သင့်အနေနဲ့ အလုပ်များသူတစ်ယောက်ဖြစ်နေရင် သင့်အတွက် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သင်ရဲ့ အားလပ်ချိန်အတွင်းမှာပဲ အရွယ်တင်နုပျိုပြီး ကိုယ်အလေးချိန်လျော့ကျသွားအောင် ပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။ လိုချင်တဲ့ရလဒ်ရဖို့အတွက် အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက်တော့ ဒီအပြုအမူတွေကို ပြုလုပ်ပေးပါ။
အရေးကြောင်းပျောက်ကင်းဖို့ နဖူးကိုနှိပ်နယ်ပေးပါ။
– စားပွဲခုံတစ်ခုပေါ်မှာ တံတောင်ဆစ်ထောက်ပြီး လက်ဖဝါးကို နဖူးရှေ့မှာ ထောင်လိုက်ပါ။
– လည်ပင်းကို ဖြေလျှော့ထားပြီး လက်ဖနောင့်ကို နဖူးပေါ်တင်ပေးပါ။
– လက်ဖနောင့်ကို အသုံးပြုပြီး မျက်ခုံးနေရာ ကနေ နဖူးစပ်နေရာအထိ အနည်းငယ်ဖိအားပေးကာ စက်ဝိုင်းပုံသဏ္ဌာန်နှိပ်နယ်သွားပါ။
– နဖူးတစ်ခုလုံးအနှံ့ နှိပ်ပေးပါ။
– မျက်ခုံးကနေစတင်ပြီး နဖူးစပ်အထိသာ အမြဲ တမ်းနှိပ်ပေးရပါမယ်။ (တခြားနေရာကနေ စတင်ပြီး မနှိပ်နယ်ပါနဲ့)
လုပ်ဆောင်ရန်အကောင်းဆုံးအချိန်
– ရုံးဖွင့်ရက်များ
ပြန်ရည်ကြောစနစ် လည်ပတ်မှုကောင်းမွန်ဖို့ ခြေ ဖနောင့်မြှင့် လေ့ကျင့်ခန်းပြုလုပ်ပါ
ပြန်ရည်ကြောစနစ်လည်ပတ်မှု ကောင်းမွန်ဖို့၊ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကောင်းမွန်ဖို့နဲ့ မနက်စောစောမှာ လန်းလန်းဆန်းဆန်းရှိနေဖို့ အတွက် အောက်ပါလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။
– သင့်ခြေဖနောင့်ကို မြေပြင်ပေါ်မှ တစ်စင်တီမီ တာလောက် မြင့်တက်သွားဖို့ ခြေဖျားထောက် လိုက်ပါ။
– ပြီးရင် မူလနေရာအတိုင်း ပြန်ထားပါ။ (ဆောင့် ပြီး ပြန်မချပါနဲ့)
– ဒီလိုပြုလုပ်တာကြောင့် ခေါင်းမူးတဲ့ ဝေဒနာ ခံစားခဲ့ရရင် အံကြိတ်ထားပါ။
– တစ်နေ့ အကြိမ် ၁၀၀ ပြုလုပ်ပါ။
– ဒီလေ့ကျင့်ခန်းကို ဖိနပ်မစီးဘဲ ပြုလုပ်ပါ။
လုပ်ဆောင်ရန်အကောင်းဆုံးအချိန်
– ရေချိုးခန်းအတွင်း ရေမချိုးမီ၊
– တောင်တက်အပြီး
လက်ဖမိုးပေါ်က သွေးကြောထောင်တာတွေ ကင်း ဝေးဖို့ လက်သီးဆုပ်လေ့ကျင့်ခန်းပြုလုပ်ပါ
သင့်လက်ချောင်းပေါ်က သွေးပြန်ကြောတွေ ကျန်းမာသန်စွမ်းပြီး ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမွန် ဖို့အတွက် လက်သီးဆုပ်လေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်ပေးပါ။
ဒီလိုပြုလုပ်တာကြောင့် လက်ပေါ်မှာ ထောင် နေတဲ့သွေးကြောတွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။
– လက်သီးဆုပ်ပါ။
– ပြီးရင် လက်သီးပြန်ဖြေပါ။
– တစ်ကြိမ်ကို အခါ ၂၀ နှုန်းနဲ့ တစ်နေ့သုံး လေးကြိမ် ပြုလုပ်ပေးပါ။
လုပ်ဆောင်ရန်အကောင်းဆုံးအချိန်
– နေ့ခင်းဘက် (ထမင်းစားချိန်^ လက်ဖက်ရည် သောက်ချိန်)
တံခါးအသုံးပြုပြီး သင်ရဲ့ ကိုယ်နေဟန်ထားကို ထိန်းညှိပါ
ဒီဆွဲဆန့်လေ့ကျင့်ခန်းက လူကြီးရော၊ ကလေး အတွက်ပါ အသုံးဝင်ပါတယ်။ ပခုံးအနေအထား မှန်ကန်နိုင်ပြီး နောက်ကျောကြွက်သားတွေ သန်မာ ကာ ခန္ဓာကိုယ်မတ်မတ်နေနိုင်ဖို့ ကူညီနိုင်ပါတယ်။
– တံခါးပေါက်အရှေ့မှာ မတ်တတ်ရပ်ပါ။
– သင့်လက်နှစ်ဖက်နဲ့ တံခါးတွေကို ခါးနေရာ လောက်ကနေ နောက်ပြန်ကိုင်ထားပါ။
– ပြီးရင် အရှေ့ကို ကုန်းလိုက်ပါ။
– ဒီအနေအထားအတိုင်း ၁၀-၂၀ စက္ကန့်အထိ နေပါ။
– မူလနေရာအတိုင်း ပြန်နေပါ။
– တစ်နေ့အတွက် အကြိမ်ကြိမ်ပြုလုပ်နိုင်ပြီး တံခါးကို ဆုပ်ကိုင်ထားတဲ့အချိန်ကို တဖြည်းဖြည်း မြှင့်တင်သွားပါ။
– သင့်လက်နေရာကလည်း ခါးနေရာတင် မဟုတ်ဘဲ တဖြည်းဖြည်း အပေါ်ဘက်ကို မြင့်တက် နိုင်အောင် ပြုလုပ်သွားပါ။ အပေါ်ရောက်လေလေ၊ ကြွက်သား သန်မာမှုအားကောင်းလေလေပါ။
လုပ်ဆောင်ရန် အကောင်းဆုံးအချိန်
– ရေချိုးရန် ရေချိုးခန်းအတွင်းမဝင်မီ ရေချိုး ခန်းတံခါးကို ကိုင်ကာပြုလုပ်ပါ။
တင်ပါးတောင့်တင်းမှုရှိအောင် တင်ပါးကြွက်သား ညှစ်လေ့ကျင့်ခန်းကို ပြုလုပ်ပါ
– တင်ပါးကြွက်သားကို စက္ကန့် ၂၀ ခန့်ညှစ်ထားပါ။
– ပြီးရင် ပြန်လည်ဖြေလျှော့ပါ။
– ၁၀ စက္ကန့်ခန့်နားပြီး နောက်တစ်ကြိမ်ပြန်လုပ်ပါ။
– စုစုပေါင်း ငါးကြိမ်ပြုလုပ်ရပါမယ်။
– လမ်းလျှောက်နေစဉ်အတွင်းလည်း တင်ပါးကို တောင့်ပြီး ညှစ်ထားပါ။
– ညာဘက်ခြေလှမ်းလှမ်းတဲ့အခါ ညာဘက်တင် ပါးကို တောင့်ပြီး ဘယ်ဘက်ခြေလှမ်းလှမ်းတဲ့အခါ ဘယ်ဘက် တင်ပါးကိုတောင့်ပါ။
– တစ်ကြိမ်ကို ခြေလှမ်း ၃၀ ခန့် ပြုလုပ်ပါ။
– တစ်နေ့ ငါးကြိမ်ပြုလုပ်ရပါမယ်။
လုပ်ဆောင်ရန် အကောင်းဆုံးအချိန်
– နေ့ခင်းပိုင်း
ခြေထောက်မှသွေးပြန်ကြော ဖောင်းကားမှုမရှိ အောင် ခြေထောက်တုန်ခါတဲ့လေ့ကျင့်ခန်း ပြုလုပ်ပါ
– ကြမ်းပြင်ပေါ် ဒါမှမဟုတ် ဆိုဖာရှည်တစ်ခုပေါ် မှာ ပက်လက်အိပ်ပါ။
– ခြေထောက်ကို အပေါ်မြှောက်ပြီး နံရံနဲ့ထောက် ထားပါ။
– ဒီအနေအထားနဲ့ တစ်မိနစ်ခန့်နေပြီး ခြေဖျား ထိပ်ကို ကွေးလိုက်၊ ကော့လိုက် ပြုလုပ်ပါ။
– ပြီးရင် ခြေထောက်တွေကို အနောက်မှ အရှေ့ သို့ နှစ်မိနစ်ခန့် တ