရပါမယ်။
– လိမ်းဖို့ပေးလိုက်တဲ့ ခရင်မ် ဒါမှမဟုတ် အဆီကို နေ့စဉ် တစ်နေ့ သုံးကြိမ် လိမ်းပေးရပါမယ်။
– အရေပြားအဖတ်လန်ရင် ဆွဲမခွာပါနဲ့၊ သူ့အလိုလို ကွာသွား တာကိုပဲ စောင့်ပါ။
– Microblading လုပ်ထားတဲ့နေရာမှာ အရေပြားနီရဲတာ၊ အဖတ်လန်တာတွေ ဖြစ်မှာမို့လို့ ပိုးဝင်လွယ်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
– တစ်ပတ် နှစ်ပတ်လောက် ခရီးသွားတာရှောင်ပါ၊ ချွေးထွက် ပြီး ကစားရမယ့် အားကစားခန်းမသွားတာကိုလည်း ရှောင်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *