အသက်ကြီးသည့်တိုင်ကျန်းမာပျော်ရွှင်လိုပါလျှင်..

အသက်တွေ ဘယ်လောက်ကြီး ကြီး ခန္ဓာကိုယ်မပျက်စီးရလေအောင် ငယ်ရွယ်စဉ်ကစလို့ ဂရုတစိုက်ထိန်း သိမ်းမယ်ဆိုရင် တတိယအရွယ်ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

အမြင်အာရုံကြည်လင်စေရန်
မျက်လုံးက စိတ်ရဲ့ပြတင်းပေါက် သာမကဘဲ သင့်ကျန်းမာရေးအတွက် လည်း ပြတင်းပေါက်တစ်ခုလို့ ဆိုနိုင်ပါ တယ်။ မျက်လုံးကို ပုံမှန်စစ်ဆေးပေးပါ က ဆီးချိုသွေးချိုရောဂါကနေ အယ်လ် ဇိုင်းမားရောဂါအထိ ဖြစ်ပွားမှုရှိ၊ မရှိကို သိနိုင်တယ်လို့ အင်္ဂလန်နိုင်ငံမှ မျက်စိ ပညာရှင်တွေက ပြောပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ
မျက်လုံးအတွင်း ဖိအားများပါက အမြင်အာရုံကိုထိခိုက်ပြီး မျက်စိအ တွင်းတိမ်စွဲတာကိုပါ ဖြစ်စေပါတယ်။ နယူးယောက်မှ မျက်လုံး၊ နားနဲ့ပတ် သက်ပြီး သုတေသနပြုလုပ်သူတွေက လည်စည်းကို တင်းတင်းကျပ်ကျပ်စည်း နှောင်ထားတာက မျက်လုံးအတွင်း ဖိ အားများစေပြီး မြင်လွှာကို ပျက်စီးစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အေရိုးပစ် လေ့ကျင့်ခန်းက မျက်လုံးအာရုံကြောကို အောက်ဆီဂျင်ရောက်ရှိမှုများပြီး မျက် လုံးအတွင်းဖိအားကို လျှော့ချပေးပါ တယ်။ အေရိုးဗစ်လေ့ကျင့်ခန်းကို မိနစ် ၃၀ နဲ့ တစ်ပတ်သုံးကြိမ်လုပ်ပေးပါက မျက်လုံးအတွင်းဖိအားကို ၂၀ ရာ ခိုင် နှုန်းလျှော့ ချပေးနိုင်တယ်လို့ဆိုပါတယ်။

အသားအရေ ကြည်လင်စေရန်
အသားအရေထိန်းသိမ်းပေးတဲ့ တန်ဖိုးကြီးပစ္စည်းတွေက သင့်ကိုနုပျို သွားစေဖို့ မကူညီနိုင်ပါဘူး။ အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်း ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ခန္ဓာ ကိုယ်တွင်းကို ပိုးမွှားတွေ မဝင်ရောက်နိုင် အောင် ကာကွယ်ပေးထားတဲ့ အဆီးအ တားတစ်ခုလည်း ဖြစ်ပါတယ်။

ဗီတာမင်စီ များများစားပါ
အမေရိကန် အရေပြားရောဂါပညာ အကယ်ဒမီက ဗီတာမင်စီပါဝင်တဲ့ ငရုတ် သီး၊ ကန်စွန်းဥနဲ့ အစိမ်းရောင်အရွက်တွေ စားပေးတာက အရေပြားမှာရှိတဲ့ ကော် လဂျင်နဲ့ အီလက်စတင်တွေကို ပျက်စီးမှု မရှိအောင် ကာကွယ်ပေးထားတာကြောင့် သင့်ကိုနုပျိုစေပါတယ်။

အကြားအာရုံ ကောင်းစေရန်
ကျယ်လောင်တဲ့တေးဂီတသံနဲ့ ကားသံ၊ စက်သံ စတဲ့ဆူညံသံတွေက သင်ရဲ့ အကြားအာရုံကို ထိခိုက်စေပါ တယ်။ အကြားအာရုံကို ထိခိုက်စေတဲ့ အသံတွေကို ရှောင်ရှားဖို့လိုပါတယ်။

တစ်ချိန်မှာတစ်ခုပဲနားထောင်ပါ
ဆူညံသံကြောင့်နားလေးတာကို ကာကွယ်နိုင်ဖို့ ဆူညံသံတွေကို ဖယ်ရှား ပေးနိုင်တဲ့ နားကြပ်တပ်ဆင်အသုံးပြုပါ။ ဗီတာမင် အေ၊ စီ၊ အီးနဲ့ မဂ္ဂနီဆီယမ် တွေကို ဖြည့်စွက်သောက်သုံးတာက အ ကြားအာရုံကို ၈၀ ရာခိုင်နှုန်း ပိုမိုကောင်း မွန်စေပါတယ်။ ဘယ်လ်ဂျီယမ်တက္က သိုလ်မှ သုတေသနပညာရှင်တွေရဲ့ လေ့ လာမှုအရ သီချင်းတစ်နာရီ နားထောင်ပြီး တိုင်း နားကို အသံကြောင့်ပျက်စီးမှုကနေ ကာကွယ်ဖို့အတွက် နှစ်နာရီအနား ပေး သင့်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကျယ် လောင်တဲ့အသံကို ကြားပြီးရင်တော့ ၁၆ နာရီလောက် အနားပေးသင့်ပါတယ်။

အရိုးပါးခြင်းမှ ကာကွယ်နိုင်ရန်
အရိုးသိပ်သည်းဆကို ထိန်းသိမ်း ပေးတာက အရိုးပါးတာမဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ ဘ၀တစ်လျှောက်လုံး အရိုးသိပ်သည်းဆမြင့်မားအောင် ထိန်း သိမ်းသင့်ပါတယ်။

ဘောလုံးကန်ပါ
တစ်ပတ်ကို ဘောလုံး တစ်ကြိမ် ကန်တာက ခန္ဓာကိုယ်အ လေးချိန်လျှော့ချတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်တာထက် အရိုးသိပ် သည်းဆ မြင့်မားစေပါတယ်။ ဘော လုံးကန်တာက ဦးတည်ရာမျိုးစုံကိုလှုပ် ရှားရတာကြောင့် အရိုးသိပ်သည်းဆကို မြင့်မားစေတာပါ။ ဒါ့အပြင် ခန္ဓာကိုယ် က ကယ်လ်စီယမ် စုပ်ယူဖို့အတွက် ဗီ တာမင် ဒီလည်းလိုအပ်ပါတယ်။ ဗီတာ မင်ဒီကို နေရောင်ခြည်ကနေ ကောင်း စွာရရှိနိုင်ပါတယ်။

အဆုတ်အားကောင်းစေရန်
အမေရိကန်ဆေးပညာဂျာနယ်ရဲ့ သုတေသနပြုချက်အရ အဆုတ်အား ကောင်းပါက အဆုတ်ကင်ဆာဖြစ်နိုင် ခြေ ၅၀ ရာခိုင်နှုန်းလျှော့ချပေးတယ်လို့ ဆိုပါတယ်။

ယောဂကျင့်ပါ
ယောဂလေ့ကျင့်တာက နံရိုးကြား မှာရှိတဲ့ ကြွက်သားတွေနဲ့ ရင်ဝမ်းခြား ကြွက်သားတွေကိုသန်မာစေပြီး အသက် ရှူရာမှာ အဆုတ်တွေပြန့်ကားစေဖို့အား ပေးပါတယ်။ တစ်ပတ်ကို သုံးကြိမ်နဲ့ တစ်ကြိမ်ကိုမိနစ် ၂၀ ကြာ ယောဂကျင့် ပေးတာက ရင်ခေါင်းပိုင်းကို ပြန့်ကားစေ ပါတယ်။

ကြွက်သားတွေ သန်မာစေရန်
အသက်ကြီးလာတာနဲ့အမျှ သင့် ကြွက်သားတွေက တင်းရင်းမှုမရှိတော့ ဘဲ လျော့ရိလျော့ရဲဖြစ်လာပါတယ်။

ရေကူးပါ
ရေကူးပေးတာက ကြွက်သားတွေ ကိုသန်မာနေစေပါတယ်။ မရပ်မနား ရေ ကူးပြီးတဲ့အခါ အသက်ကို ၀အောင်ရှူ ပါ။ ကြွက်သားတွေဆီကို အောက်ဆီဂျင် ကောင်းကောင်းရောက်ရှိစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *