Did You Know???

ဆားလျှော့စားတာကြောင့် ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ အစာအိမ်ကင်ဆာနဲ့ ခေါင်း ကိုက်ဝေဒနာဖြစ်နိုင်ခြေတွေ လျော့နည်းသွားနိုင်တယ်ဆိုတာ သင်သိပါရဲ့လား?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတစ်ယောက်အတွက် တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ (ငါးဂရမ်)လောက်ကိုသာ အများဆုံး စားသုံးဖို့ သတ်မှတ်ပေးထားပါတယ်။ ဆိုဒီယမ်ကို ဆိုဒီယမ်ကလိုရိုက်လို့ ခေါ်တဲ့ စားပွဲတင်ဆားမှ အများဆုံးရရှိတာပါ။

ဆိုဒီယမ် ၄၀ ရာခိုင်နှုန်းနဲ့ ကလိုရိုက် ၆၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ နှလုံးအထူးကုဆရာဝန်တွေကတော့ သင့်မှာ သွေးဖိအားမြင့်တက်မှု မရှိနေရင်တောင် ဆားလျှော့ စားတာက အသက်အရွယ်ကြောင့် ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင်ခြေကိုပါ လျှော့ချနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဆား စားသုံးမှုများတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရေ ဓာတ်စုဆောင်းမှုများလာကာ လေပွတာနဲ့ ကိုယ်အလေးချိန်မြင့်တက်လာတာတွေပါ ဖြစ်လာနိုင်ပါတယ်။

 

♥ ရွှေမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *