ဒီနွေအတွက် Calamine

ကယ်လမင်းပန်းရောင်ဆေးရည်ဆိုတာကို ငယ်ငယ်ကတည်းက အကျွမ်းတဝင်ရှိဖူးကြပါတယ်။ အရေပြားယားယံတာ အတွက် အလွယ်တကူလိမ်းနိုင်တဲ့ ဆေးရည်တစ်မျိုးဖြစ်ပါတယ်။ အကောင်ကိုက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက် ပေါက်တာ၊ နှင်းခူ၊ နေလောင်ဒဏ် စတာတွေကြောင့် အရေပြားယားယံတဲ့အခါ အသုံးပြုတာများပါတယ်။ နွေရာသီရဲ့ အပူရှိန်ကြောင့် မကြာခဏ ယားယံတတ်သူဆိုရင် ဆောင်ထားဖို့ လိုပါတယ်။ ဘယ်လိုအသုံးပြုရမလဲ – – လေဘယ်မှာကပ်ထားတဲ့အညွှန်းအတိုင်း ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အသုံးပြုတာက အကောင်းဆုံး ရလဒ်ကို ပေးမှာပါ။ – အသုံးပြုမယ့် အရေပြားတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး အရင်သန့်စင်ပါ၊ ခြောက်အောင်သုတ်ပါ။ ပြီးမှ အသာအယာ လိမ်းပါ။ – ဆေးလိမ်းပြီးရင် လက်ကို ဆပ်ပြာနဲ့ ရေပြန်ဆေးပါ။ – အဝတ်အထည်ပွပွချောင်ချောင် ဝတ်ထားလို့ရပါတယ်၊ ဆေးလိမ်းပြီး အပေါ်က အရမ်းကျပ်တဲ့ အဝတ်တွေမဝတ်ပါနဲ့။ ကယ်လမင်းက […]