အားကစားကို တစ်စိုက်မတ်မတ်ပြုလုပ်သွားသည့်အတွက် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ခဲ့သူ

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာနေမှလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ယနေ့ခေတ်မှာ ကျန်းမာရေးကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒီထဲမှာ အားကစားလုပ်တာက ကျန်းမာတဲ့ Lifestyle အတွက် မရှိမဖြစ် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒီအတွက် အားကစားကို ၀ါ သနာပါတဲ့ စာဖတ်ပရိသတ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး အားကစား နည်းပြ အောင်ကြယ်ဝင်း (Be Fit Gym & Fitness Studio) ၏ ဘ၀နှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ xxx   Q  ဆရာရဲ့ အခုလက်ရှိခန္ဓာကိုယ်ရဖို့အတွက် ဘယ်အသက်အရွယ်ကစပြီး လေ့ကျင့်ခဲ့တာလဲ သိချင်ပါတယ်။ A  အသက်အပိုင်းအခြားဆိုရင်တော့ ကျွန်တော် အသက် […]