“မျက်စိကလေးကျန်းမာဖို့ အာပာာရပြည့်အောင် စားကြစို့ (၂) – ဒေါက်တာညီညီကျော်”

အနီရောင် အသားများကို စားပေးပါ– အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သား စတာတွေ ပာာ ဇင့်ဓါတ် ကြွယ်ဝ တဲ့ အတွက် ဗီတာမင်A ကို အသည်းကတွေ ထွက်လာအောင် အားပေးတဲ့ အတွက် မျက်လုံးကျန်းမာရေး အတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် အနီရောင် အသားတွေ က တသ်ပါတ် ကို နှစ်ကြိမ်ထက် ပိုမစားသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနီရောင် အသား တွေ အလွန်အကျွံ စားမိရင် အူမကြီးကင်ဆာ (Colorectal Cancer) ဖြစ်ပွားစေပါတယ်။ ဒါကြောင့် တပါတ် ကို နှစ်ကြိမ်ထက် ပို မစားသင့်ပါဘူး။ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာ တွေ စားပေးပါ– လိမ္မ်ာသီး၊ […]

“မျက်စိကလေးကျန်းမာဖို့ အာပာာရပြည့်အောင် စားကြစို့ (၁) – ဒေါက်တာညီညီကျော်”

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ ဂိမ်းတွေ ခေတ်စားလာတာနှင့် အမျှ ကလေး၊ လူကြီး၊ ကျား၊မ မရွေး အချိန်တိုင်း အလိုလို မျက်စိနဲ့ ဖုန်း ပြတ်တယ်လို့ကို မရှိပါဘူး။ မျက်လုံးက အားစိုက်ပြီး စာရေး စာဖတ် လုပ်ရတာရယ်၊ ဖုန်း screen သေးသေးလေး ကိုအားစိုက် ထုတ်ပြီး ကြည့်လာတာများလာ တာရယ်တို့ကြောင့် မျက်စိညောင်းတာ၊ မျက်ရိုးကိုက်တာ၊ အမြင်အာရုံအားနည်းတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအပြင် အသက်ကြီးလာတာနှင့်အမျှ အတွင်းတိမ် ဖြစ်ပွားမှု့ ကလည်း များလာပါတယ်။ ဒါတွေ မဖြစ်အောင် ဖုန်းလျှော့သုံးဖို့၊ laptop သုံးတာလျှော့ဖို့ ပညာရှင် တော်တော် များများ က သတိပေးနေကြပေမယ့် တကယ့်တကယ်တမ်းတော့ နေ့စဉ် လုပ်ငန်းဆောင်တာ မှာ မဖြစ်မနေ ဖုန်းတွေ၊ Laptop […]

“ကာလတိုအတွင်း ဝိတ်တွေ အများကြီးလျှော့လိုက်ရင် ဘာတွေဖြစ်လာမလဲ – ဒေါက်တာညီညီကျော်”

ဒီရက်ပိုင်း ဝိတ်ချချင်တဲ့ သူတွေ များလာတာအမျှ social media တွေမှာလည်း အပြိုင်အဆိုင် ဝိတ်ချလာတာတွေ ခေတ်စားလာပါတယ်။ အဆိုးဆုံးကတော့ တလ အတွင်း ၁၅ ပေါင်၊ ပေါင် ၂၀ ချတာတွေပါ။ တကယ်အဲ့လောက်ကျနိုင်သလားဆိုတော့ ဘာမှ မစားပဲ ချမယ်ဆိုရင်တော့ ကျနိုင်ပါတယ်။ မနိုင်ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက် အဆမတန် ပိုလုပ်မယ်၊ အာပာာရ လည်း သင့်တင့်လျောက်ပတ်အောင် မစားဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်တော့ လုံးဝ မကောင်း လာနိုင်ပါဘူး။   ဒါဆိုရင် အချိန်ခဏလေး အတွင်းမှာ ဝိတ်အများကြီးလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ???   ရေဓါတ်ခမ်းခြောက်လာခြင်း – လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ရေဓါတ်နှင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့ […]

“ကိုယ်ကျွေးတာ ကလေးကမစားရင် မကျွေးတော့ဘူးလား – ဒေါက်တာစိမ့်”

ကျွေးတာကို ငြင်းရင် ဘယ်လိုကိုင်တွယ်မလဲ ကလေးတွေကို အစားကျွေးရတာ တကယ်မလွယ်ပါဘူး။ ကြေးများတဲ့ကလေးတွေဆို ပိုဆိုးပါတယ်။ မကျွေးလို့ကလည်းမရ။ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ လိုအပ်တဲ့အစာအာဟာရ လုံလုံလောက်လောက်ရပါမှ ကလေးဟာ ကျန်းမာသန်စွမ်းပြီး အရပ်အမောင်းရော၊ ကိုယ်လုံးကိုယ်ထည်ပါ ရှိသင့်တဲ့ အနေထားရမှာဖြစ်ပါတယ်။ အဲဒီတော့ သူတို့မစားချင်တိုင်း မကျွေးဘဲနေလို့မဖြစ်ပါဘူး။ ကလေးတွေကို ထမင်းကျွေးတော့မယ်၊ တစ်ခုခုကျွေးတော့မယ်ဆိုရင် သူတို့စားချင်လောက်မှာကို သူတို့ကိုယ်တိုင်ရွေးခိုင်းပါ။ ဘယ်လိုပုံစံစားချင်လဲ၊ ထမင်းဟင်းထည့်တာ၊ နယ်တာ၊ အသုတ်သုတ်တာ စတဲ့ ပြင်ဆင်နေချိန်မှာ သူတို့ပါ ပါဝင်ပြင်ဆင်ရတာကို ပျော်ကြပါတယ်။ ဒါမှလည်း စားဖို့ တက်ကြွနေကြမှာပါ။   ကလေးက မစားချင်လို့ငြင်းတဲ့အခါ အတင်းအကျပ်မစားခိုင်းဘဲ ချော့ပြောတာက ပိုကောင်းပါတယ်။ ကလေးတွေက အသစ်အဆန်းတစ်ခုခုကို စစားကြည့်ဖို့ ကြောက်ကြတယ်။ မရဲကြဘူး။ ဒါကို Neophobia လို့ခေါ်တယ်။ သူတို့မကြိုက်ဘူးဆိုပြီး အဲဒီအစားစာကို ရှောင်ကျွေးတာမျိုး၊ […]

“ငါးနှစ်အောက်ကလေးတွေကို အစာအာဟာရ မှန်မှန်ကန်ကန်ကျွေးတတ်ပြီလား – ဒေါက်တာစိမ့်”

ငါးနှစ်အောက်ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူစအရွယ်လေးတွေပဲဖြစ်ပါတယ်။ ဒီလိုအရှိန် ယူစအချိန်မှာ လုံလောက်တဲ့ အစာအာဟာရတွေကို စနစ်တကျကျွေးမွေးပေးမှသာ ကျန်းမာသန်စွမ်းတဲ့ကလေး တွေဖြစ်လာပြီး နိုင်ငံအတွက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းမြစ်ကောင်းလေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိဘ တွေဟာ အစာအာဟာရနဲ့ပတ်သက်ပြီး အသိမမှား၊ အယူအဆမမှားဘဲ မှန်မှန်ကန်ကန် ကျွေးမွေးစောင့်ရှောက် နိုင်စေဖို့အတွက် ငါးနှစ်အောက်ကလေးအာဟာရအကြောင်း သေချာနားလည်ထားဖို့ လိုပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အဓိကလိုအပ်တဲ့အာဟာရတွေကတော့ – ၁။ စွမ်းအင် (Calories) စွမ်းအင်ကိုဘာအတွက်လိုအပ်လဲ။ အင်္ဂါအစိတ်အပိုင်းတွေ သူ့အလုပ်သူကောင်းစွာလုပ်ဖို့ (Function) တက်ကြွရွှင်လန်းဖို့(Active) ကြီးထွားဖို့နဲ့ (Growth) ဖွံ့ဖြိုးဖို့ (Development) ဘာလို့ ၅ နှစ်ဝန်းကျင်ကလေးတွေမှာ ပိုအရေးကြီးလဲ။ ဒီအရွယ်တွေဟာ ကြွက်သားတွေ၊ အရိုးတစ်သျှူးတွေရဲ့ တဟုန်ထိုးကြီးထွားတဲ့အချိန် ဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးတဲ့အချိန်လည်းဖြစ်တာကြောင့် စွမ်းအင်လုံလုံလောက်လောက်ရဖို့ အင်မတန်အရေး ကြီးပါတယ်။ စွမ်းအင်ရဲ့ယူနစ် – […]

“အစားအသောက်ကပေးတဲ့ သက်ရှည်ကျန်းမာလှပခြင်း – ဒေါက်တာစိမ့်”

ကျွန်မတို့လူသားအားလုံးဟာချမ်းသာချင်တဲ့အပြင် အသက်လည်းရှည်ချင်ပါတယ်၊ လှလည်းလှချင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုသက်ရှည်ကျန်းမာလှပဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ထိန်းသိမ်းမှုတွေကိုမခက်မခဲလုပ်ယူလို့ရတယ်ဆိုတာကိုတော့ သတိမထားမိတတ်ကြပါဘူး။ အဲဒီအတွက် ကျမတို့နေ့စဉ် အစားအသောက်ကနေဘယ်လိုအကျိုးရှိစေမယ်ဆိုတဲ့အကြောင်း မျှဝေချင်ပါတယ်။ ဒါဆိုရင် အာဟာရအတွက် ဂရုတစိုက်စားပေးရသလိုကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ အလှအပအတွက်လည်းစနစ်တကျ စားပေးဖို့ အရေးကြီးတယ်ဆိုတာနားလည်လာပါလိမ့်မယ်။ . . (၁) သက်ရှည်ကျန်းမာဖို့ . . Non-communicable Diseases လို့ခေါ်တဲ့ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ရောဂါတွေထဲမှာသွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာစတဲ့ရောဂါတွေပါဝင်ပါတယ်။ ဒီရောဂါတွေဟာကိုယ်နေထိုင်စားသောက်တဲ့ပုံစံကြောင့်ဖြစ်ရတဲ့ ရောဂါမျိုးတွေပါ။ . . တစ်မျိုးဖြစ်ပြီဆိုရင်လည်းကျန်တဲ့နှစ်မျိုးကအလိုလိုဝင်လာတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါ တွေမဖြစ်လာအောင် ကာကွယ်မယ်ဆိုရင်ဖြစ်ဖြစ်၊ ဖြစ်နေရင်လည်းထိန်းချုပ်ချင်ရင်ဖြစ်ဖြစ် Life Style Modification ဆိုတဲ့ နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲပြုပြင်ခြင်းနည်းနဲ့ လုပ်လို့ရပါတယ်။ ဘယ်လိုတွေ စားရမလဲဆိုတော့ Starchy Carb နဲ့ Sugary Carb […]

“ကာဗိုဟိုက်ဒရိတ်တွေကို ရှောင်ရမှာလား – ဒေါက်တာစိမ့်”

အခုနောက်ပိုင်း ကာဗိုဟိုက်ဒရိတ်ကိုစားရင် ဝတယ်၊ အဆီတက်တယ်ဆိုပြီး ရှောင်သူတွေ များလာတာတွေ့ရပါတယ်။  ကာဗိုဟိုက်ဒရိတ်က မကောင်းတာတော့ မဟုတ်ပါဘူး။ တခြားအာဟာရဓာတ်တွေထက်တောင် ကျန်းမာရေးအတွက် ပိုကောင်းချင်ကောင်းနေနိုင်ပါတယ်။  အမှန်က ကျွန်မတို့ခနာကိုယ်က အင်္ဂါအစိတ်အပိုင်းအသီးသီးဟာ သူ့အလုပ်သူလုပ်ဖို့အတွက် စွမ်းအင်လိုပါတယ်။ လိုအပ်တဲ့စွမ်းအင်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကာဗိုဟိုက်ဒရိတ်ကပေးနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဟာ အစားစာတော်တော်များများနဲ့ အဖျော်ယမကာတွေမှာ တွေ့ရလေ့ရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။ ကာဗိုဟိုက်ဒရိတ်အများစုကို အစေ့အနှံလို အပင်ကရတဲ့အစားစာတွေမှာ တွေ့ရလေ့ရှိပါတယ်။ အစားအသောက်တွေထုတ်တဲ့အခါ ကာဗိုဟိုကဒရိတ်ကို ကစီဓာတ်နဲ့ သကြားဓာတ်အဖြစ်ထည့်သွင်းထားလေ့ရှိပါတယ်။   အဓိကအားဖြင့် ကာဗိုဟိုက်ဒရိတ် (၃) မျိုးရှိပါတယ်။ (၁) အချိုဓာတ်ကဲတဲ့ကာဗိုဟိုက်ဒရိတ် ဒါကတော့ သကြားကိုပြောတာပါ။ simple carbohydrate လို့ ခေါ်ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာဝအလျောက်ပါဝင်နေတဲ့ ကာဗိုက်ဟိုက်ဒရိတ်တစ်မျိုးပါ။ လိုအပ်တဲ့စွမ်းအင်ကို အများဆုံး […]

“ရှင်ဘုရင်လိုစားရတဲ့ မနက်စာ – ဒေါက်တာစိမ့်”

အိပ်စက်နေတဲ့တစ်ညလုံး အစာအာဟာရ ပျက်လပ်နေတာ (fasting)ကို ဖျတ်ဆီးပစ်(Break)တဲ့ အစားစာမို့ Breakfast လို့ခေါ်ကြတာပါ။ မနက်စာမစားဘဲ တစ်နေ့တာလုပ်ငန်းခွင်ဝင်မယ်ဆိုရင် ကားကိုဆီမဖြည့်ဘဲမောင်းနေတာနဲ့တူပါတယ်။ မနက်စာကို အိပ်ရာနိုးတာနဲ့ နှစ်နာရီအတွင်းစားပေးရမှာ ဖြစ်ပြီး တစ်နေ့တာအသုံးပြုမယ့် စွမ်းအင်ပမာဏရဲ့ ၂၀ – ၃၅ ရာခိုင်နှုန်းကို ပေးနိုင်ရမယ်ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ၃၀၀-၅၀၀ ကယ်လိုရီလောက်စားပေးသင့်ပြီး အမျိုးသားတွေကတော့ ၃၇၅ – ၆၂၅ ကယ်လိုရီ စားပေးသင့်ပါတယ်။ များသောအားဖြင့် ကျမတို့တွေက မနက်စာကို ကွတ်ကီးလေးတစ်ချပ်၊ ကော်ဖီလေးတစ်ခွက်နဲ့တင် တင်းတိမ် လိုက်ကြတာများပါတယ်။ အမှန်တော့ မနက်စာကို အစာအာဟာရပြည့်ပြည့်ဝဝပါတာမျိုး များများစား ပေးရမှာပါ။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဘီအုပ်စု၊ အသားဓာတ်၊ အမျှင်ဓာတ်တွေပါဝင်အောင် စားပေးရ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအာဟာရဓာတ်တွေဟာ တစ်နေ့တာမှာ မနက်စာနောက်ပိုင်းအစားစာတွေနဲ့ ပြန် […]

“ကလေးငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာများ – ဒေါက်တာညီညီကျော်”

ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။ ကလေးငယ်တွေ ကို ဆားများတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆားအရမ်းများရင် သူတို့လေးတွေ ရဲ့ကျောက်ကပ်အတွက် မကောင်းပါ။ ဆားများတဲ့ အစားအစာဆိုလို့ ငါးပိတို့ ငါးခြောက်တို့ကိုပဲ ရှောင်ခိုင်းတာ မပာုတ်ပါဘူး။  အသင့်စား အစား အစာတွေ ဖြစ်တဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အသင့်စား ခေါက်ဆွဲပြုတ်၊ အသင့်စား ဆန်ပြုတ် စတာတွေ ပာာ ဆားပမာဏ အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်တဲ့ အထဲမှာပါပါတယ်။     သကြား ရှောင်ပါ။ ကလေးငယ်ငယ်တွေ အတွက် သကြားမလိုပါ။ ငယ်ငယ်လေး တည်း က သကြားကို အစပျိုးပြီး မကျွေးသင့်ပါ။ ကြာလာတာနဲ့ အမျှ ကလေးငယ်တွေ က […]

Whey ပရိုတင်း

Whey ပရိုတင်းဆိုတာဘာလဲ Whey ပရိုတင်းဆိုတာ ချိစ်၊ နို့ခဲ၊ ဒိန်ခဲ ထုတ်လုပ်တဲ့အခါ ထွက်လာတဲ့ အရည်ကနေ အမှုန့်အဖြစ် ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Whey ပရိုတင်းက ဆွိုင်းပရိုတင်းနဲ့ မတူတဲ့အချက်က ခန္ဓာကိုယ်တွင်း Estrogen ဟော်မုန်း (‘မ’ ဟော်မုန်း) ကို မမြင့်တက်လာစေပါဘူး။ Whey ပရိုတင်းကို နွားနို့၊ ဒိန်ချဉ်၊ ချိစ်တွေ စတဲ့ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ Whey ပရိုတင်း ဘယ်နှမျိုးရှိလဲ Whey ပရိုတင်းမှာ Whey Protein Concentrate (WPC), Whey Protein Isolate (WPI), Hydrolyzed Whey Protein ဆိုပြီး သုံးမျိုးရှိပါတယ်။ WPC WPC မှာ ပါဝင်တဲ့ ပရိုတင်း […]