ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အံ့သြစရာကောင်းလောက်အောင်ပဲ အသံတွေ ပြုလုပ်တတ်ပါတယ်။ အသံတချို့က ပုံမှန်ဖြစ်ပေါ်တတ်တာဖြစ်ပေမယ့် တချို့ အသံတွေကတော့ ရောဂါလက္ခဏာ သတိပေးတဲ့အသံမျိုးတွေ ဖြစ်နေတတ်ပါတယ်။
◘ အသက်ရှူသွင်း၊ ရှူထုတ်ရာက ကြားရသော အသံ
အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရာမှာ လေချွန်သံလို မြည်နေတာမျိုးက အသက်ရှူလမ်းကြောင်းမှာ တစ်ခုခု ပိတ်ဆို့ နေတာကြောင့်ပါ။ အများစုက အသက်ရှူ လမ်းကြောင်းတစ်လျှောက်မှာ အချွဲတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်ရတာပါ။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာတွေ ကြောင့် အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရာ မှာ အသံမြည်နိုင်ပါတယ်။
◘ နားထဲက ကြားရသော အသံ
နားထဲမှာအသံမြည်တာက အသက် ကြီးလာတာ၊ နားထဲပိုးဝင်တာနဲ့ ဆူညံသံ ကျယ်ကျယ်လောင်လောင်တွေ နား ထောင်လိုက်ရတာကြောင့် ဖြစ်နိုင်ပါ တယ်။ အများအားဖြင့် နားထဲဝင်လာတဲ့ အသံကို ဦးနှောက်ဆီပို့ဖို့ လျှပ်စစ်စွမ်း အင်အဖြစ် ပြောင်းလဲပေးတဲ့ အမွေးနု လေးတွေ ပျက်စီးတာကြောင့် ဖြစ်ရတာ ပါ။ နားထဲအသံမြည်နေတာအပြင် နာ ကျင်တာ၊ မူးဝေတာတွေပါ ခံစားရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
◘ ဗိုက်ထဲက ကြားရသောအသံ
အစာအိမ်နဲ့အူလမ်းကြောင်း အပေါ် ပိုင်းက ကြားရတဲ့အသံဟာ အများအား ဖြင့် အစာမရှိတာကြောင့်ပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း အလယ်ပိုင်းနဲ့ အပေါ် ပိုင်းကလာတဲ့အသံကတော့ အူထဲမှာ အ ရည်နဲ့အငွေ့ ရှိနေတာကြောင့်ပါ။ ဗိုက်ထဲ က အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်၊ ပျို့အန်တယ်၊ ဗိုက် အောင့်ဗိုက်နာတယ် စတာတွေပါ ခံစားရ တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လို ပါတယ်။
◘ အဆစ်ထဲက ကြားရသောအသံ
အဆစ်တွေက အသံမြည်တာက တော့ ပုံမှန်ဖြစ်တာများလို့ စိုးရိမ်ဖို့ မလိုပါ ဘူး။ အဆစ်တွေကို အရည်ပါဝင်တဲ့ အိတ်ငယ်လေးတွေက မထိခိုက်အောင် ကာကွယ်ပေးထားပါတယ်။ အဆစ်တွေ လှုပ်ရှားလိုက်တဲ့အခါမှာ လေပူဖောင်း လေးတွေ ဖြစ်ပေါ်ပြီး အဲဒီလေပူဖောင်း လေးတွေပေါက်ကွဲတဲ့အခါ အသံထွက် ပေါ်လာပါတယ်။ အဆစ်ကအသံမြည် တယ်၊ နာကျင်ပြီး အဆစ်တွေလှုပ်ရှားမရ ဘူးဆိုရင်တော့ ထိခိုက်ဒဏ်ရာရတာ ဖြစ် နိုင်လို့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။
◘ မိန်းမကိုယ်မှ ကြားရသောအသံ
တချို့အမျိုးသမီးတွေမှာ ဖြစ်တတ် ပါတယ်။ မိန်းမကိုယ်ကနေ လေလည်နေ သလိုမျိုးပါ။ စိုးရိမ်ဖို့ မလိုပါဘူး။ မိန်းမ ကိုယ်ထဲမှာ လေတွေစုမိနေလို့ ဖြစ်တာ ပါ။
♦ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
