စပျစ်သီးအစေ့ကနေ ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်လဲ

Grapes and grape seeds on the table

ကျွန်မတို့တွေ စပျစ်သီးစားတဲ့အခါ အထဲမှာပါတဲ့အစေ့ကို ထွေးထုတ်တတ်ကြပါတယ်။ ဒါပေမဲ့ စပျစ်သီးအစေ့ကို ထွေးမပစ်ဘဲ စားသုံးသင့်တဲ့အချက်တွေ ရှိနေပါတယ်။

စိတ်ကျရောဂါသက်သာစေတယ်
၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းက ဦးနှောက်ထဲက ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏကို မြင့်မားစေပါတယ်။ ဒီဓာတ်တွေက စိတ်ကျရောဂါခံစားနေရ သူတွေကို ဆရာဝန်တွေညွှန်းလေ့ရှိပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တယ်
စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ် ပေါင်းတွေက ခန္ဓာကိုယ်မှာ အဆီတွေ စုပ်ယူမှုနဲ့ သိုလှောင်မှုကို တားဆီးပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူ တွေ စပျစ်သီးစားတဲ့အခါ အစေ့ပါ ဝါးစားသင့်ပါတယ်။

ကင်ဆာရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်
စပျစ်သီးအစေ့ထဲက ပရိုအန်သိုစိုင် ရာနဒင်နဲ့ တခြားဒြပ်ပေါင်းတွေက ကင်ဆာရောဂါ မဖြစ်ပွားအောင် တားဆီးပေးပါတယ်။ စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါ ဝါးစားတာကြောင့် ကင်ဆာဆဲလ်တွေ ကိုသေစေတယ်လို့ တချို့လေ့လာမှုတွေ မှာ တွေ့ရှိရပေမယ့် နောက်ထပ်လေ့လာမှုတွေ များစွာပြုလုပ်ဖို့ လိုသေးတယ်လို့ သိရပါတယ်။

နှလုံးကျန်းမာစေတယ်
ခြေထောက်သွေးကြောထုံးတာ သက်သာသွားတာကြောင့် နှလုံးဆီ သွေးတွေပြန်ရောက်ဖို့ အားကောင်းသွားပါတယ်။ လေ့လာ မှုတွေအရ သွေးတွင်း အဆီဓာတ်များတာကို လျှော့ချပေးတယ်လို့ တွေ့ ရှိခဲ့ပါတယ်။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေပြီး ရုတ်တရက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

အရွယ်အိုမင်းမှု နှေးကွေးစေတယ်
စပျစ်သီးထဲမှာ အရွယ်အိုမင်းမှုကို နှေးကွေးစေပြီး နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ အရေပြားကို အိုမင်းအောင် တိုက်ခိုက်တဲ့ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဗီတာမင် စီနဲ့ အီးတို့ထက် အဆများစွာ ပိုမိုအစွမ်းထက်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

သွေးပြန်ကြောထုံးတာ သက်သာစေတယ်
ခြေထောက်မှာ သွေးပြန်ကြောတွေ ထုံးပြီး အထင်းသားပေါ်နေပါက စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါ ဝါးစားပေးပါ။ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို သန်မာစေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်း မွန်စေပါတယ်။ လေ့လာမှုတချို့က စပျစ်သီးအစေ့ပါ ဝါးစားတာက အမျိုးသမီးတွေ ခြေထောက်ရောင်တာကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။

ရောင်ရမ်းမှုတွေ လျော့နည်းစေတယ်

စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အဝလွန်တာ၊ အရိုးအဆစ်ရောင်ရမ်းနာကျင်တာ၊ ဆီးချို ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ စတာတွေကြောင့် ဆက်စပ်ပြီးဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။

 ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal