ရနံ့ကုထုံးအမွှေးတိုင်ပြုလုပ်နည်း

ကျွန်မတို့ အလုပ်ကပြန်လာလို့ မောပန်းနွမ်းနယ်လာတဲ့အခါမှာ သံပရာရနံ့၊ သစ်ကြံပိုးခေါက်ရနံ့လိုမျိုး ရနံ့တစ်ခုခုရလိုက်ရင် လန်း သွားတတ်ကြတယ်မလား။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းလျမှုတွေ အတွက် ရနံ့ကုထုံးက မရှိမဖြစ်လိုအပ်တယ်လေ။ ဒီတော့ ပင်ပန်း သမျှပျောက်ပြီး အိပ်ကောင်းခြင်းနဲ့ အိပ်စက်နိုင်ဖို့ ရနံ့ကုထုံးအမွှေး တိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်တာတွေက . . . – စန္ဒကူးမှုန့် ထမင်းစားဇွန်းနှစ်ဇွန်းစာ – Rosemary essential oil သငူ ထမင်းစားဇွန်းတစ်ဇွန်းစာ -စန္ဒကူးမှုန့်နှစ်ဆ Essential oil တစ်ဆ) – ဟင်းခတ်အမွှေးအကြိုင်ရွက်များ (သစ်ကြံပိုးခေါက်၊ စမုန်စပါး၊ နာနတ်ပွင့်၊ လေးညှင်းပွင့် စသဖြင့်) – ရေ – အမွှေးတိုင်ပြုလုပ်သည့်တုတ်ချောင်းလေးများ ပြုလုပ်နည်း – စန္ဒကူးမှုန့်တွေကို ရေအနည်းငယ်နဲ့ ပျစ်နှစ်နေအောင် ရောစပ်မွှေပါ။ […]

Borax Toilet Bombs

အိမ်သာထဲအနံ့ဆိုးဆိုးတွေကို မသန့်စင်၊ မဖယ်ရှားနိုင်ရင် အိမ် ရှေ့ဧည့်ခန်း၊ အိပ်ခန်းတွေအထိပါ အနံ့ဆိုးတွေလှိုင်လှိုင်ထွက်ပြီး ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဧည့်သည်လာရင်လည်း အိမ်သာနံနံကြီးထဲ အသုံးပြုစေဖို့ မသင့်တော်ဘူးမဟုတ်လား။ ဒါ ကြောင့် အိမ်ရှင်မကောင်းတို့အတွက် အနံ့ဆိုးကင်းတဲ့အိမ်သာဖြစ်စေ မယ့် လက်ချား Toilet bombs ပြုလုပ်နည်းကို ဖော်ပြပေးလိုက် ပါရစေ။ လိုအပ်တာတွေက – မုန့်ဖုတ်ဆော်ဒါ ခွက်တစ်ဝက်စာ – စစ်ထရစ်အက်စစ်မှုန့် ခွက်တစ်ဝက်စာ (iHerb.com တွင်ရရှိနိုင်) – လက်ချားမှုန့် ခွက်တစ်ဝက်စာ – Lemon Essential Oil ၁၅ စက်ခန့် – ရေ ပြုလုပ်နည်း – စစ်ထရစ်အက်စစ်၊ မုန့်ဖုတ်ဆော်ဒါနဲ့ လက်ချားမှုန့် ခွက်တစ်ဝက်စာစီကို ပန်းကန် လုံးတစ်လုံးထဲထည့်ကာ သစ်သားဇွန်းနဲ့မွှေပါ။ – ရေကို […]

လေးညှင်းပွင့် သွားတိုက်ဆေး

ဟင်းခတ်အမွှေးအကြိုင်တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် သင့်သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုနိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေထဲက လေးညှင်းပွင့်နဲ့ သွားတိုက်ဆေးပြုလုပ် နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မနက်တိုင်း ကိုယ်တိုင်လုပ်ထားတဲ့ သွား တိုက်ဆေးလေးနဲ့ သွားတိုက်ကြရ အောင်လား။ သွားချေးဖတ်ချိုးတွေ တောင် ကွာကျစေနိုင်တယ်လို့ ဆိုပါတယ်။ လိုအပ်တာတွေက – လေးညှင်းပွင့်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း – အုန်းဆီခဲ ခွက်တစ်ဝက်စာ – မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း ၂-၃ ဇွန်း – နွယ်ချိုမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ – Myrrh extract ၁၀ စက်ခန့် (iHerb.com တွင် မှာယူရရှိနိုင်) – အပူခံပန်းကန်လုံးထဲမှာ အုန်းဆီကို ထည့်ကာ မီးဖိုပေါ်မှာ […]

သခွားသီး၊ ရှားစောင်းလက်ပပ် Sunscreen

ဒီတစ်ပတ်တော့ နွေလည်းရောက်လာပြီမို့ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင် တဲ့ Sunscreen ပြုလုပ်နည်းလေးကို ဖော်ပြချင်ပါတယ်။ နည်းနည်းလေး မလွယ်ပေမယ့်လည်း ဓာတုပစ္စည်းအနည်းဆုံးနဲ့ အန္တရာယ်ကင်းကင်း အသုံးပြု ချင်တယ်ဆိုရင်တော့ ကြိုးစားပြီး ပြုလုပ်စေချင်ပါတယ်။ ကဲ.. စလိုက်ရအောင်…။ လိုအပ်တာတွေက . . . – ရှားစောင်းလက်ပပ်အနှစ် ၇၀ ဂရမ် (ရှားစောင်းလက်ပပ်ပင် ကနေ အခွံလွှာပြီး ကိုယ်တိုင်အနှစ်ထုတ်ယူတာက အကောင်း ဆုံးပါ) – သခွားသီး အရွယ်တော်တစ်လုံး – Nut Oil ၄၀ ဂရမ် – Shea Butter ၆ ဂရမ် – Lavender Essential Oil ၅-၁၀ စက်ခန့် – Emulsifying Wax ၁၀ […]

ပျက်စီးဆံသားများအတွက် Mask

ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက် မှုပုံစံ၊ ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ဆံပင်အလှကုန်တွေအသုံးပြုတာနဲ့ ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက် ဆေးဆိုးလိုက် ခဏခဏ ပြုလုပ်တာတွေ ကြောင့် ဆံသားပျက်စီးနေကြပါတယ်။ ဒီလိုပျက်စီးနေတဲ့ဆံသားတွေ ပြန်လည် ကောင်းမွန်လာစေဖို့ အခုဖော်ပြပေးမယ့် Mask ပြုလုပ်နည်းလေးနဲ့ ပြန်လည် ထိန်းသိမ်းကြည့်ရအောင်…။ လိုအပ်တာတွေက – ငှက်ပျောသီးမှည့် တစ်လုံး – ပျားရည် – ထမင်းစားဇွန်း နှစ်ဇွန်းစာ – နွားနို့ – ထမင်းစားဇွန်းနှစ်ဇွန်းစာ – သံလွင်ဆီ – ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ – ကြက်ဥ – တစ်လုံး ဒီပြုလုပ်နည်းမှာပါဝင်တဲ့ ကြက်ဥမှာ ပရိုတင်းများစွာ ပါဝင်တဲ့အတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ငှက်ပျောသီးမှာတော့ ဦးရေပြား ကျန်းမာစေတဲ့ ဗီတာမင် အေ ပေါကြွယ်ဝတာကြောင့် […]

