“V” Shape လိုချင်လား

ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်မှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေဟာ ပြောင်းလဲလာပါတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုပေမဲ့ ယနေ့ခေတ်မှာတော့ သင်လိုချင်တဲ့ ပုံစံကို ခေါင်းစ ခြေဆုံး ပြောင်းလဲနိုင်နေပြီဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မိန်းကလေးတွေ ကြားရေပန်းစားနေတာက “V” Shape မျက်နှာပါ။ ဒီ စကားအသုံးအနှုန်းက ကိုရီးယားကနေ စတင်ခေတ်စားလာတာ ဖြစ်ပြီး တရုတ်ပြည်မှာတော့ “Melong Seed Face” (ဖရဲသီးစေ့ မျက်နှာ) လို့ ခေါ်ကြပါတယ်။ “V” Shape က ဘာလဲ ဗွီပုံသဏ္ဍန် မျက်နှာကျက asians အမျိုးသမီးတွေ ကြိုက်ကြတာများပါတယ်။ မျက်နှာပြင်က အချိုးညီညီနဲ့ ပြေပြစ်မှုရှိတာကို လှတယ်လို့ သတ်မှတ် ကြပါတယ်။ ဥပမာ – နှုတ်ခမ်းနဲ့ မေးစေ့ကြား အကွာအဝေးက နဖူးနဲ့ မျက်လုံးကြား အကွာအဝေး […]