စတီးဘောလ်ဘယ်ယာရင်ကွင်းတွင် ညပ်သဖြင့် လိင်တံဖြတ်ရလုနီးပါး ဖြစ်ခဲ့ရသူ

လည်ပတ်ရတဲ့စက်အစိတ်အပိုင်း တွေမှာ ချောမွေ့စွာလည်ပတ်စေဖို့ ထည့် သွင်းအသုံးပြုရတဲ့ စတီးလ်သတ္တုဘော လုံးတွေပါတဲ့ ဘယ်ယာရင်ကွင်းမှာ လိင် တံညပ်နေခဲ့တာကြောင့် လိင်တံဖြတ်ရလု နီးပါးဖြစ်ခဲ့ရတဲ့အမျိုးသားတစ်ဦးကို အ ရေးပေါ်ကုသကာ ကယ်တင်ပေးလိုက်ရ တယ်လို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သ တင်းတွေမှာ ဖော်ပြသွားခဲ့ပါတယ်။ အ သက် ၃၃ နှစ်အရွယ် အမည်မဖော်လို သူအမျိုးသားက လိင်သာယာမှုရဖို့ရာအ တွက် ဒီစတီးလ်ဘောလ်ဘယ်ယာရင် ကွင်းကို လိင်တံမှာစွပ်ထားခဲ့တာဖြစ်ပြီး ပြန်ဖြုတ်မရဖြစ်ခဲ့တာလို့သိရပါတယ်။ ကွင်းကို ပြန်မဖြုတ်နိုင်ဘဲ နှစ်ပတ်ကြာ တဲ့အထိ လိင်တံမှာစွပ်လျက်သားနေခဲ့ရ ပြီး လိင်တံက အလွန်ဆိုးရွားစွာ ရောင် ရမ်းနာကျင်လာခဲ့တာကြောင့် နယူးဒေလီ မြို့က UCMS & GTB ဆေးရုံရဲ့အ ရေးပေါ်ဌာနကို ရောက်လာခဲ့တာဖြစ်ပါ တယ်။ လိင်တံမှာ သွေးမလျှောက်တော့ဘဲ တစ်သျှူးတွေ ပုပ်ဆွေးမလာသေးခင် အချိန်မီဝိုင်းဝန်းဖယ်ရှားကုသပေးနိုင် လိုက်တာကြောင့် လိင်တံဖြတ်ရမယ့်ဘေး ကနေ သီသီလေးလွတ်မြောက်လာနိုင်ခဲ့ တာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါ တယ်။ စတီးလ်ဘောလ်ဘယ်ယာရင် ကွင်းကို ကျောက်ပြားဖြတ်တဲ့မော်တာလွှ စက်ဝိုင်းနဲ့ဖြတ်တောက်ဖယ်ရှားပေးခဲ့ ပြီးမှ ရောင်ကိုင်းနာကျင်နေတဲ့လိင်တံကို ဆက်ပြီးကုသမှုပေးခဲ့ရတယ်လို့ ဆရာ ၀န်တွေက ဆိုပါတယ်။ ဖယ်ရှားပေးပြီး နှစ်ရက်အကြာမှာပဲ လူနာရဲ့ လိင်တံက မူလအနေအထားအတိုင်း ပြန်ဖြစ်သွား ပြီး နာကျင်မှုတွေ သက်သာသွားခဲ့ တယ်လို့ ဆရာဝန်တွေ ကပြောကြားခဲ့ပါ တယ်။

(DM, 25.10.18) သံသာ

Post Author: Good Health Journal