အမျိုးသမီးတို့နှင့်ပတ်သက်ပြီး သိထားသင့်သည့် အံ့သြဖွယ်ရာ အချက်များ

အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ်မှာ အံ့သြဖွယ်ရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာကျွမ်းကျင်သူတွေက ဖော်ထုတ် ထားပါတယ်။ သူတို့တစ်တွေဟာ ကလေးမွေးဖွားတဲ့အခါမှာ အလွန်အမင်း နာကျင်မှု ဝေဒနာကို ခံနိုင်ရည်ရှိတဲ့အပြင် အနံ့ခံအာရုံကလည်း အလွန်ကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။ အောက်ပါတို့ဟာ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အံ့သြဖွယ်ရာအချက်ရှစ်ချက်ဖြစ်ပါတယ်။

၁။ အမျိုးသမီးတွေရဲ့ ဦးနှောက်က အမျိုးသားတွေနဲ့ အလွန်ခြားနားပါတယ်
အမျိုးသား သိပ္ပံအကယ်ဒမီရဲ့ လေ့လာချက်အရ အမျိုးသားတွေရဲ့ ဦးနှောက်နဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ သိသိသာသာ ကွာခြားချက်ရှိတယ်လို့ သိရပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်မြေပုံကို သေချာဆန်းစစ်ပြီးတဲ့နောက်ပိုင်း မှာ အမျိုးသမီးတွေရဲ့ ဘယ်ဘက်ဦးနှောက်နဲ့ ညာဘက်ဦးနှောက်ဆက်သွယ်မှုဟာ အလွန်ကောင်းမွန်ပြီး အမျိုးသားတွေမှာတော့ ဦးနှောက်ရဲ့ အရှေ့ဘက်နဲ့ အနောက် ဘက်ခြမ်းဆက်သွယ်မှုက ပိုမိုကောင်းမွန်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ အမျိုးသားတွေက ပူးပေါင်းဆောင်ရွက်မှုနဲ့ သိမြင်မှုအပိုင်းမှာ ပိုမိုကောင်းမွန်ပြီး အမျိုး သမီးတွေက မှတ်ဥာဏ်နဲ့ ဆက်ဆံရေးပိုင်းမှာ အလွန်ထက်မြက်ပါတယ်။

၂။ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်ကြပါတယ်
အယ်လ်ဘားမားဇီဝဌာန တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ အမျိုး သမီးတွေက အမျိုးသားတွေထက် ပိုမိုအသက်ရှည်တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သိရှိလိုကြပေမယ့် အများစုကတော့ အမျိုးသားတွေက နှလုံးသွေးကြောရောဂါနဲ့ အဲဒီရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ဆက် တွဲပြဿနာတွေ အဖြစ်များကြတာကြောင့်လို့ သတ်မှတ်ကြပါတယ်။

၃။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေက အရောင်ကို မြင်ရပုံချင်း မတူညီ ကြပါဘူး
အစ္စရေးနိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ စိတ်ပညာဌာန ပါမောက္ခက ပြုလုပ်တဲ့ လေ့ လာမှုအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ အရောင်မြင်ရပုံချင်း မတူညီကြဘူး လို့ သိရပါတယ်။ တူညီတဲ့အကွာအဝေးမှာ ရှိတဲ့ အရောင်တွေကို ကြည့်ရှုရာမှာ အမျိုး သားတွေက အမျိုးသမီးတွေထက် အရောင်လှိုင်း ပိုရှည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အရောင်လှိုင်းရှည်တာက Warmer Tone နဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် အမျိုးသမီး တွေ မြင်ရတဲ့ လိမ္မော်ရောင်ဟာ အမျိုးသားတွေအတွက် အနီရောင်ဖြစ်နေတတ်ပါတယ်။

၎။ အောက်ဆီတိုစင်က အမျိုးသမီးတွေအတွက် ပိုအသုံးတည့်ပါတယ်
အချစ်ဟော်မုန်းလို့ ခေါ်တဲ့ အောက်ဆီတိုစင်ဟာ အမျိုးသားနဲ့ အမျိုးသမီးတွေ မှာ အသုံးတည့်ပုံချင်း မတူညီကြပါဘူး။ ဒီဟော်မုန်းကြောင့် Sex ကိစ္စမှာ စိတ်ခံစားမှု ကောင်းမွန်မှုရရှိကြတယ်ဆိုပေမယ့် အမျိုးသမီးတွေအတွက်မှာတော့ သူတို့ကလေး ကို မိခင်နို့တိုက်ကျွေးတဲ့အခါမှာလည်း အောက်ဆီတိုစင်ကြောင့် စိတ်ကျေနပ်နှစ်သိမ့် မှု ပိုမိုရရှိကြပါတယ်။ ဒါ့အပြင် အောက်ဆီတိုစင်က ကလေးမွေးဖွားရာမှာလည်း သား အိမ်ညှစ်အားရရှိဖို့အတွက် များစွာ တာဝန်ယူပေးသလို ကလေးမွေးပြီး သားအိမ်ပြန် လည် ကျုံ့သွားဖို့အတွက်လည်း ကူညီပေးပါတယ်။

