အသံအိုးရောင်ရမ်းခြင်း

လည်ပင်းရဲ့အရှေ့မှာရှိတဲ့ အသံအိုးဟာ ရောဂါပိုးဝင်ရောက်တာကြောင့် ဒါမှမ ဟုတ် တခြားပြဿနာတွေကြောင့် ရောင်ရမ်းနိုင်ပါတယ်။ လတ်တလော ရောင်ရမ်းမှုနဲ့ နာတာရှည်ရောင်ရမ်းမှုဆိုပြီး နှစ်မျိုးရှိပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ အပေါ်ပိုင်းမှာ ရောဂါပိုးဝင်ရောက်တာကြောင့် အသံအိုးရောင်တာကို လတ်တလော ရောင်ရမ်းမှုလို့ သတ်မှတ်ပြီး ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသွားနိုင်ပါတယ်။
အသံအိုးရောင်ရမ်းတာက သုံးပတ်ထက်ပိုကြာနေခဲ့ရင် နာတာရှည်ရောင်ရမ်းမှု လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက် တာ၊ စားချဥ့်ပြန်ရောဂါရှိတာ၊ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတာ၊ အသံအိုးကို အသုံးပြု လွန်းတာတွေကြောင့် နာတာရှည်အသံအိုးရောင်ရမ်းမှုဖြစ်တတ်ပါတယ်။

ရောဂါ လက္ခဏာတွေအနေနဲ့ –
– အစာမျိုရင် လည်ချောင်းနာတာ
– နာတာရှည်ချောင်းဆိုးနေတာ
– လည်ချောင်းတွင်း နှာရည်တွေ စီးကျနေတာ
– လည်ချောင်းထဲမှာ တစ်စုံတစ်ခုခံနေတယ်လို့ ထင်ရတာ
– လည်ချောင်းခြောက်သွေ့နေတာ
– အသံဝင်တာ ဒါမှမဟုတ် အသံလုံးဝမထွက်တာ
– ခဏခဏလည်ချောင်းဟန့်(ရှင်း)ချင်နေတာ
အသံအိုးရောင်ရမ်းတာက ရက်အနည်းငယ်အတွင်းပျောက်ကင်းသွားနိုင်ပေ မယ့် သူ့ကြောင့် နေ့စဉ် ဘ၀နေထိုင်မှုမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် ဖြေရှင်း နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

အသံကို အနားပေးထားပါ
အသံကို အနားပေးထားတာက အသံအိုးအတွင်း ရောင်ရမ်းမှုဖြစ်စဉ်လျော့ကျ သွားနိုင်ပါတယ်။ အသံအနားပေးထားရတာကြောင့် စကားကို လေသံလေးနဲ့တောင် မပြောသင့်ပါဘူး။ ဒီလိုပြောတာကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားနိုင်ပါတယ်။

ဆားရည်ဖြင့် အာလုတ်ကျင်းပါ
ဆားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး နာကျင်မှုဝေဒနာ သက်သာစေနိုင်ပါတယ်။ ရေနွေးတစ်ဖန်ခွက်ထဲကို လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ဆားထည့်ပြီး ဆားပျော်ဝင်အောင် မွှေပါ။ အဲဒီဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။

ရေငွေ့ထိန်းစက်အသုံးပြုပါ
အခန်းထဲက လေတွေကို ရေငွေ့ရရှိနေအောင် Humidifier အသုံးပြုသင့်ပါ တယ်။ ဒီလိုပြုလုပ်တာကြောင့် လည်ချောင်းခြောက်သွေ့ရောင်ရမ်းနေတာကို သက် သာစေနိုင်ပါတယ်။ ရေငွေ့ထိန်းစက်ထဲကို မင်သော် ဒါမှမဟုတ် ယူကလစ်ဆီ ထည့် ပြီး အသုံးပြုနိုင်ပါတယ်။

ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူက အအေးမိတုပ်ကွေးရောဂါလက္ခဏာတွေကို သက်သာပျောက် ကင်းနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ ကို သေစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။

ချင်းစားပါ
ချင်းဟာ လည်ချောင်းနာရောဂါနဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်တဲ့ ဝေဒနာတွေအတွက် အထူးအသုံးဝင်ပါတယ်။ သူက ဘက်တီးရီးယားပိုးမွှားတွေကို သေစေတဲ့ဂုဏ်သတ္တိရှိပြီး ရောင်ရမ်းမှုလည်း လျော့ကျစေနိုင်ပါတယ်။

ရေနွေးထဲ ပျားရည်ထည့်သောက်ပါ
ရေနွေးဟာ နာကျင်မှုနဲ့ ရောင်ရမ်းမှုဝေဒနာကို သက်သာစေနိုင်ပြီး ပျားရည်က တော့ ဘက်တီးရီးယားတွေကို သေစေကာ ရောင်ရမ်းမှုလျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပါ တယ်။ ဒါ့အပြင် ပျားရည်က ချောင်းဆိုးဝေဒနာကိုလည်း သက်သာနိုင်ပါတယ်။

ရေများများသောက်ပါ
အသံအိုးနာနေသူတွေ၊ လည်ချောင်းနာနေသူတွေက အစာမျိုရင် နာလွန်းတာ ကြောင့် အစာစားချင်စိတ်၊ ရေသောက်ချင်စိတ် မရှိကြပါဘူး။ ဒါပေမဲ့လည်း ဘယ် လောက်နာကျင်နေပါစေ လည်ချောင်းတွင်း အရည်ဓာတ်ပြည့်ဝနေဖို့ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ လည်ချောင်းယားယံမှုကို ဖြစ်ပေါ်စေတဲ့ ဆော်ဒါနဲ့ ဖျော်ရည်အပူတွေကိုတော့ မသောက်သင့်ပါဘူး။ ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်းတွေက ချွဲထစေတဲ့အတွက် ရှောင်သင့်ပါတယ်။

စားချဥ့်ပြန်ရောဂါကို ကုသပါ
အစာအိမ်ထဲက အက်စစ်ဓာတ်တွေကို ပျက်ပြယ်သွားအောင် ပြုလုပ်တာက စားချဥ့်ပြန်ရောဂါကြောင့်ဖြစ်တဲ့ အသံအိုးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် –
– အစာအိမ်အက်စစ်အတွက် အသုံးပြုရတဲ့ဆေးဝါးတွေကို မှီဝဲပါ။
– အစာပမာဏများများမစားပါနဲ့။
– အစာစားပြီး သုံးနာရီလောက်ကြာမှာ အိပ်ရာဝင်ပါ။
– ခေါင်းအုံးမြင့်မြင့်ထားအိပ်ပါ။
– ကဖင်း၊ ချောကလက်၊ အစပ်စာ၊ အဆီစာနဲ့ ပူရှိမ်းလိုမျိုး အစားအစာတွေကို ရှောင်ကြဉ်ပါ။

ဆေးလိပ်/အရက် မသောက်ပါနှင့်
လတ်တလော ဒါမှမဟုတ် နာတာရှည်အသံအိုးရောင်ရောဂါရှိသူတွေအနေနဲ့ ဆေးလိပ်ဖြတ်ပြီး အရက်ကို ရှောင်ကြဉ်တာက ရောင်ရမ်းမှုဝေဒနာ သက်သာနိုင်ပါ တယ်။

ဆေးဆိုင်ပေါ်တွင် တင်ရောင်းသော အကိုက်အခဲပျောက်ဆေးမှီဝဲပါ
ပါရာစီတမော ဒါမှမဟုတ် အိုင်ဗျူပရိုဖန်လိုမျိုး အကိုက်အခဲပျောက်ဆေးတွေ မှီဝဲနိုင်ပါတယ်။ အက်စပရင်ဆေးဝါးကို မှီဝဲချင်ရင်တော့ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။ သူ့ကြောင့် အစာအိမ်သွေးယိုစီးမှုဖြစ်ပေါ်နိုင်တာကြောင့်ပါ။ ကလေးတွေအနေနဲ့တော့ အက်စပရင်ဆေးဝါးကို လုံးဝမမှီဝဲသင့်ပါဘူး။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal