ဝိုင်အကြောင်း သိကောင်းစရာ
ကျန်းမာရေးအတွက် ၀ိုင်အနီတစ်ခွက် နေ့စဉ်သောက်ရမယ်လို့ အကြံပေးထားကြပေမယ့် ၀ိုင်တစ်ခွက်မှာ အယ်လ်ကိုဟော ဘယ်လောက်ပါဝင်တယ်၊ ၀ိုင်တစ်ပုလင်းရဖို့အတွက် စပျစ်သီးအလုံးပေါင်း ဘယ်လောက်ကုန်သလဲဆိုတာ သင် သိပါရဲ့လား။ အောက်ပါတို့ဟာ ၀ိုင်နဲ့ ပတ်သက်ပြီး သိသင့်တဲ့အကြောင်းအရာတွေပါ။
ပုံမှန်ရောင်းနေတဲ့ ၇၅၀ မီလီမီတာရှိတဲ့ ၀ိုင်တစ်ပုလင်းမှာ စပျစ်သီးပေါင်း ၇၃၆ လုံး ဒါမှမဟုတ် ၂ ဒသမ ၆ ပေါင် ပါဝင်ပါတယ်။ စပျစ်သီးရဲ့ အရွယ်အစား၊ အမျိုး အစားနဲ့ ရေပါဝင်မှုပေါ် မူတည်ပြီး အလုံးရေ အနည်းအကျဉ်း ကွာသွားနိုင်ပါတယ်။
အချဉ်ဖောက်တဲ့လုပ်ငန်းနဲ့ ပြုလုပ်ပါတယ်။ တစေးခေါ်တဲ့ ဇီဝသက်ရှိငယ်လေး တွေက စပျစ်သီးကို ဖိထားလို့ ကျလာတဲ့ အရည်ထဲက သကြားတွေကို စားသုံးပြီး အယ်လ်ကိုဟောနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စွန့်ကုန်နှစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲဒီအရည်တွေကို စစ်ထုတ်ပြီး ပုလင်းထဲ ထည့်ကာ ချက်ချင်း အသုံးပြုတာ ဒါမှ မဟုတ် သစ်သားစည်ထဲ ထည့်ပြီး နှစ်ချို့ဝိုင်တွေ ပြုလုပ်ပါတယ်။ အဲဒီစွန့်ထုတ်ကုန် တွေကနေ ၀ိုင် ဖြစ်လာတာပါ။
ဝိုင်အဖြူက စပျစ်သီးခွံမပါဝင်ဘဲ အချဉ်ဖောက်ထားတာဖြစ်ပြီး ၀ိုင်အနီကတော့ အခွံနဲ့တကွ အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၀ိုင်အနီမှာ ပေါ်လီဖီနော ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုမိုပါဝင်ပါတယ်။ အခွံပါဝင်တဲ့အတွက် ခါးသက်သက်အရသာ၊ တောက်ပတဲ့အရောင်နဲ့ စပ်ဖျင်းဖျင်း ခံစားမှုတွေနဲ့အတူ ကျန်း မာရေးအတွက် အကျိုးများစွာ ရှိပါတယ်။ ၀ိုင်အနီက ၀ိုင်အဖြူထက် ပေါ်လီဖီနော ပါဝင်မှု ခုနစ်ဆ ပိုများပါတယ်။
    သစ်သားစည်ထဲက နှစ်ချို့ဝိုင်
ဝိုင်ထဲမှာ ဈေးအကြီးဆုံးဝိုင်တွေက သစ်သားစည်နဲ့ သိုလှောင်ထားတဲ့ နှစ်ချို့ ၀ိုင်တွေ ဖြစ်ပါတယ်။ သစ်သားရဲ့ ရနံ့အပြင် ၀ိုင်ထဲကို အောက်ဆီဂျင်တွေ တဖြည်း ဖြည်း ပူးပေါင်းသွားတဲ့အတွက် အနံ့အရသာ ပိုမိုကောင်းမွန်ပါတယ်။ များသောအား ဖြင့် ၀က်သစ်ချပင်က သစ်သားနဲ့ စည်ပြုလုပ်ကြပါတယ်။ ၀က်သစ်ချသားတွေက ၀ိုင်ထဲကို သူ့အနံ့ဝင်သွားဖို့ ပိုမိုလွယ်ကူတာကြောင့် ရောမခေတ်ကတည်းက အသုံး ပြုခဲ့ကြတာဖြစ်ပါတယ်။
    ကျန်းမာရေးအတွက် သင့်လျော်တဲ့ ပမာဏ
ဝိုင်အနီကို ပမာဏမှန်ကန်စွာ သောက်သုံးရင် သင့်ကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။ ခန္ဓာကိုယ်က အီသနောအဖြစ် ပြောင်းလဲပေးထားတဲ့ ၀ိုင်မှ အယ်လ်ကိုဟောရယ်၊ ပေါ်လီဖီနောရယ်ကြောင့် နှလုံးနဲ့ ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ခွက်တစ်ခွက်ထက် ပိုသောက်ရင် လေဖြတ်တာ၊ သွေးတိုးတာ၊ အသည်းရောဂါဖြစ်တာနဲ့ တချို့ကင်ဆာတွေ ဖြစ်နိုင် ခြေ မြင့်မားပါတယ်။
အနီရောင်ဝိုင်က အမျိုးသမီးတွေအတွက် Sex ကိစ္စ စိတ်ပါဝင်စားမှုဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ နေ့စဉ် ၀ိုင်တစ်ခွက်သောက်တဲ့ အ မျိုးသမီးတွေက ၀ိုင်မသောက်သူတွေထက် Sex ကိစ္စမှာ စိတ်ကျေနပ်မှု ပိုမိုရရှိ နိုင်တယ်လို့ သိရပါတယ်။
ပြင်သစ်နဲ့ အီတလီက ၀ိုင်သောက်သုံးမှုအများဆုံးတိုင်းပြည်တွေပါ။ ရောမမှာ ရှိတဲ့ ဗာတီကန်မြို့ထဲမှာ နေထိုင်သူတွေက တခြားတိုင်းပြည်တွေထက် ၀ိုင်သောက် တဲ့ အရေအတွက်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်၊ ပေါ်တူဂီနဲ့ လူဇင်ဘက်ကလည်း ၀ိုင်ကြိုက်သူ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။ သူတို့နောက်ကတော့ ဂျာမန်နဲ့ တရုတ်က လိုက်ပါတယ်။
ဝိုင် ငါးအောင်စ ခွက်တစ်ခွက်မှာ အရက်စစ်စစ် အောင်စတစ်ဝက်ထက် အယ်လ်ကိုဟော ပါဝင်မှု အနည်းငယ်များပြီး ဘီယာ ၁၂ အောင်စ ဒါမှမဟုတ် အရက်ပြင်း ၁ ဒသမ ၅ အောင်စနဲ့ အယ်လ်ကိုဟော ပါဝင်မှု တူညီပါတယ်။ ဒီပမာဏ ဟာ အမျိုးသမီးတွေအတွက် နေ့စဉ်သောက်ဖို့ ညွှန်ကြားထားတာဖြစ်ပြီး အမျိုးသား တွေကတော့ နှစ်ဆပိုသောက်လို့ ရပါတယ်။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေလိုညလိုမျိုးမှာ တစ်ပတ်လုံးစာ စုပေါင်းပြီးမှ သောက်တာမျိုးတော့ မလုပ်ပါနဲ့။ ပမာဏများစွာ သောက်မိပါက အလွန်အန်္တရာယ်များတာကြောင့်ပါ။
ဒေါက်တာခင်မိုးမိုး
Post Author: Good Health Journal
Leave a Reply
Your email address will not be published. Required fields are marked *