သဘာဝဆီးဆေးအဖြစ် အသုံးဝင်သော အစားအသောက်များ

ဆီးဆေးဆိုတာဟာ ပါးစပ်က သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဆီး တွေပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီအခါခန္ဓာကိုယ် မှ ပိုလျှံနေတဲ့ရေတွေကို စွန့်ထုတ်နိုင် သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအ မျိုးမျိုးမှာ အရည်တွေ စုမိနေတာကြောင့် ဖောရောင်နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြုရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုးလူနာတွေအတွက် ကုသနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးဆေးတွေ ရဲ့ လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ရေတွေကို စွန့်ထုတ်နိုင်သွားပါ တယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအမျိုးမျိုးမှာ အရည်တွေစုမိနေတာကြောင့် ဖောရောင် နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြု ရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုး လူနာတွေအတွက် ကုသနည်းတစ်မျိုး လည်း ဖြစ်ပါတယ်။ ဆီးဆေးတွေရဲ့ လုပ် ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံ […]

တညင်းသီးနှင့် ကျန်းမာရေး

ဇီဝကတို့လို ပြည်သူလူထုတွေနဲ့ ရှေ့ဆုံးက ထိတွေ့နေရတဲ့ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ကွာရန် တင်းဝင်ရမယ့် သတ်မှတ်ချက်က ရေရေ ရာရာမသိတဲ့အတွက် ဇီဝကတစ်ယောက် လည်း တော်ရုံ လူနာသစ်တွေမကြည့်ဖြစ် တော့ဘဲ လူနာဟောင်းတွေအတွက် Tele-consultation နဲ့ ကုသမှုပေးဖို့ ဗီဒီယို call ခေါ်နိုင်တဲ့ ဆေးခန်းဖုန်းနံပါတ်တွေပေး ထားပြီး ကုသနေတာတောင် ရက်သတ္တ ပတ် အတော်ကြာခဲ့ပြီ။ တစ်နေ့ ဆီးချိုသွေး ချိုလူနာတစ်ယောက်အိမ်မှ ဖုန်းခေါ်လာ တယ်။ ဒေါ်ပြုံးသန်း ။ ။ ဆရာရေ ဒီနေ့ ရက် ချိန်းမို့ ခေါ်လိုက်တာပါ။ ဇီဝက ။ ။ ဆီးချိုဖောက်ထားတာ ကောင်းရဲ့လား ဒေါ်ပြုံးသန်း။ ဒေါ်ပြုံးသန်း ။ ။ ကောင်းပါတယ်ဆ ရာ။ မစားခင် မနက်စောစော […]

ဗီယာဂရာ အစားထိုး အစားအစာများ

မကြာခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ အမျိုးသား ၅ ယောက်မှာ တစ် ယောက်နှုန်းက ပန်းညှိုးတဲ့ပြဿနာဖြစ်ကြတဲ့အတွက် ဗီယာဂရာကို အသုံးပြုကြတယ် လို့ သိရပါတယ်။ ဒီဆေးဝါးက အမျိုးသားတွေမြုံတာနဲ့ ပန်းသေပန်းညှိုးရောဂါအတွက် အသုံးဝင်တာကြောင့်လို့ဆိုပါတယ်။ ဗီယာဂရာက လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းမွန်တာကြောင့် လိင်အင်္ဂါ ထောင်မတ်နိုင်ပြီး ထောင်မတ်ချိန်လည်း ပိုပြီးတာရှည်နိုင်ပါတယ်။ ဗီယာဂရာလိုမျိုးပြုမူနိုင်တဲ့ အောက်ဖော်ပြပါအစားအစာတွေလည်းရှိတာမို့ ဆေး အစားထိုးအသုံးပြုနိုင်ပါတယ်။ တရုတ်နံနံပင် အနံ့သင်းပြီးရေလိုမျိုးအရသာရှိပေမယ့် သူ့မှာပါဝင်တဲ့ အာဂျီနင်းကြောင့် ဗီယာ ဂရာဆေးဝါးလိုမျိုး သွေးကြောတွေကျယ်ပြန့်နိုင်ပါတယ်။ သူ့မှာပါရှိတဲ့ စတီးရွိုက် နှစ် မျိုးက ကိုယ်ရနံ့သင်းပျံ့စေတဲ့အတွက် တခြားသူကိုဆွဲဆောင်မှုပိုမိုရှိနိုင်ပါတယ်။ ဖရဲသီး ချိုပီးအရည်ရွှမ်းတဲ့ဖရဲသီးမှာ ပါဝင်တဲ့ စီတလျူလင်းက နိုက်ထရစ်အောက်ဆိုဒ် ထွက်ပေါ်လာအောင် ကူညီတာကြောင့် ပန်းညှိုးတာ လျော့ကျသွားနိုင်ပါတယ်။ အိပ် ရာမဝင်ခင် ဖရဲသီးဖျော်ရည်သောက်ပါ။ ချောကလက် ချောကလက်က […]

သားမြတ်ကင်ဆာကို တွန်းလှန်နိုင်မည့် အားဖြည့်ဆေးဝါးများ

မှန်ကန်တဲ့ အားဖြည့်ဆေးဝါးကို မှီဝဲနိုင်ရင် သားမြတ်ကင်ဆာကို ကာကွယ်နိုင်တဲ့အပြင် တခြားရောဂါတွေအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အောက်ပါတို့ကို ဖတ်ကြည့်ပါ။ ၁။ သင့်မိသားစုဝင်ထဲမှာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်သူရှိရင် မယ်လတိုနင် မှီဝဲပါ အိပ်စက်မှုကို ကောင်းမွန်စေတဲ့ မယ်လတိုနင်ကို ညအိပ်ရာဝင်ခါနီး နေ့စဉ် သုံးမီလီဂရမ် မှီဝဲတာက သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သက်ကြီးရွယ်အိုကျန်းမာရေးဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ မယ်လတိုနင်ဟာ ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ပုံမှန်မဟုတ်တဲ့ သားမြတ်ဆဲလ်တွေ ဖြစ်ပေါ်မှုကို ရပ်တန့်ပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီပမာဏမယ်လတိုနင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ၂။ သူငယ်ပြန်နိုင်ခြေကိုပါ လျှော့ချနိုင်အောင် နနွင်းမှီဝဲပါ နနွင်းဟာ သွေးထဲကို ရောက်ရှိသွားတာနဲ့ […]

ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။ ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ […]

ရေတစ်ပုလင်းဖြင့် အဆီချနည်း

အားကစားခန်းမမှာ တစ်ပတ်တစ်ကြိမ် လေ့ကျင့်ခန်းသွား လုပ်တာထက်စာရင် မိမိအိမ်မှာပဲ နေ့စဉ် လေ့ကျင့်ခန်းတစ်မျိုး ပြုလုပ်တာက ပိုပြီးအသုံးဝင်နိုင်တယ်လို့ တက္ကဆက်ဆေးပညာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ အခုဖော်ပြမှာကတော့ ရေတစ်ဘူးနဲ့ အချိန် ၁၅ မိနစ်သာ ကြာမယ့် လေ့ကျင့်ခန်းပြုလုပ်နည်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီတွေလောင်ကျွမ်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်မယ့်အပြင် ခါးနာတာ၊ သားအိမ်ကျွံတာ၊ ဆီး မထိန်းနိုင်တာစတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ရေတစ်ဘူးသာလိုတယ်ဆိုလို့ ရေသောက်ရမှာမဟုတ်ဘူး နော်။ ရေတစ်ဘူးကို ခြေထောက်နှစ်ချောင်းကြားညှပ်ပြီး လေ့ ကျင့်ရမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်တာကြောင့် ပေါင်နေရာ၊ တင်ပ ဆုံနေရာ၊ ဝမ်းဗိုက်နေရာ၊ ခါးနောက်ကျောနေရာက အဆီလွှာ တွေအားလုံး လျော့ကျသွားပြီး ကြွက်သားသန်မာမှုကို ရရှိနိုင်ပါတယ်။ ပြုလုပ်နည်း – ရေတစ်ဘူးကိုယူပါ။ ဘူးရဲ့အချင်းကျယ်လေလေ၊ ပိုမိုထိရောက် […]

မြန်မြန်ဆန်ဆန်အိုမင်းစေမယ့်စားစရာတွေကဘာလဲ

စားစရာတွေကလည်း အိုမင်းခြင်းဖြစ်စဉ်နဲ့ ဆက်စပ်နေ တာကို လူအများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ သတိမထားမိတဲ့အခါ စားမိတာရှိသလို၊ ကြိုက်လို့စားနေမိတာလည်း ရှိကြတာပါပဲ။ အရွယ်တင်နုပျိုချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေး ထားတဲ့စားစရာတွေကို တတ်နိုင်သလောက်ရှောင်ဖို့ အကြံပြု ချင်ပါတယ်။ (၁) သကြား သကြားဆိုတာ အိုမင်းရင့်ရော်တာဖြစ်စေတဲ့ နံပါတ်တစ် စားစရာပါ။ အချိုကို လူအတော်များများ ကြိုက်ကြပါတယ်။ ဒါပေမဲ့ အချိုစာတွေက ဝလာစေရုံတင်မကပါဘူး၊ အရေပြား ရဲ့ ကော်လာဂျင်ထုတ်လုပ်တာကို လျော့ကျစေတာ၊ အရေး ကြောင်းတွေဖြစ်စေတာ၊ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို လျော့စေတာတွေဖြစ်စေလို့ သကြားကို အတတ်နိုင်ဆုံးရှောင်ပါ။ (၂) အရက် အသည်းကျန်းမာရေးက ကောင်းနေတယ်ဆိုရင် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေတဲ့ တော့ဆင်တွေကို စွန့် ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရက်သေစာက အသည်းကျန်း မာရေးကို ထိခိုက်စေတဲ့အခါ တော့ဆင်တွေ […]

နနွင်းစားသုံးတာကြောင့် ကျောက်တည်နိုင်ပါသလား

နနွင်းဟာ သူ့မှာပါဝင်တဲ့ကာကူမင်ဆိုတဲ့ဒြပ်ပေါင်းကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိတယ်လို့ ဂုဏ်သတင်းကျော်စောလျက်ရှိပါတယ်။ ဒါပေမဲ့ လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံဟာ နနွင်းအပါအဝင်အားလုံးအတွက် အကျုံး ဝင်နေပါတယ်။ နနွင်းကို အလွန်အကျွံစားသုံးတာကြောင့် အောက်ပါဆိုးကျိုးတွေ ရရှိနိုင်တယ်ဆိုတာ ဘယ်သူမှမျှော်လင့်မိမှာမဟုတ်ပါဘူး။ သွေးယိုစိမ့်နိုင်ခြေမြင့်မားခြင်း နနွင်းဟာ သွေးခဲမှုဖြစ်စဉ်ကို နှေးကွေးနိုင်ပါတယ်။ ဒါကြောင့် သွေးယိုစီးမှုပြဿ နာရှိသူတွေမှာ အညိုအမည်းစွဲတာနဲ့သွေးယိုစိမ့်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ရရှိ နိုင်ပါတယ်။ နနွင်းက တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပြီး အလွန်အကျွံသွေးယိုစိမ့် နိုင်ပါတယ်။ ကာကွယ်နည်း သင့်မှာ သွေးခဲမှုပြဿနာဖြစ်ပေါ်နေရင် ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရရင် နနွင်းကို အသုံးမပြုပါနဲ့။ သည်းခြေကျောက်ဖြစ်နိုင်ခြင်း နနွင်းမှာ ဩဇဲလိတ်ပမာဏ များစွာပါဝင်ပါတယ်။ ဒီဩဇဲလိတ်ကတော့ သည်း ခြေကျောက်တည်နိုင်ခြေ မြင့်မားတဲ့ ဒြပ်ပေါင်းပါ။ ကာကွယ်နည်း သင့်မှာ သည်းခြေကျောက်ပြဿနာရှိနေရင် နနွင်းစားသုံးမှုကို ရပ်တန့်လိုက်ပါ။ သွေးဖိအားကျဆင်းနိုင်ခြင်း သွေးဖိအားကျဆင်းတဲ့ဂုဏ်သတ္တိကတော့ သွေးတိုးရောဂါရှိသူတွေအတွက် […]

ကျန်းမာအောင် တစ်နေ့ဘယ်လောက် စားသင့်လဲ

အခုခေတ်မှာ စားသောက်နေထိုင်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ဆရာ။ အစားအစာကို ကျန်းမာရေးနဲ့ ညီ ညွတ်အောင် စားသုံးမယ်ဆိုရင် အာဟာ ရချို့တဲ့တာကို ကာကွယ်နိုင်မှာ ဖြစ်ပါ တယ်။ ကူးစက်မဟုတ်တဲ့ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ ကူးစက်တတ်တဲ့ရောဂါတွေကတော့ အ ကောင်တစ်ကောင်ကောင်ကိုက်ရင် ဖြစ် ပါတယ်။ ကူးစက်မဟုတ်တဲ့ရောဂါတွေက အလွယ်ပြောရရင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဝလွန် ရောဂါတွေပါ။ ဒီရောဂါတွေကိုကြည့်ရင် ပိုးမွှားတွေ ကူးစက်တာကြောင့် မဟုတ် ပါဘူး။ အစားအသောက်အနေအထိုင် မမှန်တာကြောင့် ဖြစ်ရတာပါ။ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့အစာတွေကို လုံး၀ ရှောင်လို့တော့မရဘူး။ လျှော့ချဖို့တော့ ကြိုးစားရပါမယ်။ အဆင်သင့်အစာတွေ မစားတဲ့လူ တစ်ယောက်မှမရှိပါဘူး။ အဆင်သင့်အစာတွေကို ဟိုအရင်ကထက် ပိုစားလာကြတယ်။ လူနေမှုဘဝပုံစံတွေ ပြောင်းလာတယ်။ တချို့က ဒီလို […]

အစားအသောက်နှင့်ဓာတ်မတည့်ဖြစ်ပွားလျှင်

စားသုံးလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့် ဖြစ်တာမျိုးကို တွေ့ဖူးမြင်ဖူးကြမှာပါ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထုတ်လုပ်တဲ့ဓာတ်က ပြင်ပကဝင်လာတဲ့ ဓာတ်ကို တုံ့ပြန်တာကြောင့်ပါ။ ဂျုံ၊ မြေပဲ၊ ခရုကမာ၊ အသား၊ ပုစွန်၊ သကြား၊ ဂလူ တန် စတာတွေနဲ့ ဓာတ်မတည့်တာ အများဆုံးဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တာဖြစ်တဲ့အခါ အများဆုံး တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေက အနီစက်ထွက်တာ၊ ပျို့အန်တာ၊ ယားယံတာ၊ အသက်ရှူကျပ်တာနဲ့ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းတွေက အစာနဲ့ ဓာတ် မတည့်ဖြစ်တတ်သူတွေအတွက် ကုန်ကျမှုသက်သာပြီး လွယ်ကူထိရောက်တဲ့ အိမ်တွင်းနည်းလမ်းတွေပါ။ ငှက်ပျောသီး စားပါ ငှက်ပျောသီးက ဓာတ်မတည့်တာ အတွက် အိမ်သုံးဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။ အစာအိမ်နာတာ၊ အရေပြားမှာ အနီစက်ဖြစ်တာတွေကို ကာကွယ်၊ ကုသ ပေးနိုင်ပါတယ်။ နေ့စဉ်ငှက်ပျောသီးစားတဲ့ အလေ့အကျင့်က အစားအသောက်ကြောင့် […]