ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရောဂါမဖြစ်ပွားအောင်

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားများတာကြောင့် မိခင်ရောကလေးပါ ထိခိုက်နိုင်ပါတယ်။ သွေးဖိအားက အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ အထက် ရှိပါက သွေးတိုးရောဂါရှိတယ် လို့ ဆိုနိုင်ပါတယ်။ သွေးဖိအားများတာကြောင့် နှလုံး ရောဂါ၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ ကျောက်ကပ်ပြဿနာ ဖြစ်နိုင်ခြေတွေ မြင့်မားစေပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ သွေးဖိအားများပါက ကိုယ်ဝန်ဆိပ်တက်နိုင်ခြေကို မြင့်မားစေပါ တယ်။ ကိုယ်ဝန်ဆိပ်တက်တာကြောင့် မိခင်ရောကလေးပါ အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပါ တယ်။

ဖြစ်နိုင်ခြေရှိသူများ
အသက် ၄၀ နှစ်နဲ့အထက် ကိုယ် ဝန်ဆောင်မိခင်နဲ့ အသက် ၂၀ နှစ်အောက် ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန် ဆောင်ချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်အလေးချိန်များတာ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှု မရှိတာ၊ အာ ဟာရချို့တဲ့တာ၊ အမြွှာကလေးကိုယ်ဝန် ဆောင်ဖြစ်တာ၊ နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုသွေးချို ဒါမှမဟုတ် အရေ ပြားလေးဖက်နာရှိတာ စတာတွေရှိနေ ပါက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအား မြင့်မားနိုင်ခြေများပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

ဆားလျှော့စားတဲ့အကျင့်ကို မွေး မြူပါ
သင်က အငန်ကြိုက်တတ်သူတစ် ယောက်ဖြစ်ပါက ကိုယ်ဝန်မဆောင်ခင် ကတည်းက ဆားလျှော့စားတတ်တဲ့ အ ကျင့်ကို မွေးမြူဖို့လိုပါတယ်။ အရွယ် ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ် နေ့ကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထက် ပိုပြီး မစားသင့်ပါဘူး။ ကိုယ်ဝန် ဆောင်ချိန်မှာ အဆင်သင့်စာတွေ စား သုံးမှုကိုလျှော့သင့်ပါတယ်။ အဆင်သင့် စာတွေထဲမှာ ဆားပါဝင်မှုများနေတတ် တာကြောင့်ပါ။
ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ က ကိုယ်အလေးချိန် များနေတတ်ပြီး ကိုယ် ဝန်ဆောင်ချိန်မှာရော ကလေးမွေးပြီး နောက်မှာ ပါ သွေးတိုးရောဂါဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ တတ်ကျွမ်း နားလည်သူနဲ့ စနစ်တကျ လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အလွယ်ဆုံးနည်းလမ်းက တော့ နေ့စဉ်လမ်းလျှောက်ပေးတာပါ။

သွေးဖိအားကို သိအောင်လုပ်ပါ
အပေါ်မှာပြောခဲ့တဲ့ ဖြစ်နိုင်ခြေများ တဲ့အချက်တွေ သင့်မှာရှိနေပါက ကိုယ် ဝန်မဆောင်ခင် အချိန်ကတည်းက သင် ရဲ့သွေးဖိအားကို သိထားဖို့ လိုပါတယ်။ သွေးဖိအားကို ပုံမှန်တိုင်းတာထားပြီး သိ ရှိထားပါက ပုံမှန်ဖြစ်အောင် ထိန်းထား နိုင်မှာ ဖြစ်ပါတယ်။

သောက်နေသော ဆေးဝါးများကို စစ်ဆေးပါ
တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုး ကျိုးကြောင့် သွေးဖိအား မြင့်မားတတ်ပါ တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်သ ဘောနဲ့ကိုယ် ဆေးဝါးတွေကို မသောက် သုံးသင့်ဘဲ ဆရာဝန် ညွှန်ကြားချက်နဲ့သာ ဆေးဝါးတွေကို သောက်သုံးရမှာဖြစ်ပါ တယ်။ တကယ်လို့ သွေးဖိအားမြင့်မားနေ ပါက သောက်နေတဲ့ ဆေးဝါးတွေကို ဆရာဝန်ထံပြန်လည်ပြောပြပြီး စစ်ဆေး ဖို့ လိုပါတယ်။

ပုံမှန်စစ်ဆေးမှု ခံယူပါ
ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဆရာ ဝန်ထံ ပြောပြပြီး သွေးဖိအားကို ပုံမှန်ဖြစ် အောင်ထိန်းထားနိုင်ဖို့ လိုပါတယ်။ ကိုယ် ဝန်ရှိပြီဆိုတာ သိသိချင်းကတည်းက သားဖွားနဲ့မီးယပ်ဆရာဝန်ထံပြသပြီး ဆရာဝန်ရဲ့ သတ်မှတ်ရက်ချိန်းအတိုင်း မှန်မှန်ပြသဖို့လည်း လိုအပ်ပါတယ်။ သွေး ဖိအားတိုင်းတာတဲ့ ကိရိယာကို အိမ်မှာ ဝယ်ထားပြီး နေ့စဉ်တိုင်းတာနိုင်ရင် ပို ကောင်းပါတယ်။

ဆေးလိပ်နဲ့အရက် ဝေးဝေး ရှောင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေး ငယ်ကိုမထိခိုက်စေဖို့ ဆေးလိပ်နဲ့ အရက် ကို ဝေးဝေးက ရှောင်ကြဉ်ဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ အရက်တွေ သောက်သုံးတာက သွေးဖိအားကိုလည်း မြင့်မားစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *