ဆံပင်ကြမ်းကြမ်းတွေ၊ ခြောက်သွေ့ဖွာလန်နေတဲ့ ဆံပင်တွေ၊ အရောင်အသွေးမဲ့ ဆံပင်တွေက သင့်ဆံသားပျက်စီးနေတာရဲ့ လက္ခဏာတွေပါ။ သင့်မှာ အဲဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် Hair Spray လေးက ကူညီနိုင်ပါလိမ့်မယ်
..
အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ လက်ဖက်စိမ်း ဟာ ဆံပင်သန်စေပြီး ဆံပင်ကျွတ်တာကို လျော့ကျစေကာ ဆံသားတောက်ပြောင်လင်းလက်နိုင်စွမ်းရှိပါတယ်။ သူ့ကို အလှထုတ်ကုန်အတော်များများမှာလည်း ထည့်သွင်းအသုံးပြုသလို ဒီလိုမျိုး သဘာဝအိမ်တွင်းနည်းလမ်းတွေအနေနဲ့လည်း အသုံးပြုကြပါတယ်။
လက်ဖက်စိမ်းဟာ အရေပြားနဲ့ ကျန်းမာရေးအတွက်တင်မက ဆံပင်သန်စေဖို့အတွက်ပါ အကောင်းဆုံးအရာဖြစ်ပါတယ်။
ဗီတာမင် အီးနဲ့ ဗီတာမင် စီ ကြွယ်ဝစွာ အခြေခံထားတဲ့ လက်ဖက်စိမ်းက ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အဖျားနှစ်ခွမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
သံပရာရည်က ဗီတာမင် စီ၊ ဗီတာမင် ဘီ ၁၊ ဘီ ၂၊ ဘီ ၃၊ ဘီ ၅၊ ဘီ ၆၊ ဘီ ၁၂ လိုမျိုး ဗီတာမင်မျိုးစုံနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမွန်ဖို့ ကူညီနိုင်ပြီး ဆံပင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
Rosemary essential oil ကလည်း ဆံပင်နဲ့ အရေပြားအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ ဆံပင်သန်စေတဲ့ သဘာဝအာနိသင်တွေ များစွာ ပါဝင်တာကြောင့်ပါ။
လိုအပ်တာတွေက
လက်ဖက်စိမ်း – ခွက်တစ်ခွက်စာ
သံပရာရည် – ခွက်တစ်ဝက်စာ
Rosemary essential oil – ၅ စက်ခန့်
ပြုလုပ်နည်း
♦ လက်ဖက်စိမ်း တစ်ခွက်စာကို ကြိတ်ခြေပြီး အရည်ညှစ်ယူကာ ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။
♦ သံပရာရည် ခွက်တစ်ဝက်စာကို အဲဒီထဲ ပေါင်းထည့်ပြီး မွှေပေးပါ။
♦ မွှေနေစဉ်မှာ Rosemary Essentail Oil ငါးစက်ခန့် ပေါင်းထည့်ပါ။
♦ ရလာတဲ့အရည်ကို စပရေးဘူးအလွတ်တစ်ခုထဲကို ထည့်လိုက်ရင်တော့ အသင့်သုံး ဆံပင်ဖျန်းဆေးရပြီပေါ့။
Tips!
♦ ဒီစပရေးကို ရောင်ရမ်းနေတဲ့ အနာရှိတဲ့ ဦးရေပြားပေါ် မဖျန်းပါနဲ့။ သံပရာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်လို့ပါ။
♦ ဆံပင်အညိုရောင် ဒါမှမဟုတ် တခြားအရောင်တစ်မျိုးမျိုး ဆိုးထားရင် အသုံးမပြုပါနဲ့။ အရောင်ပြယ်သွားစေနိုင်လို့ပါ။
♦ စပရေးဖျန်းတဲ့အခါမှာ ဦးရေပြားပေါ် မဖျန်းဘဲ ဆံသားတွေပေါ်သာ ဖျန်းပါ။
♦ ဦးရေပြားတစ်သျှူးတွေ ချွေးပေါက်မပိတ်စေဖို့ သြဂဲနစ်ပစ္စည်းစစ်စစ်ကိုသာ အသုံးပြုပါ။
♥ ဆူးမြာ ♥