အထိုင်များလျှင် အရိုးအားနည်းသွားနိုင်

အထိုင်များရင် အထူးသဖြင့် အမျိုး သားတွေဟာ အသက်ရလာတာနဲ့အမျှ အရိုးအားနည်းသွားနိုင်ပါသတဲ့။ အမျိုး သားတွေဟာ အမျိုးသမီးတွေထက် အ ထိုင်များတယ်လို့ လေ့လာချက်တွေက ဆိုတာကြောင့် အမျိုးသားတွေဟာ အ မျိုးသမီးတွေနဲ့ယှဉ်ရင် အရိုးအားနည်း သွားနိုင်ခြေ များသွားတာပါ။ ဒါပေမဲ့ တစ် နေ့ကို ခြေလှမ်းတစ်သောင်းပြည့်အောင် လျှောက်ပေးရင်တော့ အရိုးအတွက် အ ထောက်အကူပြုမှာပါ။ အထိုင်များတဲ့ အ သက် ၆၀ ကျော်တွေဟာ အရိုးအားနည်း လေ့ရှိတာကြောင့် အရိုးပွနိုင်ခြေများသွား ပါတော့တယ်။ အလေးမလေ့ကျင့်ခန်း၊ ကြွက်သား ကြံ့ခိုင်လာစေတဲ့လေ့ကျင့် ခန်းတွေလုပ်ပေးရင် အရိုးကြံ့ခိုင်လာနိုင် ပြီး အရိုးမပွအောင်လည်း ကာကွယ်ပေး ပါတယ်။ အထိုင်များတာဟာ အရိုးအား နည်းလာတာ၊ အရိုးပွရောဂါနဲ့ ဆက်စပ် နေတယ်ဆိုတာကို အခု ထုတ်ပြန်လိုက် တဲ့လေ့လာချက်က သက်သေထူလိုက်ပါ တယ်။ အထူးသဖြင့် ကျောရိုးအောက် ပိုင်းနဲ့တင်ပါးဆုံရိုး အားနည်းလာနိုင် တာပါ။ ဒါ့အပြင် အထိုင်များတာကြောင့်
ဇီဝဖြစ်ပျက်မှုလည်း နည်းသွားနိုင်ပြီး အ ၀လွန်တာ၊ ဆီးချိုရောဂါလည်း ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေဖို့က ကျန်းမာရေးအတွက် အင်မတန် ကိုမှ အရေးကြီးတာပါ။

(DM, 9.5.19) ချယ်ရီ

 

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *