ခေါင်းတစ်ခြမ်းကိုက် ဝေဒနာအကြောင်း သင်ဘယ်လောက်သိပါသလဲ

ခေါင်းတစ်ခြမ်းကိုက်တာဟာ အခံရခက်လှပါတယ်။ ဘာကြောင့်ဖြစ်ရ သလဲ။ သက်သာပျောက်ကင်းအောင် ဘယ်လိုလုပ်လို့ရလဲဆိုတာကို သိရဖို့ Quiz  လေးဖြေကြည့်ကြရအောင်။

၁။ ပြိုးပြိုးပြက်ပြက်အလင်းရောင်တွေ မမြင်ရရင် ခေါင်းတစ်ခြမ်းကိုက်တာ မ ဟုတ်ဘူး။
(က) မှန်
(ခ) မှား

၂။ Migraine (ခေါင်းတစ်ခြမ်းကိုက် ရောဂါ)က ခေါင်းတစ်ခြမ်းမှာပဲကိုက်တာ ပါ။
(က) မှန်
(ခ) မှား

၃။ ဘယ်အစားအစာက ခေါင်းတစ်ခြမ်း ကိုက်တာကိုဖြစ်စေနိုင်သလဲ။
(က) ပန်းသီး
(ခ) ဟင်းနုနယ်
(ဂ) Cheedar Cheese  
(ဃ) သီဟိုဠ်စေ့

၎။ ခေါင်းတစ်ခြမ်းကိုက်တာက အမျိုး သမီးတွေမှာ ပိုဖြစ်တတ်တယ်။
(က) မှန်
(ခ) မှား

၅။ ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ဖို့ အချိန် ဘယ်လောက်လိုအပ်သလဲ။
(က) ၁၅မိနစ်-မိနစ်၂၀
(ခ) ၁-၂နာရီ
(ဂ) ၁ ရက်

၆။ နေ့စဉ်သောက်နေကျဆေးဝါးတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ် ပေးနိုင်တယ်။
(က) မှန်
(ခ) မှား

၇။ ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်လေ့ ရှိတဲ့ အကြောင်းအရာတွေက –
(က) စူးရှပြင်းထန်တဲ့အနံ့
(ခ) ဟော်မုန်း
(ဂ) ရာသီဥတုအပြောင်းအလဲ
(ဃ) စိတ်ဖိစီးမှု
(င) အထက်ပါအချက်အားလုံး

၈။ အသက်ကြီးလာတာနဲ့အမျှ ခေါင်း တစ်ခြမ်းကိုက်တာ ဖြစ်နိုင်ခြေတွေလျော့ နည်းသလို အရမ်းလည်း မပြင်းထန် တော့ပါဘူး။
(က) မှန်
(ခ) မှား

၉။ ခေါင်းတစ်ခြမ်းကိုက်ပျောက်ဆေးက တခြားခေါင်းကိုက်ဝေဒနာတွေကိုပါ သက် သာပျောက်ကင်းစေနိုင်တယ်။
(က) မှန်
(ခ) မှား

၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါက မျိုး ရိုးလိုက်တတ်လား။
(က) မှန်
(ခ) မှား

♥ ကဲ အဖြေလေးတွေကို ဖြေကြည့်ရအောင် . . . 


၁။ (ခ) မှား
ခေါင်းတစ်ခြမ်းကိုက်နေစဉ် ဒါမှမ ဟုတ် မကိုက်ခင်မှာ အာရုံခံစားမှုတွေကို သက်ရောက်မှုရှိတဲ့အခါမျိုးမှာ ပြိုးပြိုး ပြက်ပြက်အလင်းရောင်တွေ တွေ့တတ် ပါတယ်။ အလင်းရောင်တွေ့သလို နားအူ တာတို့၊ အရသာ၊ အနံ့နဲ့ခံစားမှုပြောင်း တာတွေလည်း ဖြစ်တတ်ပါတယ်။ ၁၅ မိနစ်ကနေ တစ်နာရီကြာတဲ့အထိဖြစ်နေ တတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ မဖြစ် တာကြောင့် ခေါင်းတစ်ခြမ်းကိုက်တိုင်း ဒါတွေဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။

၂။ (က) မှန်
တခြားခေါင်းကိုက်တာနဲ့ မတူတာ က ခေါင်းတစ်ဖက်ခြမ်းမှာပဲကိုက်တတ်တာပါ။ ဒါပေမဲ့ တစ်ခြမ်းထဲမှာလည်းငြိမ်မ နေပါဘူး။ တစ်ခြမ်းကနေ တစ်ခြမ်းကို လည်းကူးသွားတတ်ပါတယ်။ လူအများ စုကတော့ တဒုတ်ဒုတ်နဲ့ကိုက်တယ်။ တ ဒိန်းဒိန်းနဲ့ သွေးခုန်နေသလို ကိုက်တဲ့ခံ စားမှုမျိုးခံစားရပါတယ်။ ခေါင်းတစ် ခြမ်းကိုက်တာက ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ညဘက်တစ်ရေးနိုး လည်း ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ရင် လေးနာရီနဲ့အထက်ကြာတတ်ပါတယ်။ အရမ်းဆိုးရွားလွန်းရင်တော့ တစ်ပတ် လောက်အထိကို ကြာနေတတ်ပါတယ်။

၃။ (ဂ) Cheedar Cheese 
တချို့အစားအစာတွေမှာ ခေါင်း တစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့ သ ဘာဝဓာတ် Tyramine ဆိုတာ ပါရှိပါ တယ်။ သက်တမ်းကြာနေပြီဖြစ်တဲ့ ဒိန်ခဲ တွေ၊ ပြုပြင်ထားတဲ့အသားတွေ၊ အချဉ် ဖောက်ထားတဲ့ အစာတွေကို သတိထား စားပါ။ ကဖင်းဓာတ်၊ ချောကလက်၊ MSG အမှုန့်၊ သကြားအတု၊ အရက်နဲ့ နိုက်ထရိတ်ဓာတ်ပါတဲ့အသားတွေကို ရှောင်ပါ။

၎။ (က) မှန်
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှင် လေးယောက်မှာ တစ်ယောက်ကအမျိုး သမီးတွေပါ။ ယောက်ျားလေးတွေမှာ တော့ လူပျိုဖော်မ၀င်ခင်အရွယ်တွေမှာပဲ အဖြစ်များပါတယ်။

၅။ (ခ) ၁-၂နာရီ
ခေါင်းတစ်ခြမ်းကိုက်တာက စစ ချင်းမသိမသာကိုက်ပြီး တစ်နာရီ နှစ်နာ ရီအကြာလောက်မှ တကယ်ခေါင်းကိုက် လာတာပါ။ တချို့ဖြစ်နေကျလူတွေဆို မဖြစ်ခင် တစ်ရက်နှစ်ရက်လောက်ကြိုပြီး ဖြစ်တော့မယ်ဆိုတာကို ခန့်မှန်းနိုင်ကြပါ တယ်။
တခြားသတိပေးတဲ့ လက္ခဏာရပ် တွေကတော့အလင်း၊ အသံနဲ့ အနံ့တွေ ကို မခံနိုင်တော့တာတွေနဲ့ စိတ်ခံစားမှု ပြောင်းလဲတာတွေပါ။ ခေါင်းတစ်ခြမ်း ကိုက်ပျောက်ဆေးတွေက စောစော သောက်ရင်အကောင်းဆုံးမို့လို့ ခေါင်း ကိုက်တာနဲ့ သောက်ပေးသင့်ပါတယ်။

၆။(က) မှန်
တစ်လမှာ နှစ်ကြိမ်နဲ့အထက်ခေါင်း ကိုက်ရင်၊ တစ်ခါကိုက်ရင် ၂၄နာရီထက် ပိုကြာရင်၊ ခေါင်းကိုက်တာကြောင့် ပုံမှန် နေ့စဉ်အလုပ်တွေကိုထိခိုက်ရင်၊ တစ် ပတ်ကို နှစ်ကြိမ်အထက် ခေါင်းကိုက် ပျောက်ဆေးတွေသောက်နေရရင်၊ ပုံမှန် သောက်နေကျ ခေါင်းတစ်ခြမ်းကိုက် ပျောက်ဆေးတွေက မထိရောက်တော့ရင် ဆရာဝန်တွေက နေ့စဉ်ကာကွယ်ဆေး တွေပေးပါတယ်။ နေ့စဉ်ကာကွယ်ဆေး တွေမှာ အမျိုးအစားအမျိုးမျိုးရှိလို့ ဆရာ ၀န်နဲ့တိုင်ပင်နိုင်ပါတယ်။ ဒီဆေးအများ စုကို ခေါင်းတစ်ခြမ်းကိုက်ရောဂါအပြင် သွေးတိုးရောဂါ၊ အတက်ရောဂါနဲ့ စိတ် ကျရောဂါတို့ကို ကုသရာမှာလည်း သုံး လေ့ရှိကြပါတယ်။

၇။ (င) အထက်ပါအချက်အားလုံး
လူတိုင်းမှာခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်စေတဲ့ အကြောင်းအရာတွေရှိ ပါတယ်။ တွေ့ရလေ့ရှိတဲ့ အချက်တွေ ကတော့ ရေမွှေးတို့ ဆပ်ပြာမှုန့်တို့လို ပြင်းထန်တဲ့အနံ့၊ ဓမ္မတာလာတဲ့အခါ၊ ကိုယ်ဝန်ဆောင်တဲ့အခါ၊ မမျိုးဥကြွေ တဲ့အခါမျိုးမှာ ဟော်မုန်းပြောင်းလဲမှု၊ စူးရှတောက်ပတဲ့အလင်းရောင်၊ စိတ်ဖိစီး မှု၊ စိတ်ပင်ပန်းမှု၊ အိပ်ရေးမ၀တာ၊ အ အိပ်လွန်တာ၊ ပဋိသန္ဓေတားဆေးလို ဆေးဝါးတွေ၊ ရာသီဥတုအပြောင်းအလဲ၊ ရေခဲမုန့်လို အေးခဲနေတဲ့အစာတွေနဲ့ တချို့အစာတွေပဲဖြစ်ပါတယ်။

၈။ (က) မှန်
အများစုမှာ အသက် ၃၅ နှစ်နဲ့ ၄၀ အကြား ခေါင်းတစ်ခြမ်းကိုက်တာတွေ အများဆုံးဖြစ်တတ်ပါတယ်။ နောက်ပိုင်း မှာဖြစ်တဲ့ အကြိမ်ရေနည်းသလို ပြင်းထန် မှုလည်း လျော့လာပါတယ်။

၉။ (ခ) မှား
တစ်ခါတစ်ရံမှာ ရိုးရိုးခေါင်းကိုက် ပျောက်ဆေးတွေက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကိုသက်သာစေနိုင်ပါတယ်။ ဒါ ပေမဲ့ ခေါင်းတစ်ခြမ်းကိုက်ဆေးဝါးတွေကတော့ တခြားခေါင်းကိုက်တာတွေကို မသက်သာစေနိုင်ပါဘူး။

၁၀။ (က) မှန်
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူငါးယောက်မှာ လေးယောက်က ဆွေမျိုးတွေထဲမှာလည်း ဝေဒနာခံစားဖူး သူတွေ ဖြစ်နေတတ်ပါတယ်။ အဖေနဲ့အမေတစ်ယောက်ယောက်မှာရှိနေရင် သင့် မှာရှိနိုင်ခြေ ၅၀ရာခိုင်နှုန်းရှိပါတယ်။ မိဘ နှစ်ယောက်လုံးမှာရှိရင်တော့ ၇၅ရာခိုင် နှုန်း ဖြစ်နိုင်ခြေရှိနေပါပြီ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *