ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ ပရိုတိန်းလုံလောက်စွာ မစားသုံးပါက ကလေးတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများ

ဗြိတိန်ကျန်းမာရေးစာစောင်ကနေ ဖော်ပြခဲ့တဲ့ သုတေသနလေ့လာမှုအသစ် အရ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက် မိခင်တွေ ပရိုတိန်းလုံလောက်အောင် မစားသုံးပေးဘူးဆိုရင် ကလေးတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုများနိုင် တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းမှာ ပရိုတိန်းစားသုံးမှုအခြေအနေအမျိုးမျိုး ကို မိခင်ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့ ကြတာဖြစ်ပြီး ပရိုတိန်းအနည်းငယ်သာ စားသုံးရတဲ့ မိခင်ကြွက်တွေရဲ့ မျိုးဆက် ကြွက်ထီးတွေ အရွယ်ရောက်လာချိန်မှာ ဆီးကျိတ်ကင်ဆာဖြစ်တာကို လေ့ လာတွေ့ရှိခဲ့ရပြီး ပရိုတိန်းလုံလောက်စွာ စားသုံးရတဲ့မိခင်ကြွက်တွေက မွေးတဲ့ ကြွက်ထီးတွေမှာတော့ ပရော့စတိတ်ကင် ဆာမဖြစ်တာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပါမောက္ခ လူးဝစ်ဂျပ်စတူလင်က ဆိုပါ တယ်။ အသက်ကြီးလာတဲ့အခါမှာ အစားအသောက်ကြောင့် အီစထရိုဂျင်နဲ့ တက်စထရိုစတီရုန်းအဆင့်တွေပြောင်းလဲ နိုင်တာကြောင့်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပါတယ်။ ဒီဟော်မုန်းတွေ ပြောင်းလဲတာက အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်တဲ့အဓိက အကြောင်းရင်း တွေ ဖြစ်ပါတယ်။ ပရိုတင်းအစားနည်း တဲ့သူတွေက အသက်ကြီးလာရင် အီစထ ရိုဂျင်အဆင့်က နှစ်ဆခွဲနဲ့ တက်စထရို စတီရုန်းအဆင့်က ခြောက်ဆလောက် သိသိသာသာ လျော့ကျသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

◘ (DM, 16.8.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *