ကော်ဖီမှာပါဝင်တဲ့ဒြပ်ပေါင်းတွေက အသက်အန္တရာယ်ရှိတဲ့သုက်ရည်ဂလင်းကင်ဆာရဲ့ကြီးထွားမှုကို နှေးကွေးသွား စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။ ကော်ဖီမှာ တွေ့ရတဲ့ဓာတုဗေဒပစ္စည်းတွေက ကြွက်တွေရဲ့ဆဲလ်ထဲက အ ကျိတ်ရဲ့ကြီးထွားမှုကို ဟန့်တားနိုင်ကြောင်း ဂျပန်သုတေသီတွေ က တွေ့ရှိခဲ့ကြပါတယ်။ Kahweol Acetate နဲ့ Cafestol ဒြပ်ပေါင်းနှစ်ခုကို စစ်ထုတ်ထားတဲ့ကော်ဖီထက် အက်စပရက် ဆို ကော်ဖီမှာမြင်တွေ့ရလေ့ရှိပါတယ်။ ဒီနှစ်ခုဟာ ဆဲလ်ထဲက အကျိတ်ရဲ့ကြီးထွားမှုကိုဟန့်တားနိုင်ပြီး ကင်ဆာကုဆဆေး တွေကိုလည်း တစ်ခါတစ်ရံမှာ ခံနိုင်ရည်ရှိပါတယ်။ လူသားဆဲလ် တွေမှာ လေ့လာမှုတွေထပ်မံလုပ်ဆောင်ဖို့လိုသေးပေမယ့် ကင် ဆာရောဂါကိုကုသနိုင်တော့မယ့်အလားအလာတစ်ခုအဖြစ် ပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။ သုတေသနကိုဦး ဆောင်ခဲ့တဲ့ Kanazawa University Graduate School of Medical Science ရဲ့ဒေါက်တာဟီရိုအာကီကKahweol Acetate နဲ့ Cafestol ဒြပ်ပေါင်းနှစ်ခုလုံးပေါင်းစပ်လိုက်မယ်ဆိုရင် ကြွက်တွေမှာ အကျိတ်ရဲ့ကြီးထွားမှုက သိသိသာသာနှေး ကွေးသွားတယ်လို့ ဆိုခဲ့ပါတယ်။
(AP,21.3.19) အေးယုနိုင်