အစာမကြေဖြစ်ပြီးဗိုက်ပြည့်အင့်နေသလိုခံစားနေရလား

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆို ပြီး ကျွန်မတို့ မြန်မာတွေ ပြောလေ့ရှိကြပါ တယ်။ နေ့စဉ်နဲ့အမျှ ပါးစပ်အလိုကျ စိတ် ရှိတိုင်း စားသောက်နေတာတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာ တစ်ခုမဟုတ် တစ်ခုနဲ့ ကြုံရနိုင်ပါတယ်။ ဗိုက်ပြည့်အင့်နေလို့ နေလို့ မကောင်းဘူး၊ အစာမကြေလို့ ဗိုက်တင်းတောင့်ပြီး နေထိုင် မကောင်းဘူး၊ စတဲ့ ညည်းညူ ပြောဆိုသံမျိုး သင့်ပတ်ဝန်းကျင်က လူ တွေပြောတာကြားဖူးမှာပါ။ ဒီပြဿနာ တွေကို အောက်ပါသဘာဝနည်းလမ်း တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကလေပွတာ၊ အစာ တွေနဲ့ ပြည့်ကျပ်ပြီး ရင်ပြည့်ရင်ကယ်ဖြစ် ကာ အစာမကြေတာတွေဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဆော်ဒါမှုန့် တစ် ဇွန်းစာကို ရေဇွန်းတစ်ဝက်နဲ့ ရောပြီး သောက်ပါ။ ဆော်ဒါထဲမှာပါဝင်တဲ့ကာဗွန် ဒိုင်အောက်ဆိုဒ်က အစာအိမ်ထဲက လေ တွေကို အပြင်ထွက်အောင် တွန်းထုတ် ပေးပါတယ်။ နာတာရှည် အစာမကြေဖြစ် တာအတွက်တော့ ဆော်ဒါမှုန့်ကို အသုံး မပြုသင့်ပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ ဝမ်းပျော့စေ တဲ့ အာနိသင်နဲ့ အစာချေဖျက်မှုကို အား ပေးတဲ့ အာနိသင်တွေရှိပါတယ်။ ရှား စောင်းလက်ပပ်ကအစာအိမ်ထဲက အက် စစ်ကို ဓာတ်ပြယ်စေပြီး အစာမကြေတာ ကြောင့်ခံစားရတဲ့ ရင်ပူတာကို အလျင်အ မြန် သက်သာစေပါတယ်။

သလဲသီး
သလဲသီးကို ပျားရည်တစ်ဇွန်းနဲ့ရော ပြီး ဖျော်ရည်လုပ်သောက်ပါက မူးဝေ တာ၊ ပျို့အန်ချင်တာနဲ့ အစာမကြေတာ တွေကို သက်သာစေပါတယ်။ တစ်နေ့ကို ၂-၃ ကြိမ် သောက်ပေးပါ။

နွားနို့
အစာမကြေတာကို သက်သာစေဖို့ အစာမစားခင်၊ ဒါမှမဟုတ် အစာစားပြီး ချိန်မှာ နွားနို့ပူပူတစ်ခွက်ကို မှုတ်သောက် ပါ။ နွားနို့ထဲကို ဇီရာစေ့မှုန့် တစ်ဇွန်းထည့် သောက်ပါက အစာမကြေတာကိုအလျင် အမြန် သက်သာစေပါတယ်။

လက်ဖက်ရည်ကြမ်း
အစာစားတာ များသွားတဲ့အခါမျိုး မှာ လက်ဖက်ရည်ကြမ်းကို သောက်သုံး ပေးပါက အစာကြေညက်မှုကို ကောင်း မွန်စေပါတယ်။ ကြိုက်နှစ်သက်ရာ လက် ဖက်ခြောက်ကို ရေနွေးပူပူထဲထည့်ကာ ၅မိနစ်စိမ်ထားပါ။ ပြီးမှ သောက်သုံးပါ။

ပန်းသီး
ပန်းသီးမှာ အမျှင်ဓာတ်များစွာပါဝင် ပြီး အစာမကြေတာကို ကူညီပေးပါတယ်။ ပန်းသီးက အစာအိမ်နဲ့ အူလမ်းကြောင်း ထဲ ပိတ်ဆို့မှုတွေကိုဖယ်ရှားပေးလို့ မိနစ် အနည်းငယ်အတွင်းမှာ အစာမကြေတာ သက်သာပြီး ဗိုက်နာဗိုက်အောင့်တာတွေ ပျောက်ကင်းစေပါတယ်။

ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ ပါဝင်ပြီး ရင်ပူတာ၊ အစာမ ကြေလို့ဖြစ်တဲ့ ဝမ်းဗိုက်ပိုင်း မအီမသာ ဖြစ်တာတွေကနေ သက်သာစေပါတယ်။ ဂရိတ်ဖရုသီးက အစာခြေအင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်စေလို့ အစာ အိမ်နဲ့ အူလမ်းကြောင်း လုပ်ငန်းတွေ မြန် ဆန်စေပါတယ်။ ဂရိတ်ဖရုအခွံကို နေ ခြောက်လှန်းပြီး အမှုန့်ပြုလုပ်ပါ။ ရလာ တဲ့ အမှုန့် လက်ဖက်စားဇွန်းတစ်ဝက်ကို ရေနဲ့သောက်ပေးပါက ဗိုက်နာဗိုက်အောင့် တာကို သက်သာစေပါတယ်။

စပျစ်သီး
စပျစ်သီးက အစာအိမ်နဲ့ အူလမ်း ကြောင်းကို ကျန်းမာရေးနဲ့ ညီညွတ်စေပါ တယ်။ စပျစ်သီးကို ဖျော်ရည်လုပ်သောက် ပါက အစာမကြေတာကို သက်သာစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာ ဖြစ်တာကို လျော့နည်းစေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အစာမကြေလို့ဖြစ် တဲ့ ဗိုက်နာဗိုက်အောင့်တာကို သက်သာ စေပါတယ်။ ကြက်သွန်ဖြူနဲ့ ပဲပိစပ်က ထုတ်ထားတဲ့ဆီကိုဆတူရောပြီး ဝမ်းဗိုက် ကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ အဆီ တွေ အရေပြားထဲ တဖြည်းဖြည်း စိမ့်ဝင် ပြီး အစာမကြေတာ လျော့နည်းကာ ဗိုက် နာဗိုက်အောင့်ဖြစ်တာ သက်သာလာစေ ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီး ယားတွေ များစွာပါဝင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ ဒိန်ချဉ်က ဝမ်းဗိုက်မအီ မသာဖြစ်တာကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ခုခံစွမ်းအားကိုလည်း မြင့်မား စေပါတယ်။ အစာမကြေတာ သက်သာ စေဖို့ဆိုရင် ဒိန်ချဉ်ထဲကို ပျားရည်တစ် ဇွန်းထည့်ပြီး တခြားအချိုဓာတ် ဘာမှမ ရောထည့်ဘဲ စားသုံးပါ။

သံပရာသီး
သံပရာသီးက ပျို့အန်ချင်တာ၊ အ စာမကြေတာနဲ့ လေပွတာအတွက် အ ကောင်းဆုံး အသုံးပြုနိုင်ပြီး အိမ်တွင်း မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ အစာစား ပြီးတဲ့အခါ သံပရာရည်လက်ဖက်စားဇွန်း တစ်ဇွန်းကို ပျားရည်ဆတူရောပြီးသောက် ပေးပါ။

မုန်လာဥနီ
မုန်လာဥနီထဲမှာ အင်ဇိုင်းအမျိုးမျိုး ပါဝင်ပြီး ခံတွင်းမှ တံတွေးနဲ့ တခြားအစာ ချေဖျက်ပေးတဲ့အင်ဇိုင်းတွေ အထွက်များ အောင် လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီလိုလှုံ့ ဆော်မှုကြောင့် အင်ဇိုင်းတွေ ထွက်ရှိပြီး အစာ ချေဖျက်တာကို ကောင်းမွန်စေပါ တယ်။ မုန်လာဥနီကို အစိမ်းအတိုင်း ဝါး စားတာ ဒါမှမဟုတ် ဖျော်ရည်လုပ် သောက်နိုင်ပါတယ်။

ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်ကို ဖျားနာတာ နဲ့ အစာမကြေတာအတွက် အသုံးပြုနိုင်ပါ တယ်။ ပန်းသီးရှလကာရည်က အစာအိမ် နဲ့ အူလမ်းကြောင်းရဲ့ ပုံမှန်လုပ်ငန်းတွေ ကိုကောင်းမွန်စေပါတယ်။ ပန်းသီးရှလ ကာရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲထည့်ပြီး သောက်ပေး ပါက အစာကြေညက်မှုကို ကောင်းစေပါ တယ်။ တစ်နေ့ ၂-၃ ကြိမ် သောက်ပေးပါ။

အစာကိုဖြည်းဖြည်းချင်းဝါးစားပါ။

အစာကိုအငမ်းမရစားသုံးတာမျိုးက လေတွေကို မျိုချမိ စေလို့ ဝမ်းဗိုက်ထဲမှာ လေတွေစုကာ လေပွစေပါတယ်။ ညအိပ်ရာမဝင်ခင် အနည်းဆုံး ၃ နာရီခွာပြီး အစာစားပါ။ ညအိပ် ပျော်နေချိန်မှာ အစာမခြေဖျက် တာကြောင့်ပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal