Single တစ်ယောက်ရဲ့ Valentine

ဗယ်လင်တိုင်းနေ့ဟာ ချစ်သူများနေ့ ဆိုတာကို လူတိုင်းနီးပါး သိပြီးဖြစ်ပါ တယ်။ ဒီတော့ Valentine’s Day မှာ တစ်ယောက်တည်းဖြစ်တာလောက် စိတ် ဆင်းရဲစရာ မရှိဘူးလို့ တွေးမိနိုင်ပါတယ်။ မှန်လားဆိုရင် မှားပါတယ်။ ချစ်သူတွေဆို တာ တကယ်တော့ သူစိမ်းနဲ့ချစ်ခင် မြတ်နိုးမှု တစ်ခုတည်းကို ခေါ်တာ မဟုတ်ပါဘူး။ မိသားစုဝင်တွေ၊ မိတ်ဆွေ တွေ၊ သူငယ်ချင်းတွေ၊ နောက်ဆုံး အိမ် မွေးတိရစ္ဆာန်လေးတွေ အပေါ်မှာလည်း ချစ်ခင်ကြောင်း ပြသနိုင်ပါတယ်။ ကိုယ် ချစ်တဲ့သူတွေအပေါ် ချစ်တာကတော့ ဗယ်လင်တိုင်းနေ့မှ မဟုတ်ပါဘူး၊ အမြဲ တမ်းချစ်တာပါ။ ဗယ်လင်တိုင်းနေ့ဆို တာကတော့ နေ့ထူးတစ်နေ့အနေနဲ့ သတ်မှတ်လိုက်တာပါပဲ။
တကယ်လို့ သင့်မှာ ချစ်သူမရှိဘူး ဆိုရင်၊ ဗယ်လင်တိုင်းနေ့ကို တစ်ယောက် တည်း စိတ်ကြိုက်ဖြတ်သန်းလည်း ရပါ တယ်။ ချစ်သူမရှိတော့ ချစ်သူရှိလို့ ရတဲ့ ဒုက္ခတွေ မရှိတော့ဘူးပေါ့။ Single လေးတွေရဲ့ ဗယ်လင်တိုင်းနေ့မှာ အား သာချက်တွေကတော့ –

(၁) ငွေကုန်ကြေးကျ မများတော့ပါဘူး
တစ်ယောက်တည်းမို့လို့ ငွေမကုန် တာလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ဗယ် လင်တိုင်းနေ့မှာ ချစ်သူကို ချစ်ကြောင်း ပြသဖို့ အထောက်အကူပြုပစ္စည်းတွေ၊ ရိုမန့်အတစ်ဆန်ဆန် အခင်းအကျင်းတွေ စတာတွေအတွက် ခေါင်းခြောက်စရာ မလိုသလို၊ ငွေကုန်စရာလည်း မလို တော့ပါဘူး။

(၂) စိတ်တိုင်းမကျမှာ မစိုးရိမ်ရတော့ဘူး
ဒါကတော့ မျှော်လင့်ထားသလို ဗယ်လင်တိုင်းနေ့က မပျော်ရွှင်ရဘူး၊ မရို ရဘူးဆိုရင် စိတ်ပျက်တာ၊ စိတ်တိုင်းမကျ ဖြစ်တာမျိုး ဖြစ်စရာ မလိုတော့ပါဘူး။ ဗယ်လင်တိုင်းနေ့မို့ ချစ်သူကို ပျော် အောင်လုပ်ပေးချင်ပေမယ့် အခွင့်အ လမ်းမသာလို့ မလုပ်ပေးနိုင်တာတွေ ကြောင့်လည်း စိတ်ညစ်စရာ မလိုတော့ ပါဘူး။

(၃) သင့်ကိုယ်သင် ချစ်ကြောင်း ပြနိုင်ပါ တယ်
ဗယ်လင်တိုင်းနေ့မှာဆိုရင် ဘယ် ရှော့ပင်းစင်တာပဲသွားသွား လှလှပပ ထုပ်ပိုးထားတဲ့ ချော့ကလက်တွေ၊ သကြားလုံးတွေ၊ အရုပ်တွေရှိနေမှာမို့ သင်နှစ်သက်တာတွေ့ရင် စိတ်တိုင်းကျ ကိုယ့်အတွက် ကိုယ်ဝယ်ပေးနိုင်ပါတယ်။ ချော့ကလက်တစ်ဘူးလုံးကို ကိုယ့်စိတ် ကြိုက်တိုင်းကျ စားနိုင်မယ်၊ ဘယ်သူနဲ့မှ ခွဲဝေပြီး စားစရာမလိုတော့ပါဘူး။ သင်လို ချင်နေတဲ့ ပစ္စည်းတစ်ခုခုဝယ်ဖို့ဆုံးဖြတ်ထားတာရှိရင် ဗယ်လင်တိုင်းနေ့မှာ ကိုယ့် အတွက်ကိုယ်ချစ်ကြောင်းပြတဲ့အနေနဲ့ ဝယ်ပေးနိုင်ပါတယ်။

(၄) လွတ်လပ်ခွင့်ရှိပါတယ်
ချစ်သူရှိနေလို့ ချစ်သူအားမယ့် အချိန်ကို စောင့်နေရတာမျိုး လုပ်စရာ မလိုတော့ပါဘူး။ သင်အပြင်သွားချင် တဲ့အချိန် လှလှပပလေး ပြင်ဆင်ပြီး ထ သွားလိုက်ရုံပါပဲ။ Single သူငယ်ချင်း တွေနဲ့ အုပ်စုဖွဲ့ပြီး အပြင်လျှောက်လည် မလား၊ တစ်ယောက်တည်းပဲ Sစa သွား လုပ်ပြီး အပန်းဖြေမလား၊ ရှော့ပင်းထွက် မလား၊ သီချင်းသွားဆိုမလား၊ တစ်နေ ကုန် ရုပ်ရှင်ထိုင်ကြည့်မလား စသဖြင့် တစ်နေကုန် ဘာမဆို ကိုယ့်စိတ်တိုင်းကျ ဗယ်လင်တိုင်းနေ့ကို celebrate  လုပ်နိုင် ပါတယ်။ သင်ဟာ အားကစားလုပ်ရတာ ဝါသနာပါသူဆိုရင်လည်း ရေသွားကူး တာ၊ လမ်းလျှောက်ထွက်တာတွေ လုပ် နိုင်ပါတယ်။

(၅) သင်တစ်ယောက်တည်းမဟုတ်ပါဘူး
ဗယ်လင်တိုင်းနေ့ကို တစ်ကိုယ် တည်း celebrate လုပ်တာ သင် တစ် ယောက်တည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကိုယ် တခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်တာ ကို ရှောင်ပါ။ Relationship ရှိနေသူ တိုင်းဟာလည်း ပျော်ရွှင်နေကြတာ မဟုတ်ပါဘူး။ သင်ရဲ့ပျော်ရွှင်မှုက သင့် လက်ထဲမှာပဲ ရှိတာဖြစ်ပြီး သင့်ကိုယ်သင် ချစ် တတ်ဖို့က ဘ၀ရဲ့ အဓိက အနှစ်သာ ရပဲ ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.