Pore-Cleansing Mask

လိုအပ်သည့်ပစ္စည်းများ ♦ နွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ Gelatin ဂျယ်လီမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ (လိုအပ်သလို ထပ်ထည့်နိုင်) (iHerb.com တွင် မှာယူရရှိနိုင်) ♦ Lavender Essential Oil ၁-၂ စက်ခန့် ပြုလုပ်နည်း ♦ အပူခံပန်းကန်လုံးတစ်လုံးထဲကို နွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းစာထည့်ပါ။ ♦ အဲဒီထဲကို Gelatin ဂျယ်လီမှုန့် ထမင်းစားဇွန်းတစ်ဇွန်းစာ ပေါင်းထည့်ပါ။ ♦ ပြီးရင် Lavender Essential Oil တစ်စက် ဒါမှမဟုတ် နှစ်စက်ခန့်ကို ရောထည့်ပြီး ရေအနည်းငယ်ထည့်ကာ မွှေပါ။ ♦ အဲဒီပန်းကန်လုံးကို မိုက်ခရိုဝေ့ထဲထည့်ကာ အပူရှိန်နည်းနည်းနဲ့ စက္ကန့် ၃၀ ခန့် အပူပေးပါ။ (မဆူပွက်ပါစေနဲ့) ♦ ပျော်သွားပြီဆိုရင် […]

သစ်ကြံပိုးခေါက်ဖယောင်းတိုင်ပုလင်း

ခေါင်းအရမ်းကိုက်နေတဲ့အချိန်မှာ သစ်ကြံပိုးခေါက်ရနံ့လေးရလိုက်ရင် သက်သာသွားနိုင်ပါတယ်တဲ့။ ဒါ့အပြင် မူးဝေပြီး အော့အန်ချင်နေစဉ်မှာလည်း သစ်ကြံပိုးခေါက်ရနံ့ကုထုံးက ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ ဒီတစ်ပတ် မှာတော့ ဒီလိုကောင်းကျိုးတွေရှိတဲ့ သစ်ကြံပိုးခေါက်ကို ဖယောင်းတိုင်အဖြစ် ကိုယ်တိုင်လုပ်နိုင်တဲ့နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ တန်ဆောင် တိုင်မှာလည်း ကိုယ်တိုင်လုပ် ဖယောင်းတိုင်လေးတွေနဲ့ ထွန်းညှိအလှဆင် နိုင်တာပေါ့နော်။ လိုအပ်တာတွေကတော့ . . .  ♦ ဖယောင်းခဲထုပ် ♦ ဖန်ခွက်ငယ် ♦ သစ်ကြံပိုးခေါက်မှုန့် ♦ ဖယောင်းတိုင်မီးစာကြိုးနဲ့သံကွင်းငယ် ပြုလုပ်နည်း . . . ♦ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး မီးဖို ပေါ်မှာ အပူပေးပါ။ ♦ အဲဒီရေထဲကို ဖယောင်းခဲထည့်ထား တဲ့ ဖန်ခွက်ကိုထည့်ပါ။ ♦ ဖယောင်းခဲအရည်ပျော်သွားရင် အဲဒီ ထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက် […]

Sea Salt Body Scrub

လှပလိုသူတိုင်း တစ်ပတ် အနည်းဆုံး တစ်ကြိမ်တော့ ခန္ဓာကိုယ်ကို Scrub လုပ်ကြမှာပါ။ ပျိုမေတို့အတွက် ဒီတစ် ပတ်မှာ ပင်လယ်ဆားနဲ့ ပြုလုပ်ထားတဲ့ Scrub လုပ်နည်းလေးကို ဖော်ပြပေးပါရစေ။ ပင်လယ်ဆားဟာ ချွေးပေါက်ပွင့်စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာ၊ ဆဲလ်သစ်မွေးဖွားစေတာနဲ့ ခန္ဓာကိုယ် အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလိုမျိုး အစွမ်းသတ္တိရှိပါတယ်။ ဒါ့အပြင် အသားအရေချောမွေ့စေပြီး စိတ်အပန်းလည်း ပြေစေနိုင်ပါတယ်တဲ့။ ♥ လိုအပ်တာတွေက ♥  ♦ ပင်လယ်ဆား ♦ အုန်းဆီ ♦ အုန်းနို့ ♥  ပြုလုပ်နည်း ♥  ♦ ပန်းကန်လုံးတစ်လုံးထဲကို ပင်လယ်ဆား တစ်ခွက်စာ ထည့်ပါ။ ♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းခွဲစာ ရောထည့်ပါ။ ♦ အဲဒီထဲကို ထမင်းစားဇွန်းလေးဇွန်းစာ […]

Charcoal Toothpaste

ကျွန်မတို့ငယ်ငယ်တုန်းက အဘိုးအဘွားတွေဟာ ဖွဲပြာတို့၊ မီးသွေး မှုန့်တို့နဲ့ သွားတိုက်တာကို မြင်ဖူးခဲ့ပါတယ်။ ကျွန်မတို့ကိုလည်း အဲဒါနဲ့ သွားတိုက်စေခဲ့ပါတယ်။ မီးသွေးခဲက မည်းနေတာကို ဘာလို့ သွားတိုက် စေခဲ့သလဲပေါ့။ အခုချိန်မှာတော့ မီးသွေးခဲက သွားကို ဘယ်လောက်အထိ ဖြူစင်အောင် လုပ်ပေးသလဲဆိုတာကို တွေ့ခဲ့ရပါပြီ။ ဒီတော့ ဒီတစ်ပတ် မှာဖော်ပြပေးချင်တာက ဖြူစင်ဝင်းလက်စေတဲ့ သွားလေးတွေ ပိုင်ဆိုင် စေဖို့ မီးသွေးသွားတိုက်ဆေးပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မီးသွေးက သင့်သွားမှာ သွားချေးဖတ်တွေကပ် နေတာ၊ သွားချေးကျောက်ဖြစ်နေတာတွေကို ခွာချ ပေးနိုင်ပြီး ဖြူစင်တောက်ပစေနိုင်ပါတယ်။ ကော်ဖီနဲ့ အနီရောင်ဝိုင်တွေကြောင့် သွားအရောင်စွန်းထင်း တာကိုလည်း ချွတ်ပစ်နိုင်ပါသတဲ့။ ခံတွင်းအတွင်း pH ဓာတ်ကို ထိန်းညှိပေးတဲ့အပြင် ခံတွင်းရနံ့ဆိုး တာကိုလည်း တိုက်ထုတ်ပစ်နိုင်ပါတယ်။ ဒီ Charcoal Toothpaste ပြုလုပ်နည်းမှာ […]

ခြင်ကိုက်ဖုများအတွက် သဘာဝခရင်မ်

ဒီရာသီမှာ ဘယ်လိုပဲခြင်ဆေးတွေထွန်းထွန်း၊ ခြင်နိုင်ဆေးတွေ ဘယ်လောက်ပဲဖျန်းဖျန်း ခြင်ကတော့ ကိုက်ခံရတာပါပဲ။ ဒီလိုခြင်ကိုက်ခံရလို့ အဖုအပိမ့်တွေထွက်ပြီး ယားယံတာက ခံရသိပ်ဆိုးပါတယ်။ ဒီတော့ ခြင်ကိုက်လို့ အဖုအပိမ့်တွေ ထွက်လာတာ၊ ယားယံတာကို သက်သာစေမယ့် Bentonite Clay ခြင်ကိုက်ဖုလိမ်းခရင်မ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ … … လိုအပ်တာတွေက … ♦ Bentonite Clay ♦ Lavender Essential Oil ♦ Frankincense Essential Oil ♦ အုန်းဆီ ဒါမှမဟုတ် ရှားစောင်းလက်ပပ်အနှစ် ပြုလုပ်နည်း ♦ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ Bentonite Clay ထမင်းစားဇွန်းတစ်ဇွန်းနဲ့ Lavender Essential Oil အစက်အနည်းငယ်ခန့်ထည့်ပါ။ ♦ ဇွန်းကို အသုံးပြုပြီး ဖြည်းညင်းစွာ မွှေပါ။ ♦ […]