သင် ကျန်းမာနေကြောင်း သိရှိနိုင်အောင် စက္ကန့် ၃၀ အတွင်း အလွယ်တကူ စစ်ဆေးနည်း

အသက်ကြီးလာတာနဲ့အမျှ ခုခံအားစနစ်တွေကျဆင်းလာတဲ့အတွက် ဖျားနိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်တွေက ထုတ်ဖော်ထားပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေအနေနဲ့ အနည်းဆုံး နှစ်နှစ် တစ်ကြိမ်လောက် ခန္ဓာ ကိုယ်ကျန်းမာရေးအတွက် စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒီကာလအတော အတွင်းမှာလည်း မိမိအိမ်မှာပဲ အောက်ပါနည်းလမ်းတွေနဲ့ အချိန် စက္ကန့် ၃၀ လောက်ပေးပြီးတော့ စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ လက်သည်းကို အသာအယာညှစ်ပါ ◘ သင်ရဲ့ ညာဘက် လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး ဘယ်ဘက်လက် ချောင်းတွေရဲ့ လက်သည်းတွေကို ပုံမှာပြထားတဲ့ အသာအယာညှစ်ပေးပါ။ ◘ လက်မက စတင်ပြီး ၃-၅ စက္ကန့်ကြာ ညှစ်ပြီး ကျန်လက်ချောင်းတွေ အားလုံးကိုပါ ညှစ်သွားပါ။ ◘ ညှစ်အားကို လျှော့လိုက်တဲ့အချိန်မှာ နှစ်စက္ကန့်အတွင်း သွေးတွေ ပြန် လည်ရောက်ရှိလာတာကို မြင်တွေ့ရပါလိမ့်မယ်။ […]

သင့်ကျန်းမာရေးဒေါင်ဒေါင်မြည်နေတုန်းလား

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ကျန်းမာနေပါမှ စိတ် ပျော်ရွှင်ပြီး မိမိလုပ်ချင်တာတွေကို စိတ်ချလက်ချပြုလုပ်နိုင်မှာမို့ လူတိုင်းက ကျန်း မာရေးကောင်းမွန်တာကို လိုချင်ကြပါတယ်။ ကျန်းမာရေးကောင်းနေဖို့က အစားအသောက်ကို ချင့်ချိန်ပြီးစားတတ်ဖို့၊ အရာရာကို အကောင်းဘက်က မြင်ကြည့်တတ်ပြီး စိတ်အေးချမ်းစွာ နေတတ်ဖို့ နဲ့ လေ့ကျင့်ခန်းကို ပုံမှန် အသင့်အတင့် ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အများစုက အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစုကိစ္စတွေနဲ့ လုံးပန်း နေကြရတဲ့အတွက် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ လေ့ကျင့်ခန်း မပြုလုပ်ထားတာကြောင့် သင့်ကျန်းမာရေး မကောင်းမှာ စိုးရိမ်နေပါသလား။ အခုဖော်ပြပေးမယ့်လက္ခဏာတွေကတော့ သင် ကျန်းမာရေး ကောင်းနေသေးကြောင်းကို ဖော်ပြနေတာမို့ သင်ကိုယ်တိုင် စစ်ဆေးကြည့်ပါ။ ဆံပင်နှင့် လက်သည်းခြေသည်း သင်ရဲ့ဆံသားက နှစ်ခွဖြစ်တာ၊ ကျိုးလွယ်တာ၊ မွဲခြောက်ခြောက်ဖြစ်တာ၊ ဆံသားခြောက်သွေ့တာနဲ့ ဆံပင်အကျွတ်များတာတွေမရှိဘူးဆိုရင် […]

