ခွဲစိတ်လူနာအတွက် လိုအပ်သော အာဟာရအကြောင်း

ဘ၀မှာ အစာဆိုတာမရှိမဖြစ် လို အပ်ပါတယ်။ ဆရာဝန်တွေကလည်း လူ နာအတွက် အာဟာရဓာတ်ရှိဖို့ အာရုံစိုက် ရပါတယ်။ ဆေးရုံတက်နေတဲ့လူနာတွေ ရဲ့သုံးပုံတစ်ပုံလောက်ဟာ ပရိုတင်း၊ ကယ်လိုရီချို့တဲ့နေကြပြီး သုံးပုံနှစ်ပုံက တော့ ဆေးရုံကဆင်းသွားတဲ့အခါ အာ ဟာရချို့တဲ့တာ၊ ကိုယ်အလေးချိန် ကျ သွားတာတွေဖြစ်သွားတတ်ကြပါတယ်။

အာဟာရချို့တဲ့ခြင်း
ဝနေတဲ့လူတစ်ယောက်မှာ အာဟာ ရချို့တဲ့လို့ ကြွက်သားသိမ်လှီနေတာ မရှိဘူးလို့မထင်လိုက်ပါနဲ့။ အဆီဓာတ် တွေကြောင့် ကြွက်သားသိမ်လှီတာကို မ မြင်ရတာပါ။ ဒါကို Sarcopenic Obes-ity လို့ခေါ်ပါတယ်။ သူတို့တစ်တွေ ဟာ ဇီဝကမ္မဆိုင်ရာရောဂါစုတွေ၊ ခွဲစိတ်ပြီးတဲ့ အခါနောက်ဆက်တွဲဆိုးကျိုးတွေ ဝင်လာ ပါတယ်။ အာဟာရချို့တဲ့ရင် လူတစ် ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ၊ လှုပ်ရှား မှု၊ ပုံပန်းသဏ္ဌာန်အပေါ် သက်ရောက်စေ ပါတယ်။ ခွဲစိတ်ပိုင်းမှာကျ ခန္ဓာကိုယ်အ ဆီမရှိတာဟာ ကောင်းကျိုးတစ်ခုရရှိပါ တယ်။ ဆရာဝန်အတွက် ခန္ဓာဗေဒ ကောင်းကောင်းမြင်ရလို့ ခွဲစိတ်ဖို့လွယ်ကူ Pneumonia ရောဂါ၊ ဒဏ်ရာပိုးဝင်တာ၊ ဆေးရုံတက်ရက်ကြာရှည်တာဖြစ်တတ် ပါတယ်။

ဝိသေသလက္ခဏာ နှစ်မျိုး
ခွဲစိတ်လူနာမှာ အာဟာရချို့တဲ့တဲ့ အခါ ဝိသေသလက္ခဏာနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက အစာမစားတာဟာ ရော ဂါရဲ့အကျိုးကြောင့်ဖြစ်လာတာပါ။ အဲဒီ လိုအစာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့စွမ်း အင်နဲ့ ပရိုတင်းသိုလှောင်မှုဆုံးရှုံးစေပါ တယ်။ ဒုတိယတစ်ခုက ရောင်ရမ်းတာ၊ ဖိစီးတာတွေကြောင့် ဇီဝကမ္မအာနိသင် တွေရှိလာပါတယ်။ ဆိုလိုတာက ပျက်စီး မှုများတာ၊ အအ်ါမှုနည်းတာတွေပါ။ အဲ ဒီလိုပြောင်းလဲတာတွေကြောင့်သွေးထဲ မှာ Albumin ဓာတ်နည်းတာ၊ ကြွက် သား သိမ်လှီတာ၊ ရေဓာတ်စုပုံတာဖြစ် စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဟာရ ချို့တဲ့တာက အစာမစားလို့ဖြစ်ရသလို ပါးစပ်ကနေလည်း မစားတာ၊ ဇီဝကမ္မ ပြောင်းလဲတာတွေကြောင့်လည်း ဖြစ်ရပါ တယ်။

အာဟာရဓာတ်တိုင်းတာခြင်း
ခန္ဓာကိုယ်ရဲ့အဓိကစွမ်းအင်သို လှောင်မှုဟာ အရေပြားအောက်ဘက်နဲ့ ဝမ်းဗိုက်တွင်းအဆီတွေမှာဖြစ်ပါတယ်။ သိုလှောင်ထားတဲ့အဆီတွေ ဆုံးရှုံးတာက လုပ်ငန်းတာဝန်ကို မထိခိုက်စေပါဘူး။ ခန္ဓာကိုယ်မှာ ပရိုတင်းအတွက်သိုလှောင် မှုမရှိပါဘူး။ အစာမစားရတဲ့အချိန်တွေမှာ ဆို ကြွက်သားနဲ့ အူတွေကနေ amino acid ထုတ်ပြီး လုပ်ငန်းချို့ယွင်းတာတွေ ဖြစ်စေပါတယ်။
အာဟာရဓာတ်တိုင်းတာတဲ့အခါ လတ်တလော အစာစားတာ၊ စွမ်းအင်နဲ့ ပရိုတင်းသိုလှောင်မှုပမာဏ၊ လူနာရဲ့ပုံ ပန်းသွင်ပြင်အခြေအနေတွေနဲ့ တွက် ချက်ရပါတယ်။ ဥပမာ လူနာတစ်ယောက် က အစာမစားရတာ ငါးရက်ရှိပြီ။ နောက် ပိုင်းအစာစားချင်စိတ်မရှိတာ၊ ပျို့တာ၊ အန်တာတွေဖြစ်နေတယ်ဆိုရင် အစာဝင် တာနည်းနိုင်ခြေရှိပြီး အာဟာရဓာတ်ချို့ တဲ့တတ်ပါတယ်။ စွမ်းအင်သိုလှောင်မှု ပမာဏတိုင်းတာတဲ့အခါ အရေပြား အောက်အဆီဆုံးရှုံးတာ၊ ပရိုတင်းသို လှောင်တာအတွက် ကြွက်သားကိုကြည့် ရပါတယ်။ နောက်တစ်နည်းBody Mass Index (BMI) နဲ့လည်းတွက်လို့ ရပါတယ်။ BMI လိုချင်ရင် ကိုယ်အလေး ချိန်ကီလိုဂရမ်ကို အရပ် ခာ၂ နဲ့စားလိုက် ပါ။ ပုံမှန် BMI ဟာ ၁၈ ဒသမ ၅ ကနေ ၂၄ ဒသမ ၉ အထိရှိရပါမယ်။ ၁၈ အောက်ဆို ပရိုတင်း၊ ကယ်လိုရီချို့တဲ့နေ တယ်လို့ ယူဆရပါတယ်။ ၂၅ ကနေ ၂၉ ဒသမ ၉ ဆို ၀လာဖို့ အစပြုနေတာဖြစ်ပြီး ၃၀ ကနေ ၃၉ ဒသမ ၉ ဆိုရင် ၀နေတာ ပါ။ ၄၀ အထက်ဆိုရင်တော့ အဝလွန်တာ ဖြစ်နေပါပြီ။

အာဟာရလိုအပ်ချက်တိုင်းတာခြင်း
စွမ်းအင်နဲ့ပရိုတင်း ဒါမှမဟုတ် နိုက် ထရိုဂျင်လိုအပ်တာဟာ ကိုယ်အလေး ချိန်၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ လှုပ်ရှားမှု၊ စားသောက်မှု တွေအပေါ်မူတည်ပြီး ပြောင်းလဲသွားပါ တယ်။ လူနာအတော်များများအတွက် ကိုယ်အလေးချိန်နဲ့ ရုပ်ပိုင်းဆိုင်ရာအခြေ အနေတွေနဲ့တင် လုံလောက်ပါတယ်။ ခွဲ စိတ်လူနာတွေ နောက်ဆက်တွဲဆိုးကျိုး မဝင်ရင် စွမ်းအင်ကို 24kcal/kg/day၊ ပရိုတင်းဓာတ်ကို 1kcal/kg/day လို အပ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုး ဝင်နေရင်တော့ စွမ်းအင်ကို ၃၀ ကနေ ၃၅ လောက်အထိလိုအပ်ပြီး ပရိုတင်းကို ၁ ဒသမ ၃ ကနေ ၁ ဒသမ ၅ လောက် အထိ လိုအပ်ပါတယ်။ အာဟာရလိုအပ် ချက်အသေးစိတ်တိတိကျကျ တိုင်းချင် ရင် ၂၄ နာရီပတ်လုံး ဆီးထဲက ကမနa ဓာတ်စွန့်ထုတ်ပြီး တိုင်းတာသိနိုင်ပါ တယ်။

ပါးစပ်ကဝင်တဲ့အစာတွေက ပရို တင်းဓာတ်ပေးပြီး သွေးကြောကသွင်းတဲ့ အာဟာရဓာတ်က Amino acidအနေ နဲ့ နိုက်ထရိုဂျင်ကို ပေးစွမ်းပါတယ်။ ပရို တင်းနဲ့ညီမျှတဲ့ နိုက်ထရိုဂျင်ဓာတ်လိုအပ် ရင် လိုအပ်ချက်ကို ၆ ဒသမ ၂၅ နဲ့ မြှောက်လိုက်ပါ။ လက်တွေ့ကျတော့ နိုက်ထရိုဂျင်လိုအပ်ချက်ကို ကယ်လိုရီရ ရှိမှု ခန့်မှန်းခြေနဲ့ ဇီဝကမ္မပမာဏပေါ် မူ တည်ပြီး ခန့်မှန်းကြပါတယ်။ လူနာအ တော်များများဟာနေ့တိုင်း 1g Nitrogen pre 200 kcal of energy လိုအပ်ပါ တယ်။ ဒါပေမဲ့ ပိုးမဝင်ရပါဘူး။ လူနာက သိပ်အခြေအနေကောင်းဘူးဆိုရင် 18-20 g Nitrogen လောက်ထိလိုအပ်ပါ တယ်။ အဲဒီထက် ပိုလိုနေရင်တောင် 18 g Nitrogen 1 day ပေးရင်တောင် မထိ ရောက်တော့ပါဘူး။ အခြေအနေမ ကောင်းတဲ့ လူနာအတွက်ဆို ပရိုတင်းသို လှောင်မှုဆုံးရှုံးခြင်းနဲ့ ခန္ဓာကိုယ်ထုထည် ပမာဏမဆုံးရှုံးအောင် ကာကွယ်ဖို့မဖြစ် နိုင်တော့ပါ။ အဲဒီအခါ လူနာတွေအတွက် ဇီဝကမ္မပျက်စီးခြင်းကနေ ဆုံးရှုံးမှုကို ထိန်းနိုင်အောင်သာ လုပ်ပေးရပါတော့ တယ်။

ဒေါက်တာ ဇွဲကောင်းချစ်

Post Author: Good Health Journal

Leave a Reply

Your email address will not be published.