ဆယ်ကျော်သက်တွေအနေနဲ့ စိတ်ကျရောဂါကင်းဝေးစေဖို့ နေ့စဉ်တစ်မိုင်ခန့် လမ်းလျှောက်တာ ဒါမှမဟုတ် ပြေးတာတို့ လုပ်ဆောင်သင့်တယ်လို့ သုတေသနတစ်ရပ်မှာ ဆိုထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတာက လူငယ်တွေမှာ စိတ်ကျရောဂါ ဖြစ်ပွားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ အလယ်တန်းကျောင်းသားတွေဟာ ကိုယ်လက်လှုပ် ရှားမှုနည်းပါးလာတာကိုမြင်တွေ့ရတာကြောင့် တချို့ကျောင်းတွေမှာ နေ့စဉ်တစ်မိုင်ခန့်လမ်းလျှောက်စေတာ ဒါမှမဟုတ် အသာအယာပြေးစေတာတို့ကို စတင်လုပ်ဆောင်လာကြပါပြီ။ ပါမောက္ခဘောချမ့်က အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းဆယ်ကျော်သက်တွေဟာ သူတို့ရင်ဆိုင်နေရတဲ့ ကျောင်းပညာရေးနဲ့လူမှုရေးဖိအားတွေကြောင့် စိတ်ကျရောဂါကို အလွယ်တကူ ရင်ဆိုင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့စဉ်တစ်မိုင်ခန့် လမ်းလျှောက်တာ ဒါမှမဟုတ် ပြေးခိုင်းတာဟာ ကိုယ်လက်လှုပ် ရှားစေဖို့ အကောင်းဆုံးဖြစ်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
(DM,19.4.18) မေဇွန်