အီတလီနိုင်ငံမှ အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ် ဦးဟာ ပီဇာတစ်ချပ်စားလိုက်ရာကနေ ချိစ်က လည်ပင်းမှာကပ် နေပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အသက်ရှူလမ်း ကြောင်းမှာ ချိစ်အဖတ်ကကပ်ပြီး ပိတ်ဆို့နေခဲ့တဲ့နောက် မိသားစုဝင်တွေက ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးခဲ့ကြပါ တယ်။ အရေးပေါ်ဌာနကိုရောက်လာတဲ့အချိန်မှာ လူနာရဲ့အ သားအရေကအပြာရောင်ပြောင်းနေခဲ့ပါတယ်။ ဆရာဝန်တွေက လည်ပင်းမှာပိတ်နေတဲ့ချိစ်ခဲကို ထုတ်ယူပြီးကယ်တင်ဖို့ကြိုး စားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ မီဒီယာတွေရဲ့ဖော် ပြချက်အရ လူနာ ဆေးရုံရောက်လာလာချင်းမှာ ဆရာဝန်နှစ် ဦးကြားအချင်းများနေခဲ့တဲ့အတွက် လူနာကိုကယ်တင်ဖို့ နှောင့် နှေးနေတာလို့ ဆိုပါတယ်။ မိသားစုဝင်တွေက ရဲတပ်ဖွဲ့ကို တိုင်ကြားထားတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ် ဆောင်နေပြီလို့ သိရပါတယ်။
(AP,30.5.19) အေးယုနိုင်
