ရင်သွေးငယ်တွေကို ဖုန်းတွေ၊ တက်ဘလက်တွေ ကြည့်ရှုစေတာထက် မိဘအုပ်ထိန်းသူတွေက ရင်သွေးကို စာ ဖတ်ပြပေးတာက ကလေးအတွက်သာမ က မိဘအတွက်ပါ အကျိုးများစေတယ် လို့ Rutgers University က သုတေသီ တွေက ဆိုပါတယ်။ မိဘတွေအနေနဲ့ လည်း ဖုန်းကြည့်နေတာ၊ အွန်လိုင်းအချိန် ကြာ အသုံးပြုမှုတွေက ကိုယ့်ရင်သွေးနဲ့ ချိတ်ဆက်ပြောဆိုမှု အချိန်တိုတောင်း သွားစေပြီး ရင်သွေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ လည်း အနှောင့်အယှက်ဖြစ်စေနိုင်တယ် လို့ သုတေသနဦးဆောင်သူ တွဲဖက်ပါ မောက္ခမန်နျူရယ်ဂျင်မီနက်ဇ်က ဆိုပါ တယ်။ ရင်သွေးတွေကို ငြိမ်သက်စေဖို့ အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပျော်မွေ့လို့ ပဲဖြစ်ဖြစ်၊ ကလေးရော၊ မိဘတွေပါ မို ဘိုင်းသုံးစွဲမှုတွေ၊ အင်တာနက်သုံးစွဲမှု တွေကို မိဘနဲ့ သားသမီးဆက်ဆံရေးမှာ လိုအပ်ချက်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့အ ထိ အလွန်အကျွံမဖြစ်စေဖို့ဂရုပြုသင့် တယ်လို့ ပါမောက္ခမီနက်ဇ်က ဆိုပါတယ်။ ရင်သွေးရဲ့ ဘာသာစကားစွမ်းရည်နဲ့ အ သိဉာဏ်ဖွံ့ဖြိုးတိုးတက်စေတဲ့အပြင် မိ ဘနဲ့သားသမီးကြား အပြန်အလှန်ဆက်ဆံရေးခိုင်မာတိုးတက်မှုရှိစေဖို့အတွက် ကတော့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သား သမီးတွေကို ပုံပြင်ဇာတ်လမ်းတွေနဲ့ စာ အုပ်စာပေတွေ ဖတ်ပြပေးတာက အသင့် လျော်ဆုံးပါပဲလို့ ပါမောက္ခမီနက်ဇ်က ပြောကြားခဲ့ပါတယ်။
(BT, 6.6.19) သံသာ
