ဘာကြောင့် ဒိန်ချဉ် သောက်သင့်သလဲ ?

သင့်ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်း လူ့အကျိုးပြုဘက်တီးရီးယားတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပမာဏ ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီပမာဏရရှိအောင် လူ့အကျိုးပြုဘက်တီးရီးယားတွေ များစွာ ပါဝင်တဲ့ ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ဟာ နွားနို့နဲ့
ပြုလုပ်ထားတဲ့အတွက် ပရိုတင်းဓာတ်တွေ များစွာ ရရှိတဲ့အပြင် ကယ်လ်စီယမ်၊ ဗီတာမင် ဘီ ၂၊ ဘီ ၁၂၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေကိုလည်း ရရှိ နိုင်ပါတယ်။ နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်တာကြောင့် အောက်ပါအကျိုးကျေးဇူးတွေ
ရရှိနိုင်ပါတယ်။

၁။ အရိုးပါးရောဂါကို ကာကွယ်နိုင်ခြင်း
ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့အတွက် အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂။ သွေးတိုးရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်ခြင်း
တစ်နေ့ကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် နှစ်ခွက် သောက်ရုံနဲ့ သွေးတိုးနိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

၃။ သက်ရှိဘက်တီးရီးယားတွေကို အသုံးပြုထားတဲ့အတွက် အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေနိုင်ပါတယ်
ဒိန်ချဉ်ဟာ ၀မ်းချုပ်တာ၊ ၀မ်းပျက်တာ၊ အူမကြီးကင်ဆာ၊ အူမကြီးရောင်ရမ်းရောဂါနဲံ့-စပူသမင ပိုး ကူးစက်ခံရတာ တွေအတွက် ကူညီပေးနိုင်ပါတယ်။

၎။ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှ အဖြူဆင်းခြင်း သက်သာစေနိုင်
အမျိုးသမီးတွေရဲ့ အင်္ဂါအတွင်း မှိုပိုးဝင်ရောက်တာကြောင့်ဖြစ်ပေါ်တဲ့ ယားယံပြီးအဖြူဆင်းတဲ့ရောဂါဟာ ဒိန်ချဉ်သောက်တာကြောင့် ပျောက်ကင်းနိုင်ပါတယ်။

၅။ အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှုရရှိစေနိုင်
ဒိန်ချဉ်မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့် ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

ဒိန်ချဉ်ဝယ်ရာတွင် …
Low Fat ဒါမှမဟုတ် Non Fat အမျိုးအစားကို ရွေးချယ်ပါ။
သကြားပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကို ရွေးချယ်ပါ။
ဒိန်ချဉ်မှာ အသုံးပြုထားတဲ့ အကျိုး ပြုဘက်တီးရီးယားတွေဟာ သက်ရှိဖြစ် နေရပါမယ်။ ဥပမာအားဖြင့် သက်ရှိဘက်တီးရီးယားတွေကို သန်းပေါင်းများစွာ အသုံးပြုထားတဲ့ဒိန်ချဉ်ဟာ အစာခြေစနစ်လုပ်ငန်းကို ကူညီပေးပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒိန်ချဉ်ဟာ အချိန်မရွေး သောက်သုံးနိုင်တဲ့အတွက် သင်ရဲ့ အဆာပြေစာအဖြစ် အမြဲတမ်းဆောင်ထားသင့်ပါတယ်။

♥  ဒေါက်တာခင်မိုးမိုး  ♥

Good Heath Journal

Post Author: Good Health Journal