သင့်အရေပြားက အထိမခံတဲ့ Sensitive Type မှန်းသိနိုင်တဲ့ အချက် (၆) ချက်

အရေပြားက လူ့ခန္ဓာကိုယ်မှာ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။ ကိုယ်ခန္ဓာကိုယ်ကြီး အပူအအေးမျှတအောင် ထိန်းညှိပေးတာ၊ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတာ စတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ထမ်းဆောင်ပေးပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ အရေပြားရဲ့ Sensitivity က မတူကြပါဘူး။ ဥပမာ – နေရောင်ဒဏ်ခံရပြီး တချို့လူမှာ ခဏနဲ့ ပြန်ကောင်းပေမဲ့ တချို့မှာတော့ အတော်ကြာမှ ပြန်ကောင်းတာမျိုးရှိပါတယ်။ Sensitive Skin အထိမခံတဲ့အသားအရေကို လူအများသတ်မှတ်ထားတာကတော့ အလွယ်တကူ ယားယံတာ၊ နီမြန်းတာ၊ နာကျင်လွယ်တာကို ခေါ်ကြပါတယ်။ တချို့အလှကုန်ပစ္စည်းတွေ လူအတော်များများနဲ့ တည့်ချင်တည့်မယ်၊ ဒါပေမဲ့ သင်အသုံးပြုတဲ့အခါ ယားတာ၊ နီမြန်းတာနဲ့ ဝက်ခြံတွေထိ ဖြစ်လာတတ်ပါတယ်။ တစ်ခါတလေ လေထုမသန့်တာ၊ ပတ်ဝန်းကျင်အခြေ အနေကြောင့်လည်း အခန့်မသင့်ရင် အရေပြားမှာ ထိခိုက်တတ်ပါတယ်။ Sensitive Skin […]