ဆီးချိုဝေဒနာရှင်တို့အတွက် ထိခိုက်ဒဏ်ရာအသေးအဖွဲကအစ ဂရုစိုက်နည်း

ပုံမှန်လူတွေအတွက်ကတော့ ကုတ် ရာခြစ်ရာ၊ ရှရာ လိုမျိုး ထိခိုက်ဒဏ်ရာ အသေးစားလေးတွေကို ရေနဲ့ဆေးကြော ပြီး အနာကပ်ပလာစတာကပ်လိုက်ရုံနဲ့ အနာအမြန်ကျက်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ ဒီလိုမျိုး ထိခိုက်ဒဏ်ရာအသေးလေးတွေ ကို ပိုပြီး ဂရုစိုက်ကာ စောင့်ကြည့်ဖို့ လို အပ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ဆီးချို ရောဂါမရှိတဲ့သာမန်လူတွေထက် အနာ ကျက်နှုန်း အလွန်နှေးကွေးပါတယ်။ ဒဏ်ရာအသေးစားလေးတွေမှာတောင် မှ ရောဂါပိုးဝင်နိုင်ခြေ အလွန်မြင့်မားပါ တယ်။ ဒဏ်ရာအသေးစားကနေ ဒဏ်ရာ က တဖြည်းဖြည်း ကြီးလာကာ အလွန်ဆိုး ရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ် လာနိုင်ပါတယ်။ ဥပမာအားဖြင့် ခြေ ထောက်မှာ ပွန်းပဲ့ဒဏ်ရာရရုံနဲ့ အနာကြီး ဖြစ်လာကာ ဆီးချိုရောဂါရှိသူ ၁၅ ရာခိုင်နှုန်းခန့်မှာ ခြေထောက်ဖြတ် တောက်ရတဲ့အထိ အခြေအနေဆိုးရွား နိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် ခုခံအားစနစ် တွေ လျော့နည်းနိုင်ပြီး အနာကျက်ဖို့ အချိန်အတော်ယူရနိုင်ပါတယ်။ သွေးထဲ မှာ သကြားဓာတ်တွေ မြင့်တက်နေတာ ကြောင့်လည်း သွေးဖြူဥရဲ့ လုပ်ငန်း ဆောင်တာတွေ ပျက်စီးယိုယွင်းလာပြီး ဘက်တီးရီးယားတွေကို တွန်းလှန်နိုင် စွမ်းလျော့နည်းသွားတတ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကို မထိန်းသိမ်းနိုင်တာကြောင့် သွေးလှည့်ပတ်မှုဟာလည်း နှေးကွေးသွားနိုင်ပါတယ်။ သွေးလှည့် ပတ်မှုနှေးကွေးသွားတဲ့အတွက် သွေးနီ ဥရွေ့လျားမှု နှေးကွေးသွားတာကြောင့် အနာဆီကို အောက်ဆီဂျင်နဲ့ အာဟာရ ဓာတ်တွေ ရောက်ရှိဖို့ ခက်ခဲသွားပါ တယ်။ ဒီဖြစ်စဉ်ကြောင့် အနာကျက် နှုန်းနှေးတာ ဒါမှမဟုတ် အနာမကျက်တာ တွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရဲ့ ဆိုးကျိုး ဖြစ်တဲ့ အာရုံကြောပျက်စီးတဲ့အခြေအနေ ကြောင့် အနာက နာလို့နာမှန်းတောင် မသိတော့ဘဲ ကြီးသထက်ကြီးလာကာ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကုတ်ရာ၊ ခြစ်ရာ၊ ရှရာလိုမျိုး ဒဏ်ရာအ သေးအဖွဲလေးတွေကို အောက်ပါအတိုင်း ဂရုစိုက်သင့်ပါတယ်။

