Warning: include(/home3/cp454974/public_html/goodhealthmyanmar.com/wp-admin/css/colors/modern/127100): failed to open stream: No such file or directory in /home3/cp454974/public_html/goodhealthmyanmar.com/wp-includes/class-wp.php on line 763

Warning: include(): Failed opening '/home3/cp454974/public_html/goodhealthmyanmar.com/wp-admin/css/colors/modern/127100' for inclusion (include_path='.:/opt/alt/php73/usr/share/pear') in /home3/cp454974/public_html/goodhealthmyanmar.com/wp-includes/class-wp.php on line 763
Thingyan – Good Health Journal

ရွှဲရွှဲစိုမယ့် သင်္ကြန်မှာ လည်လည် ထွက်မယ်ဆိုရင် . . .

သင်္ကြန်ရောက်တော့မယ်ဆိုရင် လူကြီးတွေရော၊ လူငယ်တွေရော ပျော်ကြတာ ထုံးစံပါ။ သင်္ကြန်မှာ အပြင်ကို ထွက်လည်မှ မဟုတ်ပါဘူး၊ တချို့က တရားစခန်းဝင်မယ်၊ တချို့က ခရီးထွက်ကြမယ်၊ လူငယ်တွေကလည်း လျှောက်လည်မယ်၊ တချို့ကျတော့လည်း အိမ်မှာပဲ အပြည့်အဝ အနားယူကြမယ်ဆိုပြီး ရည်ရွယ်ချက် ကိုယ်စီနဲ့ပေါ့။ ဒီဆောင်းပါး အတိုလေးမှာတော့ သင်္ကြန်မှာ အပြင်ထွက်လည်မယ့် လူငယ်တွေရော၊ လူကြီးတွေအတွက်ပါ သိထားသင့်တာလေးတွေ ရေးပေးလိုက်ပါတယ်။  Read more about ရွှဲရွှဲစိုမယ့် သင်္ကြန်မှာ လည်လည် ထွက်မယ်ဆိုရင် . . .

သင်္ကြန်မှာ ဆံပင်အရောင်လေးနဲ့ လန်းမယ်ဆိုရင် –

♥ သင်္ကြန်မှာ ဆံပင်အရောင်ကာလာစုံတွေကို တွေ့ရများပါတယ်။ တစ်နှစ်တာလုံး ပိတုန်းရောင်ဆံကေသာနဲ့ တွေ့ရပြီး သင်္ကြန်ရောက်မှ ဝါ၊ စိမ်း၊ နီ၊ ပြာ ဆံပင်ရောင်စုံတွေ ဆိုးလာကြတတ်တာကို တွေ့ရပါတယ်။ ဆေးဆိုးထားတဲ့ ဆံကေသာကို သင်္ကြန်ရေနဲ့ နွေအပူလှိုင်းတွေရဲ့ ဒဏ်ကြောင့် ပျက်စီးတာ လျှော့နည်းစေဖို့ ရေးသားလိုက်ပါတယ်။ ဆံပင်အရောင်ဆိုးဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် – ♥ ဆံကေသာအရောင်ဆိုးတာက ဘယ်လောက်တစ်ကြိမ် ဆိုးလို့ရလဲဆိုတော့ လူတစ်ယောက်စီအပေါ် မူတည်ပါတယ်။ ဆံပင်အရောင်ဆိုးတဲ့ အကြိမ်ရေကို လျှော့နိုင်သလောက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေတယ်လို့ သုတေသီတွေကတော့ ဆိုထားပါတယ်။ ♥ နောက်ပြီး ဆံပင်အရောင်ဆိုးဆေးတွေက အလာဂျီဖြစ်တတ်တာကြောင့် မဆိုးခင် အရေပြားမှာ ဆိုးဆေးအနည်းငယ်တင်ပြီး Patch Test အရင် စစ်ကြည့်ပါ။ ♥ ဆံပင်ဆိုးဆေးတွေကို မျက်တောင် မွေး၊ မျက်ခုံးမွေးတွေမှာ မဆိုးဖို့ကို FDA က […]