ရင်သွေးကို နို့ချိုတိုက်တဲ့ မိခင်တွေ ဟာ အသက်ကြီးလာတဲ့အချိန်မှာ လေ ဖြတ်နိုင်ခြေ နည်းတယ်လို့ လေ့လာချက် အသစ်က ဆိုလိုက်ပါတယ်။ ကလေးကို နို့တိုက်ရင် ရင်သားကင်ဆာ၊ သားအိမ် ကင်ဆာနဲ့ ဆီးချိုအမျိုးအစား (၂) ဖြစ်နိုင် ခြေနည်းနိုင်တယ်လို့လည်း တခြားလေ့ လာချက်တွေကဆိုပါတယ်။ ပျမ်းမျှအ သက် ၆၃ ဒသမ ၇ နှစ်ရှိတဲ့ အမေရိကန် အမျိုးသမီးပေါင်း ၈၀၀၀၀ ကျော်ကို လေ့ လာအပြီးမှာမှ နို့တိုက်တဲ့ မိခင်တွေဟာ လေဖြတ်နိုင်ခြေပါ နည်းတယ်ဆိုတဲ့အ ချက်ကို တွေ့ခဲ့ကြတာပါ။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လူနေမှု ပုံစံတွေကို ပညာရှင်တွေက လေ့လာနေ ကြတာပါ။ ဒီအစီအစဉ်မှာပါတဲ့ အမျိုး သမီးပေါင်း ၈၀၀၀၀ ကျော် အားလုံးဟာ ကလေးမွေးဖူးကြပေမယ့် အဲဒီထဲက ထက်ဝက်လောက်ကပဲ ကလေးနို့တိုက် ဖူးကြတာပါ။ နို့တိုက်ခဲ့ဖူးတဲ့အမျိုးသမီး တွေဟာ နို့မတိုက်ဖူးတဲ့အမျိုးသမီးတွေနဲ့ယှဉ်ရင် လေဖြတ်နိုင်ခြေ ငါးပုံပုံတစ်ပုံ နည်းပါတယ်။ ကလေးကို ကြာကြာနို့ တိုက်လေ၊ လေဖြတ်နိုင်ခြေ နည်းလေပါ ပဲ။ အားကစားလုပ်တာ၊ ကျန်းမာရေးနဲ့ညီ ညွတ်မျှတတဲ့ အစားအစာစားတာနဲ့ ဆေး လိပ်မသောက်တာတွေကလည်း လေ ဖြတ်နိုင်ခြေ နည်းအောင် လုပ်ပေးပါ သေးတယ်။
◘ (DM, 23.8.18) ချယ်ရီ