♥ အနာကို သန့်စင်ပါ၊ အမြဲတမ်း စစ်ဆေးပါ
ဒဏ်ရာတစ်ခုရလာရင် အဲဒီဒဏ်ရာ ကို သေသေချာချာ သန့်စင်ပါ။ ဒါမှ ရော ဂါပိုးဝင်ရောက်နိုင်ခြေနည်းပြီး အနာ ကျက်နှုန်း ကောင်းမှာပါ။ ရေဘုံပိုင်က ထွက်လာတဲ့ ရေ(ရေပန်း)နဲ့ အနာပေါ်ကို တိုက်ရိုက်ဆေး ကြောပါမှ အနာထဲမှာ ၀င်ရောက်နေတဲ့ ဖုန်တွေ၊ ဘက်တီးရီးယားတွေ၊ အညစ် အကြေးတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်ပါ တယ်။ အသုံးပြုမယ့်ရေက သန့်စင်မှုမရှိ ရင် ရေနွေးကို အအေးခံပြီး အသုံးပြုပေးပါ။ ပြီးရင် သန့်စင်တဲ့ မျက်နှာသုတ်ပ ၀ါနဲ့ အနာပေါ်ကို အသာအယာသုတ်ပေး ပါ။ အဲဒီနောက် အနာပေါ်ကို ပိုးသတ် ဆေးခရင်မ်ထူထူသုတ်လိမ်းကာ အနာ ကို ပတ်တီးနဲ့ဖုံးအုပ်လိုက်ပါ။ အနည်းဆုံး တစ်နေ့ နှစ်ကြိမ် သုံးကြိမ်ခန် Dressing ပြုလုပ်ပါ။ Dressing ပြုလုပ်တဲ့အခါ အနာ နေရာမှာ ရောဂါပိုးဝင်ရောက်မှု ရှိ မရှိ စစ်ဆေးပါ။ အနာရင်းတာ၊ ပြည်တည်တာ တွေ တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသ ပြီး ကုသမှုခံယူပါ။

♥ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ
ကုတ်ရာခြစ်ရာ၊ ရှရာဒဏ်ရာတွေထဲ ကို ရောဂါပိုးဝင်ရောက်နိုင်ခြေနည်း အောင် သွေးတွင်းသကြားဓာတ်ကို ထိန်း ချုပ်နိုင်ဖို့ကလည်း အလွန်အရေးကြီးပါ တယ်။ သွေးတွင်းသကြားဓာတ် အလွန် မြင့်မားနေရင် အနာကျက်နှုန်းနှေးကွေး ပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေ အလွန် မြင့်မားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပလတ်စ တစ်ဆာဂျရီဌာနက ပြုလုပ်တဲ့ လေ့လာမှု အရ ခွဲစိတ်ခံရမယ့်ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ခွဲစိတ်ခံရမယ့်အချိန်မှာ သွေး တွင်းသကြားဓာတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ရင် အနာကျက်နှုန်း မြန်ဆန်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ဘယ်လိုအနာမျိုးပဲရှိရှိ သွေး တွင်းသကြားဓာတ်ကို ကောင်းမွန်စွာ ထိန်းချုပ်ပါ။ ဆီးချိုဝေဒနာရှင်တွေ စားသုံးနိုင်တဲ့ အစားအသောက်မျိုးကိုသာ ရွေးချယ်စားသုံးပြီး နေ့စဉ် မိနစ် ၃၀ ခန့် ကာယလှုပ်ရှားမှု ပြုလုပ်ပါ။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချို ထိန်းဆေးတွေကို နေ့စဉ်မပျက်မကွက် သောက်ပါ။

♥ ပျားရည်အသုံးပြုပါ
ဆီးချိုရောဂါရှင်တွေရဲ့ အနာအတွက် ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ပျားရည်ဟာ အနာကျက်နှုန်းကို မြန်ဆန် စေနိုင်ပါတယ်။ ဒါ့အပြင် အနာကို အစို ဓာတ်ရရှိစေပြီး သန့်စင်စေနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက အနာကျက်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် ပျား ရည်က ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျ နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က အာယုဆေး တက္ကသိုလ်ဂျာနယ်ရဲ့ လေ့လာမှုအရ ပျားရည်အသုံးပြုတာက အနာကြောင့် ခြေထောက်ဖြတ်ရနှုန်း လျော့ကျနိုင်ပြီး အနာကျက်နှုန်း ကောင်းမွန်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အနာထဲက ဖုန်တွေ၊ ပိုးမွှားတွေ၊ အညစ်အကြေးတွေ သန့်စင်အောင် ရေ နဲ့ အရင်ဆေးကြောပါ။ အနာပေါ်မှာ ပျားရည်သုတ်လိမ်းပြီး ပတ်တီးစည်းထားပေးပါ။ တစ်နေ့ကို သုံးကြိမ်ခန့် ပတ်တီး လဲ ပေးပါ။

