ခန္ဓာကိုယ်က ဗီတာမင် ဒီ ကို ရရှိ ဖို့အတွက် နေရောင်ခြည်နဲ့ ထိတွေ့ဖို့ လို အပ်ပါတယ်။ တစ်ဖက်ကလည်း နေ ရောင်ခြည်နဲ့ ထိတွေ့တာကြောင့် အသားမည်းတာ၊ မှဲ့ခြောက်တင်းတိပ် တွေ ဖြစ်တာအပြင် မှဲ့ကင်ဆာပါ ဖြစ်လာ နိုင်တာမို့ နေရောင်ကာလိမ်းဆေး (Sunscreen)ကို အသုံးပြုဖို့ အကြံပေး ထားပါတယ်။Sunscreen နဲ့ပတ်သက် ပြီး အယူအဆတွေ အမျိုးမျိုးရှိတဲ့အထဲ က အမှန်နဲ့အမှားတွေကို ခွဲခြားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ SPF30 ပါဝင်တဲ့Sunscreen တွေက SPF15 ပါဝင်တဲ့Sunscreen တွေထက် ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင် စွမ်း နှစ်ဆပိုများပါတယ်။
မှားပါတယ်။
SPF 30 ပါဝင်တဲ့ Sunscreen တွေက SPF 15 ပါဝင်တဲ့ Sunscreen ရဲ့ ပါဝင်ပစ္စည်း နှစ်ဆဖြစ်နေတာမို့ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်စွမ်း နှစ်ဆပိုများတယ်လို့ လူအများထင်မှတ် ကြတာက မှားပါတယ်။ SPF 15 ပါဝင် တဲ့ပစ္စည်းက ခရမ်းလွန်ရောင်ခြည်ရဲ့ ၉၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပြီးSPF 30 က ၉၇ ရာခိုင်နှုန်း၊SPF 50 က ၉၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။
၂။ တိမ်ထူထပ်တဲ့နေ့တွေမှာ Sunscreenမလိုအပ်ပါဘူး။
မှားပါတယ်။
တိမ်တွေထူလွန်းလို့ နေရောင်ကို လုံးဝမမြင်ရရင်တောင်မှ Sunscreenကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ရဲ့ ၈၀ ရာခိုင်နှုန်းက တိမ်တွေကို အလွယ်တကူ ဖြတ်သန်းနိုင်တာကြောင့်ပါ။
၃။ အသားမည်းသူတွေက နေလောင်နိုင် ဖို့ အခွင့်အလမ်းမရှိပါဘူး။
မှားပါတယ်။
သင့်အသားအရောင်က နေလောင် နိုင်တာ မလောင်နိုင်တာကို မခွဲခြားနိုင် ပါဘူး။ နေရောင်နဲ့ ထိတွေ့မှုများတာ ကြောင့် လူတိုင်း နေလောင်ဒဏ်ခံရနိုင် ပါတယ်။ အသားမည်းသူတွေက အသား ဖြူသူတွေလောက် နေလောင်ဒဏ်ရာ ကြောင့်ဖြစ်တဲ့ အသားနီရဲနေတာကို အလွယ်တကူ မမြင်ရနိုင်တာကြောင့်ပါ။
၎။ ရုံးတွင်းနေထိုင်သူတွေက Sunscreen မလိုအပ်ပါဘူး။
မှားပါတယ်။
ရုံးအများစုရဲ့ ပြတင်းပေါက်တွေက မှန်တွေကာထားတတ်ကြပါတယ်။ ခရမ်း လွန်ရောင်ခြည်က မှန်တွေကနေ အလွယ် တကူ ဖြတ်သန်းနိုင်တဲ့အတွက် ရုံးထဲမှာပဲ နေနေ၊ ကားပဲစီးစီး Sunscreen ကို တော့ မဖြစ်မနေ လိမ်းသင့်ပါတယ်။
၅။ Sunscreen လိမ်းတာကြောင့် ဗီတာ မင် ဒီ ချို့တဲ့နိုင်ပါတယ်။
မှားပါတယ်။
Sunscreen က ခရမ်းလွန်ရောင် ခြည်တွေကို စစ်ထုတ်နိုင်ပေမယ့် သင့်ကို ဗီတာမင် ဒီ ချို့တဲ့အောင် ပြုလုပ်နိုင် တယ်လို့ ဘယ်သုတေသနကမှ သက် သေမပြနိုင်သေးပါဘူး။ ဒါ့အပြင် ဗီတာမင် ဒီ ပါဝင်မှုများတဲ့အစားအစာတွေ အများကြီးရှိတဲ့အတွက် အဲဒီအစားအ စာတွေကို စားနေသရွေ့ ဗီတာမင် ဒီ ချို့ တဲ့မှာ မဟုတ်ပါဘူး။
၆။ Sunscreen ပါးပါးလေးသာ လိမ်း ဖို့ လိုအပ်ပါတယ်။
မှားပါတယ်။
Sunscreen ပါးပါးလေးလိမ်းတာ က ထိရောက်မှုမရှိပါဘူး။ Sunscreen ကို သင့်ခန္ဓာကိုယ်ပေါ် လက်ဖက်ရည်ဇွန်း ငါးဇွန်းစာပမာဏနဲ့ မျက်နှာပေါ်ကို လက် ဖက်ရည်ဇွန်း တစ်ဝက်စာ ပမာဏ လိမ်း ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားပါတယ်။ အိမ်ပြင်မ ထွက်ခင် ၁၅ မိနစ်အလိုမှာ Sunscr-een လိမ်းထားဖို့လည်း အကြံပေးထားပါ တယ်။
၇။ တစ်နေ့တစ်ကြိမ် Sunscr-een သုံး ရုံနဲ့တင် လုံလောက်ပါပြီ။
မှားပါတယ်။
Sunscreen ရဲ့ ကာကွယ်နိုင်စွမ်း က ခေတ္တခဏသာ ခံပါတယ်။ နှစ်နာရီ တစ်ခါ ပြန်လည်အသုံးပြုဖို့ လိုအပ်ပါ တယ်။
၈။ Sunscreen ဖျန်းဆေးက အကောင်းဆုံးပါ။
မှားပါတယ်။
ဖျန်းဆေးကို အသုံးပြုရတာ သက် သောင့်သက်သာရှိပြီး ခြောက်သွေ့လွယ် တဲ့အတွက် အကောင်းဆုံးလို့ ထင်ကြ ပေမယ့် သူ့ကို အသုံးပြုတဲ့အခါ အရေ ပြားပေါ်မှာ အလွှာပါးပါးလေးသာ တင် နေတာမို့ ထိရောက်မှုသိပ်မရှိလှပါဘူး။
၉။Water-proof Sunscreen က အသုံးအတည့်ဆုံးပါ။
မှားပါတယ်။
Water-proof Sunscreen တွေ က ရေကြောင့် မပျက်ပျယ်သွားနိုင်ပေမယ့် ရေကူးအပြီး ဒါမှမဟုတ် ရေချိုးအပြီးမှာ တော့ Sunscreen ပြန်လည်အသုံးပြုဖို့ လိုအပ်ပါတယ်။
◘ ဒေါက်တာခင်မိုးမိုး