၅။ အမျိုးသမီးတွေရဲ့ ဦးနှောက်တည်ဆောက်ပုံကလည်း အမျိုးသားတွေနဲ့ ကွဲပြားကြပါတယ်
အီဒင်ဘာရာတက္ကသိုလ်မှ သုတေသီတွေက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဦး နှောက်တည်ဆောက်ပုံကွာခြားကြတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာ မှုအရ အမျိုးသားတွေရဲ့ ဦးနှောက်ပမာဏက ပိုမိုမြင့်မားပေမယ့် အသိဥာဏ်ကို တာ ၀န်ယူတဲ့ ဦးနှောက်ရဲ့ Cerebrum ကို ဖုံးအုပ်ထားတဲ့အလွှာက အမျိုးသမီးတွေမှာ အမျိုး သားတွေထက် ပိုမိုပြီး ကြီးမားတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက အမျိုး သားတွေထက် IQ ပိုမြင့်ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၁၀ တန်း အောင်ပြီး ဆေးကျောင်းတက်ခွင့်အမှတ်နဲ့ ခွဲကြရာမှာ အမျိုးသမီးတွေအတွက် ဆေးကျောင်းဝင် ခွင့်အမှတ်ဟာ အမျိုးသားတွေထက် မြင့်မားနေတာက သာဓကတစ်ခုဖြစ်ပါတယ်။

၆။ အမျိုးသမီးတွေက အရက်သောက်ရင် မူးတာ ပိုမြန်ပါတယ်
ခန္ဓာကိုယ်ရဲ့ အယ်လ်ကိုဟောပေါ်မှာ ခံနိုင်ရည်ရှိမှုဟာ သင့်အစာအိမ်ထဲက ထုတ်လုပ်တဲ့ အင်ဇိုင်း၊ အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျန်းနစ်ပေါ်မှာ မူတည်ပါတယ်။ ဒီအင်ဇိုင်းဟာ အရက်တွေ သွေးကြောထဲ မရောက်ခင်မှာ အရက်ကိုဖြိုခွဲဖို့ ကူညီပါ တယ်။ ခန္ဓာကိုယ်ထဲမှာ အင်ဇိုင်းနည်းလေလေ၊ အရက်က သွေးကြောထဲကို ပိုမို ရောက်ရှိသွားပြီး အရက်မူးလွယ်လေလေ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် မှာ အမျိုးသားတွေနဲ့စာရင် ဒီအင်ဇိုင်းလျော့နည်းနေတယ်လို့ သုတေသီတွေက တွေ့ရှိ ထားပါတယ်။

၇။ အမျိုးသမီးတွေက ဇက်ကြောပိုတက်တတ်ကြပါတယ်
အမျိုးသမီးတွေရဲ့ ကုပ်လည်ပင်းရိုးချပ်ပြားဟာ အမျိုးသားတွေထက်စာရင် ပိုမိုပျက်စီး လွယ်ကြပါတယ်။ လည်ပင်းရိုးချပ်ပြားပျက်စီးသွားတာကြောင့် ဇက်ကြော တက်တာ၊ ထုံတာ၊ ကျဉ်တာနဲ့ ဇက်ကြောခိုင်တာလိုမျိုး ဝေဒနာတွေ ခံစားရလွယ်ပါ တယ်။ အထူးသဖြင့် ခေါင်းကို ရွေ့လျားတဲ့အခါ ဒါမှမဟုတ် မတ်တတ်ရပ်တဲ့အခါ မှာ လည်ကုပ်နာကျင်မှု ရရှိလွယ်ပါတယ်။

၈။ အမျိုးသမီးတွေက အိပ်စက်မှုပြဿနာမကြာခဏဖြစ်တတ်ကြပါတယ်
သြစတြေးလျနိုင်ငံမှ သုတေသီတွေရဲ့ လေ့လာမှုအရ အမျိုးသမီးတွေက အမျိုး သားတွေနဲ့နှိုင်းယှဉ်ရင် နေ့ခင်းအိပ်ငိုက်တာအပါအ၀င် အိပ်စက်မှုပြဿနာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာနဲ့ ပင်ပန်းလွယ်တာတွေကလည်း အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များကြပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ်မှာလည်း ပိုမိုပြ ဿနာရှိတယ်လို့ ဆိုပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *