ပေါင်မုန့်မီးကင်က ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုထက် ပိုမိုအဆိပ်အတောက်ဖြစ်စေနိုင်တယ်လို့ သုတေသနသစ်တစ် ရပ်မှာ ဆိုလိုက်ပါတယ်။ တက္ကဆက်တက္ကသိုလ်က သုတေသီ တွေရဲ့အဆိုအရ ကြွပ်သွားတဲ့အထိအရောင်ရင့်အောင်စောင့် ပြီးကင်တဲ့ပေါင်မုန့်ကင်ဟာ အန္တရာယ်ရှိတာကြောင့် ပေါင်မုန့်ကို အနည်းငယ်ရွှေရောင်သန်းတဲ့အနေအထားလောက်သာ ကင် စားကြဖို့ အကြံပြုခဲ့ကြပါတယ်။ ပေါင်မုန့်မီးကင်တဲ့အခါ အပူပေး စနစ်ကြောင့် ကင်စက်ထဲက အဆီပါတဲ့အစအနတွေနဲ့အစေး ကပ်တဲ့အရာတွေကို ပြန်အပူပေးလိုက်သလိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကင်လိုက်တဲ့ပေါင်မုန့်က ထွက်လာတဲ့အရာတွေအများ ကြီးကို မြင်တွေ့ခဲ့ရပြီးတော့ အထူးသဖြင့် တဆေးရဲ့ဘေးထွက် ဆိုးကျိုးဖြစ်တဲ့အီသနောထွက်ရှိခြင်းပဲဖြစ်ပါတယ်။ ပေါင်မုန့်မီး ကင်တဲ့အခါ မီးခိုးလို့သာထင်ရတဲ့ မီးကင်စက်အောက်ခြေက အမှုန့်ငယ်လေးတွေကို မြင်တွေ့ရတတ်ပါတယ်။ ဒီအမှုန်တွေ ဟာ ကိုယ့်ပတ်ဝန်းကျင်လေထုကို အိမ်အပြင်ဘက်ကားမီးခိုး တွေရဲ့လေထုညစ်ညမ်းမှုထက် ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(AP,22.2.19) အေးယုနိုင်
