ကိုဗစ်နှင့် ဇင့်ငုံဆေး

လေ့လာမှုအများအပြားအရ ဇင့်လို့ခေါ်တဲ့ သွပ်ဓာတ်ဟာ ခုခံအားစနစ်ကို မြင့် တက်စေပြီး အအေးမိရောဂါပိုးကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ သွပ်ဓာတ်ပါ တဲ့ငုံဆေးကို ငုံသူတွေက အအေးမိရောဂါဖြစ်ချိန် ၃၀ ရာခိုင်နှုန်း တိုတောင်းသွားတယ် လို့ ၂၀၁၇ ခုနှစ် မေလက ထုတ်ခဲ့တဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဇင့် (သွပ်ဓာတ်)ကို အခုအသစ်ပေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် သီးသန့်စမ်းသပ်မှုမပြု လုပ်ရသေးပေမယ့် တခြားဗိုင်းရပ်စ်ပေါင်းများစွာအပေါ်မှာတော့ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဇင့် ငုံဆေးတွေက ဗိုင်းရပ်စ်တွေ စတင်ပြန့်ပွားတဲ့ လည်ချောင်းထဲက ဗိုင်းရပ်စ်တွေရဲ့ လှုပ်ရှားမှုကို တားမြစ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင် လည်ချောင်းနာတာနဲ့ ဇင့်ငုံဆေးကို ငုံလိုက်ပါ။ ဝါးစားရမှာမဟုတ်ပါဘူး။ တစ်ချိန်လုံး စုပ်ထားပါမှ သင့်လျှာပေါ်မှာ သွပ်ဓာတ်တွေ လွှမ်းနေမှာဖြစ်ပါတယ်။ တစ်ပတ် ဒါမှ မဟုတ် […]

ကိုဗစ်ရောဂါသတိပြုစရာ ကြောက်သင့်သလောက်သာ ကြောက်ကြပါ

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်အသစ် SARS-CoV-2 ရောဂါပိုးကြောင့်ဖြစ် သည့် ကိုဗစ် (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၈၀ ကျော် တွင် ဖြစ်ပွားလျက်ရှိ၍ လူပေါင်း ၃၀၀၀၀၀ ကျော်၌ ကူးစက်ခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော် သေဆုံးစေသည်ကို သိကြပြီးဖြစ်ပါလိမ့်မည်။ ကမ္ဘာ့အနှံ့သို့ ကူးစက်ပျံ့နှံ့နိုင်သည့် ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါ (Pandemic Disease) အဖြစ်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ၁၁-၃-၂၀၂၀ ရက်ကပင် ကြေညာခဲ့ ပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကူးစက်ပြန့် ပွားသည့် နိုင်ငံအရေအတွက်တိုးလာ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အာဆီယံ ဒေသနိုင်ငံတိုင်းလိုလို ( ၂၂-၃-၂၀၂၀ ရက် နေ့လယ်အထိ မြန်မာနှင့် လာအိုမပါ) တွင်လည်း ဖြစ်ပွားလျက်ရှိသဖြင့် မြန်မာနိုင်ငံသို့ အချိန်မရွေးရောက်ရှိ လာနိုင်ပြီး […]

ကိုဗစ်နှင့် နေရောင်ခြည်

နေရောင်ခြည်က COVID-19 ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်ပိုး အတော်များများကို ဖယ်ရှားပစ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုက ကျန်းမာ ရေးဝန်ကြီးက ထုတ်ဖော်ထားပါတယ်။ လေ့လာမှုတစ်ခုအရလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေက မြင့်မားတဲ့အပူချိန်နဲ့ စိုထိုင်းဆများတဲ့နေရာမှာ ပျံ့နှံ့နှုန်း သိသိသာသာ နည်းတယ်လို့ သိရပါတယ်။ အပူချိန် ၁ ဒီဂရီစင်တီဂရိတ်တက်လာတိုင်း ဗိုင်းရပ်စ် ပျံ့နှံ့နိုင်ခြေက တစ်ရာခိုင်နှုန်းလျော့ကျတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရောဂါပျံ့နှံ့နေတဲ့အချိန်မှာ အေးတဲ့ရာသီဥတုနဲ့ စိုထိုင်းဆနည်းတဲ့ အီတလီ၊ စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ အီရန်၊ ပြင်သစ်၊ တောင်ကိုရီးယားလို နိုင်ငံတွေမှာ ရောဂါ ဖြစ်နှုန်း ပိုများကာ ပူပြီး စိုထိုင်းဆများတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းလို နေရာမျိုးတွေမှာ ရောဂါဖြစ်နှုန်းက အဲဒီနိုင်ငံတွေထက် သိသိသာသာ လျော့နည်းတာ ကို […]

Covid-19 ကူးစက်ခံရရင် ဘယ်သူတွေမှာ အန္တရာယ်များနိုင်သလဲ ?

အသက် ၆၅ နှစ်ကျော်သူ၊ ကင်ဆာ ရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အဆုတ်ရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ နှလုံး ရောဂါရှိသူ၊ စိုးရိမ်စိတ်များသူ၊ ခုခံအား စနစ်ကျဆင်းသူနဲ့ ခုခံအားစနစ်အတွက် ဆေးဝါးမှီဝဲနေရသူတွေမှာ COVID-19 ကူးစက်ခံရရင် အသက်အန္တရာယ်အလွန် များပါတယ်။ COVID-19 ကြောင့် သေဆုံးသူတွေက ရောဂါဖြစ်သူရဲ့ ၃-၄ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပေမယ့် နှလုံးရောဂါအခံရှိသူတွေမှာ သေ ဆုံးနှုန်းက ၁၀.၅ ရာခိုင်နှုန်းလောက်ရှိ တယ်လို့ WHO မှ ဖော်ပြချက်အရ သိရ ပါတယ်။ အဆုတ်ရောဂါအခံရှိသူတွေမှာ သေဆုံးနှုန်းက ၆.၃ ရာခိုင်နှုန်းရှိပါတယ်။ COVID-19 ကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်းရောင်ရမ်းမှုဖြစ်စဉ်တွေဖြစ် ပေါ်လာပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်က နှလုံးတိုက်ခိုက်ခံရတာရဲ့ အဓိကအ ကြောင်းရင်းပါ။ ရောင်ရမ်းမှုကြောင့် သွေးကြောထဲမှာရှိတဲ့ အဆီအနှစ်တွေ ကနေ သွေးခဲဖတ်တွေဖြစ်လာပြီး […]

Covid-19 အတွက် ကုသနိုင်တဲ့ဆေးရှိပြီ

တုပ်ကွေးရောဂါပိုးအသစ်ကို ကုသဖို့အတွက် ဂျပန်နိုင်ငံက ဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေ အတွက် ထိရောက်မှုရှိတယ်လို့ တရုတ် နိုင်ငံက ဆေးပညာရှင်တွေက ထုတ်ဖော် လိုက်ပါတယ်။ Fuji Film Co.,Ltd. မှ ထုတ်လုပ်တဲ့ AVIGAN ဆေးဝါးကို ဝူဟန်နဲ့ ရှင်းစင်မြို့နယ်မှ လူနာပေါင်း ၃၄၀ ကို စမ်းသပ်ကုသအပြီးမှာ ထုတ် ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီ ဆေးဝါးနဲ့ အသုံးပြုတဲ့လူနာတွေက ရော ဂါပိုးတွေ့အပြီး လေးရက်အကြာမှာ ပျောက်ကင်းသွားပေမယ့် ဆေးဝါးနဲ့ ကုသမှု မခံယူရတဲ့လူနာတွေက ၁၁ ရက် အကြာမှ ပျောက်ကင်းသွားတယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အဆုတ်ပျက်စီးသူတွေ ကို ဒီဆေးဝါးနဲ့ ကုသပြီး ဓာတ်မှန်နဲ့ စစ် ဆေးကြည့်ရာမှာ ၉၁ ရာခိုင်နှုန်းက ရော ဂါသက်သာသွားကြပါတယ်။ […]

COVID-19 နှင့် Quarantine, Isolation, Social Distancing  ဆိုသည်မှာ . . .

COVID-19 ဆိုတာက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။CO ဆိုတာက ကိုရိုနာ၊ VI ဆိုတာက ဗိုင်းရပ်စ်ကို ရည်ညွှန်းတာဖြစ်ပြီး D-19 ဆိုတာကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှာ စတင်တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် WHO က COVID-19  ဆိုတဲ့ နာမည်ကို ရွေးချယ်လိုက်တာပါ။ WHO ကပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို SARS-CoV-2 လို့ တရားဝင်ထုတ်ပြန်လိုက်တာက ဒီဗိုင်းရပ်စ် က ၂၀၀၃ ခုနှစ် SARS ရောဂါပျံ့နှံ့နေစဉ်မှာ ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုး SARS-CoV  နဲ့ မျိုးရိုးဗီဇ ချင်း ဆင်တူနေတာကြောင့်ပါ။ ဒါပေမဲ့ တစ်ထေရာတည်း ချွတ်စွပ်မတူဘူးလို့တော့ ဆိုပါတယ်။ ယနေ့အချိန်အထိ ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဒီ COVID-19 ရောဂါကူးစက် ပြန့်ပွားနေချိန်မှာ ဒီရောဂါအတွက် […]

ကိုရိုနာဗိုင်းရပ်စ်အသစ်က ဓာတ်ခွဲခန်းက ပြုလုပ်တာမဟုတ်

ကိုရိုနာဗိုင်းရပ်စ်အသစ်က သဘာဝတရားကြောင့်ဖြစ်လာတာဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ နယူးယောက်၊ သြစတြေးလျနဲ့ နယူးအော်လန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ပေါင်းစပ်ပြီးပြုလုပ်ထားတဲ့ သုတေသနတွေအရ SARS-CoV-2 ခေါ်တဲ့ COVID-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က လူလုပ်ဗိုင်းရပ်စ်ဖြစ်ဖို့အတွက် သက်သေပြဖို့ အချက်တစ်ချက်မှ မရှိဘူးလို့ သိရပါတယ်။ ♥ ဒေါက်တာခင်မိုးမိုး (Ref: WebMD)

COVID နှင့် သွေးအမျိုးအစား

  COVID-19 ရောဂါဟာ A သွေးအမျိုးအစားရှိသူများတွင် ကူးစက်ခံရနိုင်ခြေပိုများ၍ ရောဂါဖြစ်လျှင်လည်း ရောဂါလက္ခဏာပိုမိုပြင်းထန်လေ့ရှိကြောင်း၊ O သွေးအမျိုးအစားရှိသူများတွင် ကူးစက်ခံရနိုင်ခြေနည်းကြောင်း (မှတ်ချက်။ မကူးစက်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ) တရုတ်သုတေသနပညာရှင်များရဲ့ ဝူဟန်နှင့် ရှန်ကျင့်မြို့မှ လူနာ ၂၀၀၀ ကျော် ကို အကြိုလေ့လာဆန်းစစ်တွေ့ရှိချက်အရ သိရပါတယ်။ ♥ ဒေါက်တာတင်ထွန်းဦး Ref: South China Morning Post.

ဝူဟန်တုပ်ကွေးကာကွယ်ဖို့အတွက် ချင်းစားသုံးတိုင်း အန္တရာယ်ကင်းပါရဲ့လား

ချင်းဟာ သဘာဝအတိုင်းရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ အတွက် နှစ်ပေါင်းများစွာကတည်းက လူတွေအသုံးပြုလျက်ရှိကြပါတယ်။ လေထိုး လေအောင့်သက်သာတာ၊ အစာမကြေတာအတွက် ကောင်းမွန်တာ၊ နာကျင်မှုဝေဒနာ ပျောက်ကင်းတာ၊ ကင်ဆာဆဲလ်တွေကို သေစေနိုင်တာ စတဲ့ ဂုဏ်သတ္တိတွေကြောင့် ချင်းကို ရှေးခေတ်အာရှတိုက်သားတွေက စပြီး ယခုခေတ် ကျန်းမာရေးလိုက်စားသူ တိုင်း အသုံးပြုနေကြပါတယ်။ အခုလို ဝူဟန်တုပ်ကွေးကူးစက်မှုများနေတဲ့အချိန်မှာ ချင်းကို ပျားရည်၊ သံပရာရည်တို့နဲ့ ရောစပ်ပြီး ရောဂါကို ကာကွယ်နိုင်အောင် သောက် သုံးနေကြသူတွေလည်း အများအပြားပါပဲ။ ဒီလိုကောင်းကျိုးတွေ အများအပြားရှိပေမယ့်လည်း ချင်းကို အကန့်အသတ်နဲ့ သာ သောက်သုံးသင့်သူတွေရှိတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ♦ သွေးကျဲဆေးသောက်သုံးနေရသူများ ချင်းဟာ သွေးကျဲစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးကျဲဆေးသောက်သုံးရသူ ဒါမှမဟုတ် သွေးမတိတ်နိုင်တဲ့ရောဂါရှိသူတွေနဲ့ မသင့်တော်ပါဘူး။ ဒီရောဂါရှိသူတွေ အနေနဲ့ ချင်းကို မမှီဝဲခင်မှာ […]

ကိုရိုနာဗိုင်းရပ်စ် သံသယရှိရင် ဘာလုပ်သင့်လဲ

♦ ကိုရိုနာဗိုင်းရပ်စ် သံသယရှိရင် ဘာတွေဆောင် ရွက်သင့်ပါသလဲ။ သံသယရှိရင် နီးစပ်ရာကျန်းမာရေး ဌာနကို သတင်းပေးပို့ပါ။ လက်ရှိမှာဆိုရင် နိုဗယ်ကိုရိုနာဗိုင်းရပ် COVID-19 နဲ့ ပတ်သက်လို့ သံသယရှိလူနာ မတွေ့ သေးပါဘူး။ ဒါပေမဲ့ မရှိသေးတာက မရှိ တာလို့ပြောတာ မဟုတ်ပါဘူး။ ပြည်သူ လူထုထဲမှာ အစုလိုက်အပြုံလိုက် တစ် ပြိုင်နက်ဖြစ်လာနိုင်တယ်ဆိုပြီး ရှိပါ တယ်။ ဘာကြောင့်လဲဆိုရင် တောင်ကိုး ရီးယားနဲ့ အီရန်နိုင်ငံတွေက နမူနာ ဖြစ် ပါတယ်။ ကိုးရီးယားမှာ အစုလိုက်အပြုံ လိုက် ဖြစ်တယ်။ လူနာနံပါတ် ၃၁ က ဆေးစစ်ဖို့ ငြင်းဆန်တယ်။ ဘုရား ကျောင်းသွားတယ်၊ နေရာစုံသွားတယ်။ အဲဒီမီးပွားလေးကနေ မီးတောက်ကြီးဖြစ် လာပြီး ကိုးရီးယားလို ဖွံ့ဖြိုးတဲ့နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန် […]