သက်ကြီးဖြစ်စဉ်နှင့် ဆေးဝါးများ

အသက်ကြီးလာတဲ့အခါ ဘာရောဂါမှ မရှိဘဲ ဒေါင်ဒေါင်မြည်ကျန်းမာတဲ့သူတွေရှိသလို နာတာ ရှည်ရောဂါတစ်ခုမဟုတ်တစ်ခုရှိတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ သက်ကြီးဖြစ်စဉ်ကို လူတိုင်းရင်ဆိုင်ရမှာဖြစ်ပြီး ဒီဖြစ်စဉ်က ဆေးဝါးတွေကို ခန္ဓာကိုယ်က စုပ်ယူမှု၊ ပျံ့နှံ့မှု၊ ချေဖျက်မှု၊ စွန့်ထုတ်မှုတွေအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ ဆေးအချင်းချင်းဓာတ်ပြု ပြီးတော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေရလာနိုင် ခြေက အသက်ကြီးတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုမြင့် ပါတယ်။ အသက်ကြီးတဲ့သူတွေ ဆေးဝါးတွေ သောက် တဲ့အခါ ဆေးအချင်းချင်းဓာတ်ပြုနိုင်ခြေ၊ ဆေးနဲ့စား စရာဓာတ်ပြုနိုင်ခြေတွေရှိတာကို ပိုပြီး သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် အယ်လ်ကိုဟောပါတဲ့ အရည်တွေသောက်တဲ့အခါ ခန္ဓာကိုယ်က အရက်ကို ချေဖျက်နိုင်စွမ်း နှေးသွားပြီဖြစ်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာအယ်လ်ကိုဟောဓာတ်တွေ အချိန် ကြာမြင့်စွာကျန်နေတတ်တာကြောင့် အယ်လ်ကို ဟောနဲ့ သောက်တဲ့ဆေးဝါးတွေ ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် […]

ကလေး ငယ်စဉ်ကတည်းက သင်ယူတတ်မြောက်ထားသင့်သော အကြောင်းအရာ ၁၀ မျိုး

ကလေးတွေက အသက်တစ်နှစ်အရွယ်ကပင်စတင်ပြီး ပတ်ဝန်းကျင်က သတင်းအချက်အလက် ပေါင်းများစွာကို လက်ခံရရှိကြပါတယ်။ ကလေးတွေက ငယ်စဉ်ကထဲက သူတို့ရဲ့ ဘာသာစကားနဲ့ သူတို့အတွက် အခြေခံကြပုံရိပ်တွေကို ပုံဖော်ပြီးသားဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမြှုပ် လိုမျိုး ဖြစ်နေတာကြောင့် တစ်ချို့အရာတွေကို ငယ်စဉ်ကာလကပင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကြီးလာတဲ့အခါမှာ သူတို့အခြေခံတတ်ထားတဲ့အရာတွေက သူမတူအောင် ထူးချွန်နိုင်ပါလိမ့်မယ်။ အောက်ဖော်ပြပါတွေက ကလေးငယ်စဉ်ကာလကစပြီး သင်ယူသင့်တဲ့ အကြောင်းအရာတွေပါ။ ဒုတိယဘာသာစကား သင်ကြားပေးခြင်း။ လေ့လာမှုတစ်ခုအရ ဒုတိယဘာသာစကား တစ်မျိုးကို တတ်ကျွမ်းထားတဲ့ ကလေးငယ်တွေဟာ ပြောင်းလဲမှုတိုင်းကို အမြန်လိုက်လျောညီထွေစွာ လိုက်လုပ်နိုင်ပြီး မှတ်ဉာဏ် ပိုထက်သန်ကာ ဘာသာ စကားနားလည်နိုင်မှု ပိုပြီးကောင်းမွန်တယ်လို့ သိရ ပါတယ်။ ဘာသာစကား နှစ်မျိုးပြောနိုင်သူတွေက အသက်ကြီးလာတဲ့အခါမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်တာလည်း နောက်ကျနိုင်တယ်လို့ ကနေဒါနိုင်ငံမှ […]

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အ ခါ ဘယ်လိုအစားအစာတွေ ရှောင်သင့်လဲ

ဖျားနာတဲ့အခါ စိတ်နဲ့ခန္ဓာကိုယ်အ တွက် အဆင်ပြေစေတဲ့ အစားအစာတွေ စားသုံးဖို့ လိုပါတယ်။ တချို့အစားအစာ တွေက နေမကောင်းနေချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ နေမကောင်းတဲ့အချိန်မှာ စားသုံးတဲ့အစား အစာတွေထဲ ဗီတာမင် ဒီ၊ ဗီတာမင် စီနဲ့ ဇင့်ဓာတ်တွေ ပါဝင်အောင် စားသုံးမယ်ဆို ရင် နေကောင်းတာ ပိုမိုမြန်ဆန်စေတယ် လို့ CDC က ပြောထားပါတယ်။ ကိုဗစ် – ၁၉ ပိုး ကူးစက်ခံရတဲ့အခါမှာလည်း ဒီအာဟာရဓာတ်တွေပါဝင်တဲ့ အစားအ စာတွေ စားသုံးဖြစ်ဖို့ အရေးကြီးပါတယ်။ ဖျားနာနေချိန်မှာ ခန္ဓာကိုယ်တွင်း ရောင် ရမ်းမှုဖြစ်စေတဲ့ အစားအစာတွေကို စား သုံးပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်း ထန်ပြီး နာလန်ထလည်း နှေးစေပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါခံစားနေရချိန်မှာ အောက်ပါအစားအစာတွေကို […]

နေ့စဉ်ပတ်ဝန်းကျင်အခြေအနေကြောင့် အရေပြား၏ တုံ့ပြန်ချက်များ

အရေပြားက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ပါ။ ကိုယ်တွင်းက အကြီးဆုံး ကိုယ်တွင်းအင်္ဂါလည်းဖြစ်ပါတယ်။ သူက နေလောင် ဒဏ်ခံရရင် အရောင်၊ အသွေးနဲ့ Texture ပြောင်းသွားတတ်တာကိုတော့ လူတိုင်း သိထားကြပါတယ်။ ဒါပေမဲ့ ကြက်သီးထတာ၊ သွေးရောင်လွှမ်းတာလိုမျိုး အရေ ပြားရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုအချိန်မှာ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုတော့ နားလည်ဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါတွေက ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး အရေပြားရဲ့တုံ့ပြန်မှုတွေပါ။ စိတ်ခံစားချက်ရှိလာရင် အရေပြားနဲ့ ဦးနှောက်က တစ်ခုတည်းပါ။ လူတွေမှာ အရေပြားအာရုံခံဖုတွေ အများကြီးရှိကြပြီး သူတို့တွေက ကိုယ် တွင်းကိုယ်ပကလာတဲ့ အဖြစ်အပျက် တွေကို ဏနမခနငလန လုပ်ပါတယ်။ ဒီအာ ရုံခံဖုအများစုကို အရေ ပြားပေါ်မှာတွေ့ ရှိနိုင်ပါ တယ်။ သူတို့က ကျွန်မ တို့နေ့စဉ်ကြုံတွေ့နေတဲ့ အပူ၊ […]

စိတ်ဖိစီးမှုလျှော့ချပေးတဲ့ အစားအစာတွေ စားသုံးရအောင်

ရုန်းကန်လှုပ်ရှားနေရတဲ့ လူသား တိုင်း ဖိစီးမှုတွေကို ကြုံတွေ့နေကြရမှာ ပါ။ ဖိစီးမှုကို လျော့နည်းအောင် လုပ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောပြမယ့်နည်းလမ်းကတော့ အစာ စားပြီး ဖိစီးမှုလျှော့ချရမှာဆိုတော့ လိုက် နာဆောင်ရွက်ဖို့ လွယ်ကူမယ်လို့ ယူဆ မိပါတယ်။ ဗာဒံစေ့ ဖိစီးမှုတွေ များလာတဲ့အခါ ခန္ဓာ ကိုယ်မှာ အက်ဒရီနလင် f(Adrenaline) ဟော်မုန်း အထွက်များလာပါတယ်။ ဒီ ဟော်မုန်းက သွေးပေါင်ကို တိုးစေပါ တယ်။ အစေ့အဆန်တွေ စားပေးတာက သွေးပေါင်ကို ကျဆင်းစေပါတယ်။ ခုခံ အားစနစ်ကို မြှင့်တင်ပေးတဲ့ ဗီတာမင် အီး၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် ဘီအုပ်စုတွေကိုပါ ရရှိနိုင်ပါ တယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖိစီးမှု တွေကို မရှောင်ရှားနိုင်ဘူးဆိုရင်တော့ တစ်နေ့ကို ခွက်တစ်ခွက်ရဲ့ […]

ခုခံအားစနစ် ကောင်းဖို့အတွက် ဗီတာမင်များ

အခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေပြန်ဖွင့်နေပြီး မကြာခင်နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တာကြောင့် ကိုဗစ်ကို ရင်ဆိုင်နိုင်ဖို့အတွက် Mask တပ်တာ၊ လက်ဆေးတာနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာတွေအပြင် ခုခံအား စနစ်ကိုလည်း သန်မာအောင်ပြုလုပ်ထားရပါတော့မယ်။ ခုခံအားစနစ်ကောင်းမွန်နေရင် ကိုဗစ်ရယ်မှ မဟုတ်ပါဘူး။ ခုလိုဆောင်းရာသီမှာဖြစ်တတ်တဲ့ အအေးမိ၊ တုပ်ကွေးနဲ့ တခြားကျန်းမာရေးပြဿနာတွေအတွက်လည်း ကာကွယ်နိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်အောင် အိပ်ရေးဝဝအိပ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေအပြင် ခန္ဓာကိုယ်က အောက်ဖော်ပြပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို ရရှိဖို့လိုအပ်ပါတယ်။ ♦ ဗီတာမင် စီ ဗီတာမင် စီက ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်တာ ဒါမှမဟုတ် ပိုးဝင်ရောက် ချိန်တိုတောင်းနိုင်ပါတယ်။ ဗီတာမင်စီက အချဉ်အရသာရှိတဲ့ အသီးတွေမှာ များစွာ ပါဝင်ပါတယ်။ အောက်ပါတို့မှာလည်း များစွာပါဝင်ပါတယ်။ – ဟင်းနုနယ် – ကိုက်လန် […]

ဆေး သောက် သူ တိုင်းဘာတွေသိထားဖို့လိုသလဲ…

ဆေးသောက်သူတိုင်းသိထားသင့်တဲ့ ဆေးဝါး ပညာရပ်ဆိုင်ရာ ဗဟုသုတတွေရစေဖို့ ရေးသား လိုက်ပါတယ်။ OTC (Over the Counter) ဆေးကောင်တာမှာ ဆေးညွှန်းစာမလိုဘဲ ဝယ် ယူလို့ရတဲ့ဆေးတွေဖြစ်ပါတယ်။ ဘယ်လိုဆေးတွေ ကိုဆေးညွှန်းစာမလိုဘဲ ဝယ်လို့ရလဲဆိုရင် အဖျားကျ ဆေး၊ ခေါင်းမူးပျောက်ဆေး၊ ကိုယ်လက်ကိုက်ခဲတာ သက်သာစေတဲ့ဆေး၊ ဝမ်းပျက်ဝမ်းလျှောရင်သောက် ရမယ့်ဆေး၊ လိမ်းဆေးအမျိုးမျိုး၊ ဖြည့်စွက်ဆေး၊ ဖြည့်စွက်စာ စတာတွေပါဝင်ပါတယ်။ OTC ဆေးတွေနဲ့ပတ်သက်ပြီးသိစေချင်တာကတော့ ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတယ်ဆိုပြီး သောက်ချင်သလိုသောက်လို့ရတယ်၊ Safe ဖြစ်တယ်၊ အန္တရာယ်မရှိဘူးလို့ တချို့က ယူဆထားပါ တယ်။ တကယ်တော့ ဒီဆေးတွေသောက်မယ်ဆိုရင် ဆေးဘူးမှာပါတဲ့ Indication အညွှန်းစာအတိုင်း တစ်နေ့ ဘယ်နှကြိမ်သောက်ရမလဲ၊ ဘယ်နှနာရီခြား ပြီးသောက်ရမလဲ၊ ဆေးပမာဏဘယ်လောက်ထိပဲ သောက်လို့ရလဲ၊ အစာစားပြီးသောက်ရမှာလား ဒါ မှမဟုတ် အစာမစားခင်သောက်ရမှာလား စတာတွေ ကို […]

အာရုံစူးစိုက်မှုကောင်းအောင် ဘာတွေလုပ်ကြမလဲ

တစ်ခါတစ်ရံမှာ အာရုံစူးစိုက်မရ တာ၊ စိတ်ပျံ့လွင့်နေတာမျိုး သင်လည်း ဖြစ်ဖူးမှာပါ။ ဒီလိုအချိန်မှာ အာရုံစူးစိုက်မှု အားကောင်းအောင် ဘာတွေလုပ်နိုင်မလဲ လေ့လာကြည့်ရအောင် . . . မနက်စာက ဦးနှောက်အတွက်အား ဖြည့် လောင်စာပါ အလုပ်ချိန်နီးတာကြောင့် မနက်စာ မစားဘဲ သွားခဲ့တဲ့နေ့တွေ များနေပါပြီ လား။ လေ့လာမှုအရ မနက်စာစားပါက ဦးနှောက်Óဏ်ရည်နဲ့ စူးစိုက်မှတ်Óဏ် ကို ခဏအတွင်းရရှိစေပါတယ်။ မနက်စာ ကို ပြည့်ပြည့်ဝ၀ စားသူတွေဟာ လုံးဝ မစားသူတွေထက် သိသိသာသာလုပ် ဆောင်မှုကောင်းတာ တွေ့ရပါတယ်။ အမျှင်ဓာတ်များတဲ့ ကောက်နှံတစ်ခုလုံး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ သစ်သီးတွေကို မနက်စာအဖြစ် စားသုံးပေးပါက ဦး နှောက်အတွက် အားအင်ဖြစ်စေပါတယ်။ ဒါပေမဲ့ မနက်စာအဖြစ် ကယ်လိုရီများ တာတွေကို အလွန်ပြည့်အင့်အောင် စားပါ […]