“အမျိုးသမီး၏ကိုယ်တွင်းမှ သည်းခြေကျောက် ၈၀၆ ခုကို ဖယ်ရှားပေးခဲ့ရ”

တရုတ်ဆေးရုံတစ်ခုမှာ အသက် ၆၀ ဝန်းကျင်အမျိုးသမီး တစ်ဦးရဲ့ခန္ဓာကိုယ်ထဲကသည်းခြေကျောက် ၈၀၆ ခုကို ခွဲစိတ် ဖယ်ရှားပေးခဲ့ရတယ်လို့သိရပါတယ်။ လူနာရဲ့စားသောက်ပုံ မမှန်မှုကြောင့် သည်းခြေကျောက်တွေ အရွယ်အစားအမျိုးမျိုးရှိနေတာဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ဖန်လို့ သာသိရတဲ့အမျိုးသမီးက အသားစားရတာနှစ်ခြိုက်သူဖြစ်ပြီး နေ့စဉ်ဝက်သားကို အဆမတန်စားသုံးလေ့ရှိသူဖြစ်ပါတယ်။ လွန် ခဲ့တဲ့နှစ်ပတ်ကစပြီး ဗိုက်အောင့်တာကြောင့် ဟီဘေးပြည်နယ်ဂျင် ဒူဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။ အမျိုးသမီးရဲ့သည်းခြေ အိတ်ထဲမှာ သည်းခြေကျောက်တွေအပြည့်ရှိနေတာကြောင့် သည်းခြေအိတ်က အလုပ်မလုပ်နိုင်ဘဲဖြစ်နေတာကို ဆရာဝန် တွေက တွေ့ရှိခဲ့ကြပါတယ်။ ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာတော့ အရွယ်အစားအမျိုးမျိုးရှိတဲ့ သည်းခြေကျောက် ၈၀၆ ခုအထိ ဖယ်ရှားပေးခဲ့ရပါတယ်။

သည်းခြေကျောက်တွေကို လေ့လာစမ်း သပ်ကြည့်တဲ့အခါမှာတော့ ကိုလက်စထရောတွေအဓိကပါဝင် နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဝက်ရဲ့ဗိုက်သားမှာ ကိုလက်စထ ရောဓာတ်ပမာဏများပြားစွာပါဝင်ပြီး အဆီပိုတွေက လူတစ် ယောက်ရဲ့ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ကျန်းမာရေးပြန် လည်ကောင်းမွန်လာနေပြီဖြစ်တဲ့အမျိုးသမီးကို ဆရာဝန်တွေက ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ဖို့အကြံပြုထားကြပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *