အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချနိုင်ဖို့

 

အူမကြီးကင်ဆာ ကာကွယ်ပါ။
အူမကြီးကင်ဆာက အစာခြေလမ်းကြောင်းအဆုံးနေရာက အူမမှာကင်ဆာအကျိတ် ဖြစ်တဲ့ရောဂါပါ။ အူမကြီးကင်ဆာက များသောအားဖြင့် အသက်ကြီးသူတွေမှာ ဖြစ်တတ် ကြပေမယ့် အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ သေးငယ်တဲ့ ဆဲလ်တွေစုစည်းပြီး အူမကြီးနံရံမှာအတက်ထွက် ဏသူပစ ဖြစ်လာရာမှ အချိန်ကြာလာရင် အူမကြီး ကင်ဆာ ဖြစ်လာပါတယ်။
အူမကြီးကင်ဆာက ကာကွယ်လို့ ရနိုင်ပါတယ်။ ရောဂါဖြစ်နိုင်ခြေများတဲ့ အသက် အရွယ်နဲ့ မိသားစုရာဇဝင်လိုမျိုး အကြောင်းအရာတွေက ရှောင်လွှဲလို့မရနိုင်ပေမယ့် ရောဂါကို စောစောစစ်ဆေးတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဝိတ်ထိန်းတာလိုမျိုး ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပြုပြင် နိုင်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေလျော့ကျအောင် ကူညီနိုင်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။
အူမကြီးကင်ဆာကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက အသက် ၄၅ နှစ် ကျော်လာရင် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ဖို့သာ ဖြစ်ပါတယ်။ ကင်ဆာရှိမှန်း စောစောသိရှိတာကြောင့် ကုသမှုပိုင်းမှာ ပိုပြီးလွယ်ကူနိုင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အူမကြီးထဲက အသီးလုံး (ဏသူပစ) ကိုတွေ့ရှိတာကလည်း ကင်ဆာကိုကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အူမကြီးအတွင်း မှန်ပြောင်းနဲ့ကြည့်ရှုတာ၊ သွေးစစ်တာ၊ ဝမ်းစစ် တာတွေပြုလုပ်ပြီး အူမကြီးအတွင်း ကင်ဆာရှိ မရှိကို စစ်ဆေးရပါမယ်။ လူနာရဲ့ နောက်ခံမိသားစုရာဇဝင်နဲ့ ရောဂါဖြစ်နိုင်ခြေအပေါ်အခြေခံပြီး ခြောက်လတစ်ကြိမ်၊ နှစ်စဉ်၊ နှစ်နှစ်တစ်ကြိမ် အစရှိတဲ့ စစ်ဆေးရမယ့်ကာလ ကွာခြားနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ကိုပုံမှန်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် အူမကြီး ဒါမှမဟုတ် စအိုကင်ဆာ ဖြစ်နိုင်ခြေ များတဲ့အပြင် ဒီကင်ဆာကြောင့် သေဆုံးနှုန်းလည်း ပိုပြီး များပြားပါတယ်။

အရက်လျှော့သောက်ပါ။
အူမကြီးကင်ဆာဖြစ်နိုင်ခြေက အရက်သောက်တဲ့ပမာဏနဲ့ ဆက်စပ်မှုရှိပါတယ်။ အရက်လျှော့သောက် ဒါမှမဟုတ် ဖြတ်လိုက်ရုံနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်း နိုင်ပါတယ်။ အရက်သောက်သင့်တဲ့ ပမာဏက အမျိုးသားတွေအတွက် တစ်နေ့တာ နှစ်ယူနစ်နဲ့ အမျိုးသမီးတွေအတွက် တစ်နေ့တာ တစ်ယူနစ်ထက် မပိုရပါ။

ဝိတ်ထိန်းပါ။
အူမကြီးကင်ဆာက အဝလွန်သူ ဒါမှမဟုတ် အလွန်ဝသူတွေမှာ ပိုပြီးအဖြစ်များ ပါတယ်။ အမျိုးသားတွေက ြြှု အလွန်မြင့်မားနေရင် အမျိုးသမီးတွေထက် အူမကြီးနဲ့ စအိုကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ အစားပစာကို စားသုံးပြီး ကာယလှုပ်ရှားမှု ပိုမိုပြုလုပ်ကာ ဝိတ်ထိန်းရပါမယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ။
အူမကြီး ဒါမှမဟုတ် စအိုကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတာက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာ မြင့်မားတဲ့အစားအစာ စားသုံးတာနဲ့ ဆက်စပ် မှု ရှိပါတယ်။ ဒါ့ပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများတဲ့ ပြုပြင်ထားတဲ့အစားအစာ၊ ဆိတ် သား၊ အမဲသားလို အနီရောင်အစားတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
ကာယလှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ သင်က ကာယလှုပ်ရှားမှုနည်းပါးသူဖြစ်ရင် အူမ ကြီးကင်ဆာ ဖြစ်နိုင်ခြေ အလွန်များပြားလှပါတယ်။ ဒါကြောင့် ကာယလှုပ်ရှားမှု များတာ က ဝိတ်ထိန်းနိုင်တဲ့အပြင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။ တစ်နေ့ ကို အနည်းဆုံး မိနစ် ၃၀ တစ်ပတ်ကို ငါးရက်လောက် လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။တစ်ပတ်အတွက် မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal