ကောင်းမွန်စွာအိပ်စက်ခြင်း၏ ကောင်းကျိုး (၅) ချက်

လူအတော်များများဟာ အိပ်မပျော် တဲ့ညတွေ ကြုံတွေ့ဖူးပါတယ်။ အသံတစ် ခုခုကြားလို့ နိုးတာဖြစ်ဖြစ်၊ အိမ်မက်ဆိုး မက်လို့နိုးတာဖြစ်ဖြစ်၊ တစ်ခါတလေကျ တော့လည်း စိတ်ပူပန်စရာအကြောင်း ကိစ္စတွေရှိနေလို့ အိပ်မပျော်တာလည်း ဖြစ်တတ်ပါတယ်။

ကျန်းမာရေးကောင်းဖို့ဆို အာဟာရ ပြည့်ဝတဲ့ အစားအစာ စုံစုံလင်လင်စား တာ၊ ကိုယ်လက်လှုပ်ရှားလုပ်တာတွေ အပြင် အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်။ အလုပ်တွေများတဲ့အခါ၊ စိတ်ဖိစီးမှုများ တဲ့အခါ အအိပ်ပျက်တာ၊ အအိပ်ပျက်ခံ တာတွေ ဖြစ်လာတတ်ကြပါတယ်။

အိပ်ချိန်အပြည့်အ၀မရတာက ကျန်း မာရေးအတွက် ရေရှည်မှာ မကောင်းနိုင် ပါဘူး။ အိပ်ချိန် နှစ်နာရီ သုံးနာရီလောက် လေးကွာရင်တောင် သိသာတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။ တစ် နေ့ကို အနည်းဆုံး ရှစ်နာရီ အိပ်ချိန်ရ အောင် အိပ်ပေးပါ။ အိပ်ရေးဝအောင် အိပ်တာကနေ ပေးနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေက –

(၁) ကိုယ်အလေးချိန်ကို ထိန်းပေး တယ်
အိပ်ချိန်နည်းပါးတဲ့သူတွေမှာ ခန်္ဓာကိုယ်ဒြပ်ထုအညွှန်းကိန်း BMI လို့ ခေါ်တဲ့ (Body Mass Index) က မြင့်မား လာပါတယ်လို့ သုတေသီတွေက ဆို ထားပါတယ်။ တစ်ညကို ငါးနာရီအောက် လျော့နည်းပြီး အိပ်သူတွေမှာ ဗိုက် ဆာတာကို ဖြစ်စေတဲ့ ဂရီလင်ဟော်မုန်း က မြင့်မားနေပြီး ဆာလောင်တာကို လျော့စေတဲ့ Leptin ဟော်မုန်း ပမာဏ လျော့နည်းနေတာကိုတွေ့ရှိခဲ့ပါတယ်။

(၂) မှတ်ဉာဏ်ကို ကောင်းစေတယ်
ဦးနှောက်မှာ မှတ်ဉာဏ်သိမ်းဖို့ နေရာသစ်ဖန်တီးတဲ့ အခန်းကဏ္ဍပေါ်မှာ အိပ်စက်တာက များစွာအကျိုးသက် ရောက်နေပါတယ်။ အိပ်စက်ချိန် အပြည့် အ၀ရရှိသူတွေက အအိပ်ပျက်တဲ့သူတွေ ထက် သင်ကြားတဲ့အခါ ပိုပြီးမှတ်မိပါ တယ်။ ညဥ့်နက်အထိ အလုပ်လုပ်သူတွေ က နောက်နေ့မှာ စဉ်းစားဉာဏ်နှေးလာ တယ်ဆိုတာကို သုတေသီတွေက လေ့ လာတွေ့ရှိခဲ့ပါတယ်။ အိပ်ချိန်အပြည့် အ၀အိပ်ထားမယ်ဆိုရင် နောက်နေ့နံနက် မိုးလင်းတဲ့အခါ ကောင်းစွာ နိုးထနိုင်ပြီး စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ် တွေကို ကောင်းစွာ အာရုံစိုက်နိုင်မှာပါ။

(၃) ကိုယ်ခံအားစနစ်ကို ကောင်း စေတယ်
အိပ်ရေးပျက်တာများတဲ့သူတွေမှာ ရောဂါကို တိုက်ဖျက်နိုင်တဲ့ ဆဲလ်တွေ လျော့နည်းလာနိုင်ပါတယ်။ အိပ်စက်နေ တုန်းမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ မယ်လတိုနင်ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ နောက်ပြီး အိပ်ချိန်၊ နိုးချိန် ပုံမှန်မရှိတဲ့သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၇၀ ရာခိုင် နှုန်း မြင့်မားလာနိုင်တယ်လို့ သုတေသန တစ်ခုက ဆိုပါတယ်။ ဒါ့အပြင် အိပ်ချိန် မလုံလောက်တာက နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ အ၀လွန်ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

(၄) အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေး စေတယ်
သင်ဟာ အအိပ်ပျက်တာများလာ မယ်ဆိုရင် နာတာရှည်ရောဂါတွေ ဖြစ် လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ရေးပျက်တာက ခန္ဓာကိုယ်တွင်း ဇီဝ ကမ္မဖြစ်စဉ်ကို ထိခိုက်စေလို့ပါ။ နောက် ပြီး သုတေသီတွေက တစ်နေ့ကို ခြောက် နာရီ-ခုနစ်နာရီ အိပ်သူတွေက လေး၊ ငါး နာရီသာ အိပ်သူတွေထက် ပိုပြီးအသက် ရှည်ရှည်နေရတာကို လေ့လာတွေ့ရှိခဲ့ပါ တယ်။

(၅) စိတ်ဖိစီးမှုကို လျော့နည်းစေတယ်
အိပ်စက်အနားယူလိုက်တာက တစ် နေ့တာမှာ စိတ်ပင်ပန်း ဖိစီးရတာတွေ အားလုံးကို အလွယ်တကူ ပျောက်ကင်း စေနိုင်ပါတယ်။ သင်ဟာ စိတ်ရော၊ လူရော ပင်ပန်းနေတဲ့အခါမှာ စိတ်မရှည်တာ၊ အလွယ်တကူ ဒေါသထွက်တာတွေ ကြောင့် စိတ်ဖိစီးမှုက မြင့်မားလာနိုင်ပါ တယ်။ အရွယ်ရောက်ပြီး လူလတ်ပိုင်း အများစုအတွက် ခုနစ်နာရီကနေ ရှစ်နာ ရီ အိပ်ချိန်ရဖို့ လိုအပ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *