ဘိုထိုင်အိမ်သာထိုင်ခုံမှ ကူးစက်ခံရနိုင်သော ရောဂါ ၅ မျိုး

Young woman cleaning toilet bowl in bathroom

ဘိုထိုင်အိမ်သာထိုင်ခုံပေါ်မှာ ရောဂါပိုးမျိုးစုံရှိနေတတ်ပါတယ်။ အဓိကအားဖြင့် ဗက်တီးရီးယား၊ တုပ်ကွေး၊ လည်ချောင်းနာပိုး ( စတရက်ကိုကော့ကပ်စ်) ၊ အီးကိုလိုင် (ဝမ်းပျက်ဝမ်းလျှောပိုး) အသည်းရောင်ပိုး၊ စတက်ဖလိုကော့ကပ်စ်၊ တိုက်ဖွိုက်ပိုး (ဆယ်မိုနယ်လား)၊ ရှိဂဲလားနဲ့ နိုဗိုဗိုင်းရပ်စ်တို့ရှိနေတတ်ကြပါတယ်။ ဘိုထိုင်အိမ်သာထိုင်ခုံရဲ့ တစ်လက်မပတ်လည်တိုင်းမှာ ဗက်တီးရီးယား ၅၀ ကျော် ရှိနိုင်တယ်လို့ သိရပြီး သူ့ကြောင့်ရရှိနိုင်တဲ့ရောဂါတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
မသန့်ရှင်းတဲ့ ဘိုထိုင်အိမ်သာထိုင်ခုံမှတစ်ဆင့် ဆီးလမ်းကြောင်းထဲရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။ ဆီးအိမ်၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်အထိတောင် ရောဂါပိုးကူးစက်နိုင်ပါတယ်။

၂ ။ မိန်းမကိုယ်အတွင်း ဗက်တီးရီးယားပိုး ကူးစက်ခြင်း
မိန်းမကိုယ်နေရာမှာ ဗက်တီးရီးယားတွေ အလွန်အမင်းပေါက်ဖွားနေတဲ့အတွက် အဖြူဆင်းပြီး အနံ့နံစော်နိုင်ပါတယ်။ မိန်းမကိုယ်နေရာမှာ အလွန်အမင်း ယားယံ နေတတ်ပြီး ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။

၃ ။ ဆီးကျိတ်ရောင်ရမ်းခြင်
အမျိုးသားတွေရဲ့ဆီးကျိတ်က ဗက်တီးရီးယားပိုးကူးစက်ခံရတာကြောင့် ရောင်ရမ်းနေတတ်ကာ ပေါင်ခြံနေရာမှာ နာကျင်ပြီး တုပ်ကွေးကူးစက်ခံရသလို ကိုက်ခဲနေတတ်ပါတယ်။

၄ ။ လိင်မှတစ်ဆင့်ကူးစက်ရောဂါ STDs
မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံမှတစ်ဆင့် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ရရှိနိုင်ပါတယ်။ အများသုံးအိမ်သာသာမက ကိုယ်ပိုင်သုံးအိမ်သာတွေကလည်း မသန့်ရှင်းရင် STDs ရရှိနိုင်ပါတယ်။ STDs ကများသောအားဖြင့် အရေပြားချင်း ထိတွေ့ရာမှ (skin to skin contact) ကူးစက်တတ်လေ့ရှိပါတယ်။

၅ ။ မှက်ခရု ပေါက်ခြင်း
မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံကြောင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းမှိုပိုးတွေ အလွန်အမင်း ပေါက်ဖွားတတ်ပါတယ်။ အိမ်သာစက္ကူကို အသုံးပြုရင် အနောက်မှအရှေ့သို့ ဆွဲသုတ်တာကို ရှောင်ကြဉ်ရပါမယ်။ စအိုနေရာမှာ yeast တွေက အများဆုံးရှိနေတတ်တဲ့အတွက် အိမ်သာသုံးစက္ကူနဲ့ အနောက်မှအရှေ့ကို ဆွဲသုတ်လာရင် ရောဂါပိုးကို ဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal