ဆေးတက္ကသိုလ်(၁) ကျောင်းသူကျောင်းသားဟောင်းများအသင်းမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ်ဆေးပညာဌာန( EM Department) , Medical Observation, Surgical Observation, Ortho / Trauma Observation , Medical Unit 1,2,3 & 4 အဏုဇီဝ ဓါတ်ခွဲခန်း ဓါတ်မှန်ဌာန စသည့်အရေးပေါ်လူနာများနှင့်ပထမဦးဆုံးထိတွေ့နေသူ H1N1 positive လူနာများ ကို အနီးကပ် ကိုင်တွယ် ကုသ ပေးနေရသူ ဆရာဝန်ဆရာမ ဆေး ၀န်ထမ်းများအတွက်N 95 mask (၅၀၀) နှင့် instant alcohol gel ဘူ (၅၀၀) ကို YGH တွင်သွားရောက်လှုဒါန်းခဲ့ပါသည်။
N95 mask သည် သာမန်လူများသွားသွားလာလာလုပ်နေစဉ်သုံးရမည့် အကာအကွယ်မဟုတ်ပါ လုနာများနှင့်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံ ကုသပေးနေသည့်ဆေးဝန်ထမ်းများအတွက်မူ စံနစ်တကျ တပ်ဆင်သုံး
စွဲရန်လိုပါသည် ရောဂါပိုး ရှိနေသူကိုကြည့်ရှု ပြီး ပါက စံနစ်တကျစွန့်ပစ်ရမည့် တခါသုံးပစ္စည်းဖြစ်ပါသည် လူနာတယောက်ကိုင်ပြီးတိုင်း လက်ကိုသေသေချာချာဆေး ရန်လိုသလို ရေ မလုံလောက်ပါက alcohol gel သုံးစွဲ
ရန်လည်းလိုပါသည်မိမိတို့UM-1-AA.အနေဖြင့် မိမိတို့ဆေးလောက လုပ်ဖော်ကိုက်ဖက်များဂအတွက် အုပ် တချပ် သဲတပွင့် ပါဝင် ခဲ့သည်ကို အသင်းသူ အသင်းသားမျညးအား မုဒိတာပွားနိုင်ရန် အသိပေးအပ်ပါသည်။
Source : Professor Dr.Nyunt Thein