လေ့ကျင့်ခန်းလုပ်အပြီး အရက်သောက်ခြင်းက ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်နိုင်

အားကစားသမားတွေဟာ ပြိုင်ပွဲပြီးတဲ့နောက်မှာ အောင်ပွဲ ခံတဲ့အနေနဲ့ ရှန်ပိန်ပုလင်းဖောက်ပြီးအရက်သောက်လေ့ရှိကာ ဒီလိုအပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အရက် သောက်တာဟာ ခန္ဓာကိုယ်ကို ပိုမိုဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ အပြင်းအထန် လှုပ် ရှားမှုပြုလုပ်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာ တွေကို ပြန်လည်နေရာတကျဖြစ်အောင် ကြိုးပမ်းနေရပါတယ်။ အဲဒီလိုအချိန်မှာမှ အရက်သောက်မယ်ဆိုရင် ပြန်လည်လုပ် ဆောင်မယ့်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကို ထိခိုက်မှုရှိနိုင်ပါတယ်။ ပြေးခြင်း၊ ခုန်ခြင်းတို့လို ပြင်းထန်စွာလှုပ်ရှားရတဲ့လုပ်ဆောင် မှုတွေက ယာယီကြွက်သားပျက်စီးမှုနဲ့ရောင်ရမ်းမှုတွေကို ဖြစ် ပေါ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်က ကြာမြင့်မယ်ဆိုရင် ကြွက်သားတွေထဲမှာ စွမ်းအင်အတွက် သိုလှောင်ထားတဲ့ ဂလိုင် ကိုဂျင်ကလည်း ကုန်ခန်းလာတတ်ပါတယ်။ အားကစား သမားတွေဟာ ပြင်းထန်စွာလှုပ်ရှားပြီးရင် ရက်ပေါင်းများစွာ ကြာအောင် စွမ်းအားနဲ့ခံနိုင်ရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေး ခြင်းအားဖြင့် ပုံမှန်ပြန်ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအ ချိန်မှာ အရက်သောက်လိုက်မယ်ဆိုရင် ကြွက်သားတွေရဲ့ ပြန် လည်ကောင်းမွန်မှုနှုန်းကို လျော့ကျသွားစေပါတယ်။ ကြွက် သားဒဏ်ရာရှိတဲ့အားကစားသမားတွေဆိုရင် အရက်က သွေးကြောတွေကိုဖွင့်ပေးလိုက်တဲ့အတွက် ဒဏ်ရာကိုတောင် ရောင် ရမ်းလာစေပါတယ်။

◘ (DM,12.7.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published.