♥ ရှားစောင်းလက်ပပ် အသုံးပြုပါ
ဆီးချိုရောဂါရှင်တွေရဲ့ အနာအတွက် ရှားစောင်းလက်ပပ်ကို အသုံးပြုနိုင် ပါတယ်။ သူ့မှာ အကိုက်အခဲပျောက်စေတဲ့ နာကျင်မှုသက်သာစေနိုင်တဲ့ ဂုဏ်သတ္တိ တွေရှိပါတယ်။ အနာအတွင်း အစိုဓာတ် ရရှိစေတာကြောင့်လည်း အနာကျက်နှုန်း မြန်ဆန်စေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အရွက်ကို ဓား နဲ့လှီးဖြတ်ပြီး အတွင်းက အနှစ်ကို ထုတ် ယူပါ။ ဒီဂျဲလ်ကို အနာပေါ်မှာ သုတ်လိမ်း ပေးပြီး အခြောက်ခံထားပါ။အနာကို ရေနွေးနဲ့သန့်စင်ပြီး မျက် နှာသုတ်ပ၀ါနဲ့ တို့သုတ်ပေးပါ။ အနာကျက်တဲ့အထိ တစ်နေ့ကို အကြိမ်ကြိမ် လိမ်းပေးနိုင်ပါတယ်။

♥ နနွင်းအသုံးပြုပါ
နနွင်းဟာ သဘာဝပိုးသတ်ဆေး ဖြစ်တဲ့အတွက် ကုတ်ရာခြစ်ရာရှရာလို မျိုး အသေးအဖွဲဒဏ်ရာလေးတွေ အနာ ကျက်မြန်ဖို့ အသုံးပြုနိုင်ပါတယ်။ ဆီးချို ရောဂါရှင်တွေမှာလည်း ရောဂါပိုးမ၀င် ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကုတ်ခြစ်ဒဏ်ရာတွေပေါ်မှာ နနွင်း မှုန့်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ သွေး တိတ်စေနိုင်ပြီး အနာကျက်မြန်နိုင်ပါ တယ်။ စားပွဲဇွန်းတစ်ဝက်စာ နနွင်းမှုန့်ကို အုန်းဆီနဲ့ ပျစ်ပျစ်ဖျော်ပြီး အနာပေါ်မှာ တစ်နေ့ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် လိမ်းပေးနိုင်ပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ နနွင်း မှုန့်ကို နွားနို့ပူပူတစ်ခွက်နဲ့ ရောစပ်ပြီး အိပ်ရာမ၀င်ခင် သောက်သုံးပေးပါ။

♥အုန်းဆီအသုံးပြုပါ
အုန်းဆီဟာ ဆီးချိုရောဂါရှင်တွေ အတွက် အနာကျက်ဖို့ ထိထိရောက် ရောက်ကူညီနိုင်ပါတယ်။ သူရဲ့ ဘက်တီး ရီးယားတွေကို သေစေနိုင်တဲ့ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို လျော့စေနိုင်တဲ့ဂုဏ်သတ္တိ၊ အစိုဓာတ်ရရှိစေပြီး အနာကျက်မြန်နိုင် တဲ့ ဂုဏ်သတ္တိတွေကြောင့်ပါ။ ရောဂါပိုး မ၀င်ရောက်အောင် ကာကွယ်ပေးနိုင်ပြီး အမာရွတ်မဖြစ်အောင်လည်း ကူညီပေး ပါတယ်။ အနာနေရာကို အုန်းဆီသုတ်လိမ်း ပေးပါ။ ပြီးရင် အစိုဓာတ်တွေ အငွေ့ပြန် မထွက်အောင် ပတ်တီးစည်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ် အသုံးပြုနိုင်ပါတယ်။

♥ သံလွင်ဆီအသုံးပြုပါ
သံလွင်ဆီမှာ အိုမီဂါသရီး ဖက်တီး အက်စစ်တွေ များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အနာ ကျက်နှုန်းကို မြန်ဆန်စေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာမှုအရ သံလွင် ဆီကို စားသုံးတာက အပူလောင်ဒဏ်ရာ ကြောင့်ဖြစ်တဲ့အနာတွေကို ပျောက်ကင်း နိုင်တဲ့စွမ်းအား ပိုမိုမြင့်တက်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဟင်းချက်ရာမှာ သံလွင်ဆီကို အသုံး ပြုပြီး ချက်ပြုတ်ပါ။

♥ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားပါ
ဆီးချိုရောဂါရှင်တွေအတွက် သွေး တွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ အ နာကျက်နှုန်း မြန်ဆန်စေဖို့အတွက် အစားအသောက်စားသုံးတာက အဓိက နေရာကနေ ပါဝင်ပါတယ်။ ပရိုတင်းပါဝင်မှုမြင့်မားပြီး ကာဗို ဟိုက်ဒရိတ်နဲ့ ကယ်လိုရီပါဝင်မှုနည်းကာ အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပေးရပါမယ်။ ပရိုတင်းကို လုံလုံလောက်လောက် ရပါမှ ပျက်စီးနေတဲ့ အရေပြားနဲ့တစ်သျှူး တွေကို ပြန်လည်ပြုပြင်နိုင်မှာပါ။ ပဲအမျိုး မျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်း များစွာ ပါဝင်တာမို့ စားသုံးပေးပါ။ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် အီး ကြွယ်ဝတဲ့အစားအစာ တွေကို စားသုံးပေးပါ။ သူတို့က ခုခံအား စနစ်ကို မြှင့်တင်ပေးနိုင်တဲ့အတွက် ရော ဂါပိုးတွေကို တွန်းလှန်နိုင်ပြီး အနာကျက် နှုန်းတွေကို မြန်ဆန်နိုင်ပါတယ်။ လိမ္မော် သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီနဲ့ အနီ ရောင်ငရုတ်ပွတွေမှာ ဗီတာမင် စီ များစွာ ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာလိုမျိုး အမျှင်ဓာတ်များတဲ့ အစားအစာတွေ စား သုံးပေးပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီတွေကို အသုံးပြုပါ။ ဘယ်အစားအစာတွေကိုပဲ စားသုံး ပါစေ၊ စားသုံးတဲ့ပမာဏကို ဂရုစိုက်ရပါ မယ်။ တစ်နေ့ကို အစာကြီး နှစ်ကြိမ်၊ သုံး ကြိမ်စားမယ့်အစား အစာပမာဏနည်း နည်းနဲ့ ငါးကြိမ်ခြောက်ကြိမ်လောက် စား ပေးပါ။

Tips!

♦ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။ အထူးသဖြင့် အိမ်ထဲမှာတောင် ဖိနပ် စီး ထားသင့်ပါတယ်။
♦ ဖိနပ်စီးခါနီးမှာ သင့် ဖိနပ်ထဲမှာ ကျောက်ခဲတွေ၊ အမှိုက်စတွေ ရှိ မရှိ စစ် ဆေးပါ။
♦ ကြွက်နို့တွေ၊ အသားမာတွေကို မိမိ ဘာသာမိမိ မဖယ်ရှားပါနဲ့။
♦ အညိုအမည်းဒဏ်ရာနဲ့ ရောင်ရမ်း တာတွေ ရှိနေရင် ရေခဲကပ်ပေးပါ။
♦ အနာကို ပွန်းမိစေနိုင်တဲ့အ၀တ်အ စားမျိုး၊ ဖိနပ်မျိုး မ၀တ်ဆင်ပါနဲ့။
♦ အနာဖေးကို မဖဲ့ပါနဲ့။ မဆွပါနဲ့။
♦ ဆေးလိပ်မသောက်ပါနဲ့၊ အရက် မသောက်ပါနဲ့။ သူတို့ကြောင့် အနာကျက် နှုန်းနှေးကွေးနိုင်ပါတယ်။
♦ အနာကျက်နှုန်းကောင်းအောင် ပရို တင်းပါဝင်တဲ့အစားအစာတွေ များများ စားသုံးပေးပါ။
♦ ခန္ဓာကိုယ်နဲ့ အရေပြားမှာ အစို ဓာတ်ရရှိအောင် ရေများများသောက်ပေး ပါ။
♦ အိပ်ရာမ၀င်ခင် ညတိုင်း သင့်ခြေ ထောက်တွေမှာ အရည်ကြည်ဖု၊ ခြစ်ရာ ကုတ်ရာရှရာဒဏ်ရာတွေ ရှိ မရှိ စစ်ဆေး ပါ။
♦ မိမိခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်သာ ရွေးချယ်ပြီး စီးပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *