ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ ဂိမ်းတွေ ခေတ်စားလာတာနှင့် အမျှ ကလေး၊ လူကြီး၊ ကျား၊မ မရွေး အချိန်တိုင်း အလိုလို မျက်စိနဲ့ ဖုန်း ပြတ်တယ်လို့ကို မရှိပါဘူး။ မျက်လုံးက အားစိုက်ပြီး စာရေး စာဖတ် လုပ်ရတာရယ်၊ ဖုန်း screen သေးသေးလေး ကိုအားစိုက် ထုတ်ပြီး ကြည့်လာတာများလာ တာရယ်တို့ကြောင့် မျက်စိညောင်းတာ၊ မျက်ရိုးကိုက်တာ၊ အမြင်အာရုံအားနည်းတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအပြင် အသက်ကြီးလာတာနှင့်အမျှ အတွင်းတိမ် ဖြစ်ပွားမှု့ ကလည်း များလာပါတယ်။ ဒါတွေ မဖြစ်အောင် ဖုန်းလျှော့သုံးဖို့၊ laptop သုံးတာလျှော့ဖို့ ပညာရှင် တော်တော် များများ က သတိပေးနေကြပေမယ့် တကယ့်တကယ်တမ်းတော့ နေ့စဉ် လုပ်ငန်းဆောင်တာ မှာ မဖြစ်မနေ ဖုန်းတွေ၊ Laptop တွေ သုံးနေရတော့ လျှော့သုံးနိုင်ဖို့ ဆိုတာ ခက်ခဲလှပါတယ်။ လျှော့သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် လတ်တလော မလျှော့နိုင်သေးရင်တော့ အာပာာရ ပြည့်အောင်စားပြီး တဖက်တလမ်းကနေ ကာကွယ်နိုင်ပါတယ်။
ဘာတွေစားသင့်သလဲ???
- ငရုတ်ပွအနီ – ငရုတ်ပွ အနီ မှာ ဗီတာမင် C ကြွယ်ဝ တဲ့အတွက် မျက်လုံးမှာ ရှိတဲ့ သွေးကြောမျှင်လေးတွေ၊ သွေးကြောငယ် လေးတွေ အလွယ်တကူ ပေါက်လွယ်တာ ကို ကာကွယ်ပေး ပါတယ်။ ဗီတာမင် C တော့ အစားအစာတော်တော်များများ အထူးသဖြင့် အသီးအနှံ တော်တော်များများ (စတော်ဘယ်ရီ၊ မာလကာသီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ)မှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဗီတာမင် C ရဲ့ သဘာဝ အရ အပူပြင်းပြင်း နဲ့တွေ့ရင် အာနိသင် ပျက်သွားတတ်တဲ့ အတွက် ချက်ပြုတ်ပြီးစားရင်တော့ ဗီတာမင်C ပြည့်ပြည့်ဝဝ ရဖို့မလွယ်ပါဘူး။ ဒါကြောင့် စားတဲ့အသီးအနှံ တွေမှာပါတဲ့ ဗီတာမင်C ပြည့်ပြည့်ဝဝ ရဖို့ အတွက် အစိမ်းစားပေးဖို့လိုပါတယ်။ ဒီနေရာမှာ အစိမ်းစားမယ်ဆိုရင်တော့ ပိုးသတ်ဆေးနှင့် ဘတ်တီးရီးယား အန္တရာယ် ကာကွယ် နိုင်ရန် သေသေချာချာ ဆေးပေးဖို့လိုပါတယ်။ ဥပမာ- ဗင်နီဂါ နှင့်စိမ်ပြီးဆေးတာမျိုး၊ နာရီဝက် ရေစိမ်ပြီးမှ ရေသုံးထပ် ဆေးတာမျိုး စတာတွေ လုပ်ပေးသင့်ပါတယ်။
- အစေ့အဆန် စားပေးပါ – အကြမ်းဖျင်းအားဖြင့် အစေ့အဆန် တစ်အောင်စ (30 gram) စားပေးခြင်းဖြင့် ကျွန်တော်တို့ တနေ့တာ လိုအပ်တဲ့ ဗီတာမင်E ရဲ့ ၅၀ ရာခိုင်နှုန်း ရုပီးသားဖြစ်ပါမယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်များ အရ ဗီတာမင် E အသက်အရွယ် ကြီးရင် ဖြစ်တတ်တဲ့ မျက်စိရောဂါ (Age-related macular degeneration) ကို သက်သာစေပြီး အတွင်းတိမ် ဖြစ်ပွားမှု့ဘကြိ လည်းလျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် E က ဘယ်တွေမှာ ပါလဲ ဆိုတော့ မြေပဲ၊ နေကြာစေ့၊ မြေပဲထောပတ်၊ Almond စတာတွေ မှာပါ ပါတယ်။ ဒါပေမယ့် 30 gram က် ပို မစားသင့်ပါဘူး။ ကယ်လိုရီ များလို့ အလေးချိန် တက်စေပါတယ်။
- အစိမ်းရင့်ရောင် ပာင်းသီးပာင်းရွက်များ စားပေးပါ။ ဥပမာ- ကိုက်လန်၊ မုန့်ညှင်း၊ ပာင်းနုနွယ် စတဲ့ အရွက်တွေမှာ ဗီတာမင် C နှင့် ဗီတာမင် E ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် ဗီတာမင် A အုပ်စုဝင်တွေ ဖြစ်တဲ့ carotenoids lutein နှင့် zeaxanthin ပါတဲ့ အတွက် နာတာရှည် မျက်စီရောဂါတွေ ဖြစ်တဲ့ Age-related Macular Degeneration (AMD) နှင့် အတွင်းတိမ်မျက်စိ ရောဂါ(cataracts) ရောဂါဖြစ်ပွားမှု့ ကိုပါလျှော့ချပေးနိုင်ပါတယ်။
- ဆော်လမွန် (သို့) ပင်လယ်ငါးစားပေးပါ– အိုမီဂါ သရီး တွေ ဖြစ်တဲ့ EPA နှင့် DHA ကြွယ်ဝတဲ့ ဆော်လမွန် ငါး နှင့် တခြားသော ပင်လယ်ငါးတွေ စားပေးခြင်းအားဖြင့် Age-related Macular Degeneration (AMD) နှင့် ရေတိမ်ရောဂါ တွေ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ သရီး (Omega 3 fatty acids ) နည်းသွားရင် မျက်စိခြောက်တတ်ပါတယ်။
- လိမ္မော်ရောင် (သို့) အဝါရောင်ရှိတဲ့ အသီးအနှံ များစားပေးပါ– ဥပမာ- ကန်စွန်းဥအဝါ၊ မုန်လာဥနီ၊ ဂျပန်သခွါးမွှေး(လိမ္မော်)၊ သရက်သီး၊ ရွှေဖရုံသီး စတာတွေ မှာ အများသိတဲ့ အတိုင်း ဗီတာမင် A တစ်မျိုးဖြစ်တဲ့ beta-carotene (ဘီတာ ကရိုတင်း)ပါတဲ့ အတွက် ဗီတာမင် A ချို့တဲ့ရင်ဖြစ်တတ်တဲ့ ညဘက် အမြင်အာရုံချို့တဲ့တာ (Night Blindness) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်