ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာကိုယ် ကွေးနိုင်ဆန့်နိုင်အားကို ကောင်းမွန်နိုင်ပြီး Relax နဲ့ စွမ်းအင် တွေလည်း ရရှိနိုင်တဲ့အတွက် မနက်တိုင်း အလေ့အကျင့်ကောင်းတစ်ခုအနေနဲ့ ပုံမှန်ပြုလုပ်သင့်ပါတယ်။ မနက်အိပ်ရာ ထထချင်း ပြုလုပ်နိုင်ရင်တော့ အကောင်း ဆုံးပါ။ အခု ဖော်ပြပေးမယ့် ဆွဲဆန့်လေ့ ကျင့်ခန်းတွေက ကိုယ်တွင်းက ကြွက်သား အုပ်စုကြီးအားလုံးအတွက် ကောင်းမွန် နိုင်ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်းလုပ် တာကြောင့် နာကျင်မှုဝေဒနာ သက်သာ နိုင်တဲ့အပြင် ကိုယ်ဟန်အနေအထား လည်း မှန်ကန်သွားနိုင်ပါတယ်။
ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ
- ကွေးနိုင်ဆန့်နိုင်အား ကောင်းမွန်ခြင်း
ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်တာက ကြွက်သားနဲ့အရိုးတွေကို ဆန့်ထုတ်ဖို့ ကူညီနိုင်ပြီး အကောင်းမြင်စိတ်တွေ ဖြစ် ပေါ်နိုင်ပါတယ်။ ကိုယ်တွင်းက စိတ်ခံစား မှုကောင်းမွန်စေတဲ့ အင်ဒိုဖင်တွေလည်း ထွက်ရှိလာတဲ့အတွက် ကိုယ်နဲ့စိတ်ကျန်း မာရေးကို အထောက်အကူပြုပါတယ်။ - ကိုယ်ဟန်အနေအထားမှန်ကန်နိုင်ခြင်း
သင့်အနေနဲ့ တင်ပါးပြားသူဖြစ်ရင် ဒါမှမဟုတ် တင်ပါးအလွန်ကောက်သူဖြစ် ရင် ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်သွားနိုင် ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ် တာက ခါးနောက်ကျောရိုးကို တဖြည်း ဖြည်း ဖြောင့်မတ်အောင် ကူညီနိုင်တဲ့ အတွက် ခါးနောက်ကျောနာကျင်သူတွေ အတွက် အလွန်အထောက်အကူရနိုင်ပါ တယ်။ - ခါးနောက်ကျောနာကျင်မှုဝေဒနာ သက်သာ နိုင်ခြင်း
ဆွဲဆန့်လေ့ကျင့်ခန်းက ခါးနောက် ကျောရိုးရဲ့လုပ်ဆောင်ချက်ကို ကောင်း မွန်နိုင်ရုံသာမက ကြွက်သားတင်းမာမှု ကိုပါ လျော့ကျနိုင်ပါတယ်။ - စိတ်ဖိစီးမှုလျော့နည်းနိုင်ခြင်း
ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ ခန္ဓာကိုယ်က ထွက်ရှိလာတဲ့အင်ဒိုဖင်တွေ ကြောင့် Rနူထေ ရရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျသွားနိုင်ပါတယ်။
အောက်ပါတို့ဟာ မနက်ခင်းမှာ ပြုလုပ်နိုင်တဲ့ ဆွဲဆန့်လေ့ကျင့်ခန်းတွေပါ
ခါးအပေါ်ပိုင်းအတွက် (Upper Back Release)
- ခြေထောက်နှစ်ဖက်ကို အနည်း ငယ်ခွာထားပြီး မတ်မတ်ရပ်ကာ လက် ဖဝါး တစ်ခုနဲ့တစ်ခုထပ်ကာ ဆုပ်ထားပါ။
- လက်ကို ဖြောင့်တန်းစွာထားပြီး ခါးအပေါ်ပိုင်းကို ဟိုဘက်ဒီဘက်လှည့်ပါ။
- အသက်ရှူသွင်းရှူထုတ် သုံးကြိမ် စာအချိန်လောက် ဆွဲဆန့်ထားရပါမယ်။
ရင်အုပ်အတွက် (Chest Release)
ဒီလေ့ကျင့်ခန်းကတော့ ရင်အုပ်၊ ပခုံးအရှေ့ပိုင်းနဲ့ လက်မောင်းကြွက်သား တွေအတွက် ဖြစ်ပါတယ်။
- နံရံ၊ တံခါးကျည်းပေါင် ဒါမှမဟုတ် ပြတင်းပေါက်ပေါင်ကို ဘယ်ဘက်လက် နဲ့ ကိုင်ထားပါ။
- ဘယ်ဘက်ခြေထောက်ကို အရှေ့ ကို တစ်လှမ်းလှမ်းပြီး ခန္ဓာကိုယ်တစ်ခုလုံး ကို ညာဘက်လှည့်ပေးပါ။
- အသက်ရှူသွင်းရှူထုတ် လေးငါး ခြောက်ကြိမ်စာအချိန်လောက် ဆွဲဆန့် ထားရပါမယ်။
- ပြီးရင် တစ်ဖက်ပြောင်းလုပ်ပါ။
ခန္ဓာကိုယ် ဘေးဘက်ခြမ်းအတွက် (Side Stretch)
- ပေါင်အပြင်ဘက်ကြွက်သားနဲ့ ပခုံး ကြွက်သားတွေအတွက်ဖြစ်ပါတယ်။
- ညာဘက်လက်ကို အိပ်ရာ ဒါမှ မဟုတ် နံရံတစ်ခုပေါ်မှာထားကာ မတ် တတ်ရပ်ပါ။
- ဘယ်ဘက်ခြေထောက်က ညာ ဘက်ခြေထောက်ရဲ့အရှေ့မှာ Cross လုပ်ထားရပါမယ်။
- ဘယ်ဘက်လက်ကို ဦးခေါင်း အပေါ်ရောက်တဲ့အထိ ဆန့်တန်းကာ မြှောက်လိုက်ပါ။
- ဘက်ဘက်ခြေချင်းဝတ်ကနေ ဘက်ဘက်လက်ချောင်းတွေအထိ တစ် တန်းတည်းဖြစ်နေရပါမယ်။
- ခဏရပ်ကာ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် သုံးကြိမ်လောက်ပြု လုပ်ပါ။
- နောက်တစ်ဖက်ပြောင်းလုပ်ပါ။
ခါးနောက်ကျောရိုးအတွက် (Seated Spinal Twist)
ခါးနောက်ကျော၊ လည်ကုပ်နဲ့ ပခုံးကြွက်သားတွေအတွက် ဖြစ်ပါတယ်။
– ထိုင်ခုံ ဒါမှမဟုတ် ခုတင်စွန်းမှာ ထိုင်ပါ။
– ပုံမှာပြထားတဲ့အတိုင်း လက်တစ် ဖက်ကို သင့်အနောက်ဘက်မှာထားပြီး ကျန်လက်တစ်ဖက်ကို သင်ရဲ့ ပေါင်ပေါ် တင်ထားကာ ခါးအပေါ်ပိုင်းကို ဆွဲဆန့်ပြီး လှည့်လိုက်ပါ။
– ကုပ်ကြွက်သားတွေ ဆွဲဆန့်နိုင်ဖို့ အတွက် ခါးလှည့်နေစဉ်မှာ တစ်ပြိုင် တည်း သင့်မျက်လုံးက ပခုံးကိုကြည့် လိုက်ပါ။
– ခဏရပ်ပြီး အသက်ပြင်းပြင်း ရှူ သွင်းရှူထုတ် သုံးကြိမ်ခန့်ပြုလုပ်ပါ။
– နောက်တစ်ဖက်ပြောင်းလုပ်ပါ။
ပေါင်ကြွက်သားအတွက် (Standing Hamstring Stretch)
သင့်ခန္ဓာကိုယ်ကို ဟန်ချက်ထိန်း နိုင်ဖို့တော့ လိုအပ်ပါတယ်။
– ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက် ခြေထောက်ကို ခုံ(သင်ရဲ့ ဆွဲဆန့်အား ကောင်းမှုပေါ်မူတည်ပြီး ခုံအမြင့်ကို ချိန်ဆပါ) တစ်ခုပေါ်တင်ထားပါ။
– ညာဘက်ခြေထောက်ကို ဖြောင့် ဖြောင့်ဆန့်ပြီး မတ်တတ်ရပ်ပါ။
– ခုံပေါ်တင်ထားတဲ့ခြေထောက်က ဆန့်တန်းနေရပါမယ်။
– ခဏထာ